ခနော၏ ပထမဆုံးနှင့် အကြီးမားဆုံး ပရိုမိုးရှင်းအစီအစဉ်အား မြန်မာနိုင်ငံတွင် စတင်ပြုလုပ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ဇန်န၀ါရီလ ၃၁ ရက်နေ့အတွင်း ခနောမှ ကျပ်သိန်း ၁၀၀၀ နှင့် အခြားလက်ဆောင်ပစ္စည်း ၅ သန်းကျော် မဲဖောက်ပေးမည်

news_2 news_3

news_4 news_5

ခနော၏ ပထမဆုံးနှင့် အကြီးမားဆုံး ပရိုမိုးရှင်းအစီအစဉ်အား မြန်မာနိုင်ငံတွင် စတင်ပြုလုပ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ဇန်န၀ါရီလ ၃၁ ရက်နေ့အတွင်း ခနောမှ ကျပ်သိန်း ၁၀၀၀ နှင့် အခြားလက်ဆောင်ပစ္စည်း ၅ သန်းကျော် မဲဖောက်ပေးမည်

       Unilever Myanmar ၏ထုတ်ကုန်တစ်ခုဖြစ်သော ခနောမှ မြန်မာနိုင်ငံ၌ ပြုလုပ်မည့်၎င်း၏ အကြီးမားဆုံးကံစမ်းမဲပရိုမိုးရှင်းအစီအစဉ် မိတ်ဆက်ပွဲအား အောက်တိုဘာလ ၂၇ရက်နေ့တွင် Park Royal ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။”အနံ့အရသာအပြည့် ဆုကြီးတွေအပြည့်”အစီအစဉ်အား နိုဝင်ဘာလ ၁ရက်နေ့၊၂၀၁၅ခုနှစ်မှ ဇန်န၀ါရီလ ၃၁ရက်နေ့၊၂၀၁၆ ခုနှစ်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ခနောကြက်သားမှုန့် ၁၀၀ကျပ်တန် အထုပ်များဝယ်ရုံဖြင့် အကြီးဆုံးဆုမဲ ငွေကျပ်သိန်း၁၀၀ဆု ၁၀ဆုကို ပါဝင်ကံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် အခြားသောလက်ဆောင်ပစ္စည်း ၅.၅သန်းကျော်(Clear,Sunsilkနှင့် Signal ပစ္စည်းများ)ကိုလည်း ဆုမဲအဖြစ် ထည့်သွင်းပေးထားပါသည်။ခနောကြက်သားမှုန့်အသုံးပြုပြီး အရသာရှိသော ဟင်းလျာများချက်ပြုတ်စားသုံးရင်း စားသုံးသူများအား ဆုမဲပေါင်းများစွာ ပိုင်ဆိုင်စေလိုသော ရည်ရွယ်ချက်ဖြင့် ယခုအစီအစဉ်အား ကျင်းပပြုလုပ်ခြင်းလည်း ဖြစ်ပါသည်။

       လက်ဆောင်ပစ္စည်းပေါက်သော ဆုမဲပိုင်ရှင်များသည် ဆုမဲများကို နိုင်ငံတစ်ဝှမ်းလုံးရှိ ခနောပရိုမိုးရှင်းပိုစတာများ ကပ်ထားသော ခနောအရောင်းဆိုင် ၄၀၀၀တွင် လာရောက်ထုတ်ယူနိုင်ပါသည်။ကျပ်သိန်း ၁၀၀ဆုမဲပေါက်သူများအနေဖြင့် ခနောကြက်သားမှုန့်ထုပ်ထဲတွင် ပေးထားသော ဖုန်းနံပါတ်အား ခေါ်ဆိုကာ ဆုမဲကုဒ်နှင့်ပေါက်မဲအထုပ်တွင် ရေးထားသောအကြောင်းအရာများအားပြောပြနိုင်ရမည်ဖြစ်ပါသည်။ထို့နောက် သုံးပြီးသားအခွံအား ရန်ကုန်မြို့ Unilever ခနောရုံး၌ လာရောက်ပြသ၍ ကြက်သားမှုန့်ထုပ်အား မှန်၊မမှန် သေချာစွာ စစ်ဆေးပြီးနောက် ငွေကျပ်သိန်း၁၀၀ပေးအပ်ရုံတင်မကပဲ ဆုမဲပိုင်ရှင်နှင့်အတူ အဖော်တစ်ယောက်အတွက် ခရီးစရိတ်ပါ တာဝန်ယူဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

       “ဒီအစီအစဉ်ကို စားသုံးသူတွေအတွက် အလွယ်ကူဆုံးဖြစ်အောင် လုပ်ပေးထားပါတယ်။စားသုံးသူတွေက ၁၀၀ကျပ်တန်ကြက်သားမှုန့်ထုပ်ကို ဖွင့်ဖောက်ပြီး အထဲမှာ ဘယ်လိုဆုပေါက်မလဲ ကြည့်လိုက်ရုံပါပဲ၊စားသုံးသူအများအပြားကို တစ်ခုမဟုတ် တစ်ခု ပိုင်ဆိုင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆုမဲအများကြီး ထည့်သွင်းပေးထားတာပါ”ဟု Unilever Foods &Oral Care ၏ Seninor Brand Manager ဖြစ်သူ Lonneke Smit ကပြောပြခဲ့ပါသည်။”ခနောအနေနဲ့ ပြည်တွင်းမှာ လုပ်ဆောင်ခဲ့သမျှထဲမှာ ဒီအစီအစဉ်က အကြီးမားဆုံး ပရိုမိုးရှင်းအစီအစဉ်ဖြစ်ပါတယ်။မြန်မာနိုင်ငံတစ်ဝှမ်းလုံးကနေ ပေါ်ထွက်လာမယ့် ဆုမဲပိုင်ရှင်တွေနဲ့ တွေ့ဆုံခွင့်ရဖို့လည်း စိတ်လှုပ်ရှားနေပါတယ်။ခနောကြက်သားမှုန့်ကို အသုံးပြုပြီး မိမိတို့ရဲ့ မိသားစုပျော်ရွှင်အောင် ဖွယ်ဖွယ်ရာရာချက်ပြုတ်ပေးတဲ့ ခနောသုံးစွဲသူတွေအတွက် ထိုက်တန်တဲ့ဆုမဲများစွာ ပြန်လည်ပေးအပ်ချင်ပါတယ်။”ဟူ၍လည်း ဆက်လက်ပြောပြခဲ့ပါသည်။ခနော စားသုံးသူ အိမ်ရှင်မ ၃ဦးနှင့်၎င်းတို့၏ ချစ်စဖွယ်ကလေးငယ်များကလည်း ခနောအစီအစဉ်မိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး နာမည်ကျော်ပြည်တွင်းစားဖိုမှူးကြီးထံမှ ဟင်းချက်နည်းလမ်းများကိုလည်း လေ့လာခွင့်ရခဲ့ကြပါသည်။

       မိတ်ဆက်ပွဲအခမ်းအနားတွင် မစည်က ခနောကြက်သားမှုန့် အသုံးပြုကာ ဟင်းချက်လက်စွမ်းပြခဲ့ပြီးနောက် တက်ရောက်လာကြသော စာနယ်ဇင်းမှ မိတ်ဆွေများနှင့် ဧည့်သည်များကို မစည်မှ အနံ့အရသာပြည့်စုံသော သူမ၏လက်ရာ ကြက်သားဟင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

Facebook Comments