ဂျပန်နိုင်ငံမှ တင်သွင်းသော ဆာကေး (SAKE) အမျိုးမျိုး မိတ်ဆက်ပွဲကျင်းပ

          Chatrium Hotel Royal Lake Yangon နှင့် Tat Tun Aung Co.,Ltd တို့ ပူးပေါင်း၍ ဂျပန်နိုင်ငံမှ တင်သွင်းသော ဆာကေး (Sake) အမျိုးမျိုး မိတ်ဆက်ပွဲအခမ်းအနားကို Chatrium Hotel ရှိ Kohaku Japanese Restaurant တွင် နိုဝင်ဘာလ ၉ ရက် ညနေ ၆ နာရီခွဲမှ ည ၉ နာရီခွဲအထိ ကျင်းပခဲ့သည်။

          ထိုပွဲတွင် Chatrium Hotel ၏ Executive Committee ဝင် တစ်ဦးဖြစ်သည့် Mr. Prachaya Puengpanich က  အဖွင့်မိတ်ဆက်စကားပြောကြားခဲ့ပြီး Tat Tun Aung Co.,Ltd မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုကြည်ချမ်းကလည်း Sake အမျိုးအစား အရသာများအကြောင်းကို “ဂျပန်အရက်လို့ပြောရင် ဆာကေး (Sake) နဲ့ ဆိုချူ (Shochu) ဆိုပြီး နှစ်မျိုးရှိပါတယ်။ Sake လို့ ပြောလို့ရှိရင်တော့ ရေရယ်၊ ဆန်ရယ် အဲဒီနှစ်မျိုးမပါရင် Sake မဖြစ်ဘူး။ အဲဒီနှစ်မျိုးပါတဲ့ဟာကို Sake လို့ ခေါ်တယ်။ Shochu ကျတော့ အဲဒီလို မဟုတ်တော့ဘူး။ အမျိုးမျိုးထုတ်တယ်။ Shochu က ထုတ်တဲ့ အမျိုးအစားတွေက ကန်စွန်းဥ၊ အာလူး၊ ဘာလီ၊ ဂျုံ အစရှိတဲ့ အမျိုးအစား ၅၀ လောက်ရှိတယ်။ အဲဒီကနေ ထုတ်တဲ့ဟာကိုမှ Shochu လို့ ခေါ်တယ်။

          ကန်စွန်းဥတို့၊ အာလူးတို့ကျတော့ ကစီဓာတ်ပါတယ်။ ပေါင်းခံတဲ့နည်းလမ်းနဲ့ သူတို့ထဲမှာရှိတဲ့  အနံ့၊ အရသာကို  ဆွဲထုတ်တာဖြစ်ပါတယ်။ ဆန်မဟုတ်တဲ့ အရာတွေဖြစ်တဲ့ ကန်စွန်းဥ၊ အာလူးတို့ကို တစ်ကြိမ်ပေါင်းခံပြီး ထုတ်လိုက်တယ်။ ပထမဦးဆုံး တစ်ကြိမ်လုပ်ပြီး ထုတ်ထားတဲ့ Shochu က ဈေးအကြီးဆုံးဖြစ်ပါတယ်။ အကြိမ်ကြိမ်လုပ်ပြီး ထွက်လာတဲ့ အရက်ပါဝင်မှုနှုန်းမြင့်အောင် လုပ်ထားတဲ့ Shochu တွေကတော့ ဈေးပေါပါတယ်။ အရက်ပါဝင်မှုနှုန်းက Shochu မှာဆိုရင် ပျမ်းမျှအားဖြင့် ၂၀% ကနေ ၃၅% လောက်အထိ ရှိတယ်။

          Sake ကတော့ ဆန်က ထုတ်ထားတာဖြစ်ပြီး မိန်းကလေးတွေအတွက် မိတ်ဆက်ဖို့ဆိုရင်တော့ အရက်ပါဝင်မှုနှုန်း ၁၀.၅% လောက် ရှိမယ်။ အမှန်တကယ်က Sake က ပျမ်းမျှအားဖြင့် ၁၄% လောက်ကနေ ၁၅% လောက်ရှိတယ်။ အရက်ပါဝင်မှုနှုန်းပေါ် မူတည်ပြီးတော့ အရက်၊ ဘီယာ၊ Sake, Shochu က ဆိုပြီး ကွဲပြားသွားတာဖြစ်တယ်။ အရက် ပါဝင်မှုနှုန်းက ၁၀% လောက်က စပြီဆိုရင် Sake, ၂၀% လောက်က စပြီဆိုရင် Shochu လို့ သတ်မှတ်ကြပါတယ်” ဟု ရှင်းလင်းတင်ပြခဲ့ပါသည်။ Sake များကို Chatrium Hotel Royal Lake Yangon ရှိ Kohaku Japanese Restaurant တွင် စတင်ဝယ်ယူ သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။

အသေးစိတ်စုံစမ်းသိရှိလိုပါက-

Ph: +951 544500, Ext: 6287 သို့မဟုတ် [email protected] သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Facebook Comments