‘မြန်မာ့ရိုးရာအစားအစာနှင့်အာဟာရ’ မုန့်ဗိုင်းတောင့်

  ချစ်စွာသောစာရှုသူများရှင်-           အခုလ မြန်မာ့အစားအစာနဲ့ အာဟာရအခန်းမှာ တော့ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ မုန့်ပျားသလက်၊ မုန့်လုံးကြီး၊ မုန့်ဖက်ထုပ်စတဲ့ မြန်မာ့မုန့်ပဲ သရေစာများထဲက မုန့်ဗိုင်းတောင့်ရဲ့ အာဟာရတန်ဖိုးများအကြောင်း ကို တင်ပြမှာဖြစ်ပါတယ်။           မုန့်ဗိုင်းတောင့်မှာ အဖြူနဲ့ ပဲဆိုပြီး နှစ်မျိုးရှိပါတယ်။ အဖြူကတော့ သီးသန့် ....

မုန့်သြဇာ

              မုန့်သြဇာတဲ့ ဒီမုန့်လေးက အညာဒေသ အစားအစာလေးပေါ့။ အညာဒေသမှာ ပေါများလှတဲ့အရာဟာ ဘယ်အရာများ ဖြစ်နိုင်မလဲပေါ့နော်။ ဒီမုန့်လေးက ကုလားပဲနှစ်နဲ့ လုပ်ထားတဲ့ မုန့်လေးပါ။ ကျွန်မရဲ့အဖေက အညာသားစစ်စစ်လို့ ပြောခဲ့ဖူးပါပြီနော်။ ကျွန်မတို့ စံရိပ်ငြိမ်၊ ဓနုဖြူဒေါ်စောရီတစ်ဆိုင်လုံးဟာ အဖေ့ရဲ့ အညာဘက်က အမျိုးချည်းပဲလေ။ ဒီတော့ ....

မြန်မာ့ရိုးရာအစားအစာနှင့်အာဟာရ `ကောက်ညှင်းကင်´

  ချစ်စွာသောစာရှုသူများရှင်-       မိုးဖြိုင်ဖြိုင်ရွာတဲ့ ဇူလိုင်လမှာ ဘယ်လိုစားစရာလေးများရေးရပါမလဲလို့ စဉ်းစားရင်း တစ်ယောက်တစ် လက် ဝိုင်းဖွဲ့ပြုလုပ်စားသုံးနိုင်တဲ့ ‘ကောက်ညှင်းကင်’ ပြုလုပ်စားသုံးပုံများကို တင်ပြဖို့ဆုံးဖြတ်လိုက်ပါတယ်။       ကောက်ညှင်းကင်ကိုတော့ စာရှုသူများမြင်ဖူး ကြားဖူးကြမှာပါ။ သုံးထောင့်ပုံ တြိဂံပုံခေါက်ပြီး ခပ်ပြားပြားလေးထုပ်ထားတဲ့ ကောက်ညှင်းထုပ်လေးနှစ်ထုပ်ကို မျက်နှာချင်းအပ်ပြီး ဝါးညှပ်လေးနဲ့ညှပ်၊ ထိပ်ကကြိုးချည်ပြီး ကင်ထားတဲ့မုန့်ဖြစ်ပါတယ်။ ....

ကောက်ညှင်းဆီထမင်း

မြန်မာရိုးရာ အစားအစာနှင့် အာဟာရ ကောက်ညှင်းဆီထမင်း ——————————————————————– ချစ်စွာသောစာရှုသူများရှင်-      မြန်မာ့ရိုးရာအစားအစာနှင့်အာဟာရအခန်းကနေ ရာသီအလိုက်ပေါ်ထွက်လာတဲ့ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ မြန်မာ့မုန့်ပဲသရေစာများအကြောင်းကို တစ်လနဲ့တစ်ပတ် မအီမထပ်ရလေအောင် ရေးသား တင်ပြပေးနေတာဖြစ်ပါတယ်။      အခုလအတွက်တော့ မြန်မာ့ရိုးရာသရေစာမုန့် များစွာရှိတဲ့အထဲက ‘ကောက်ညှင်းဆီထမင်း’ ပြုလုပ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်းကို တင်ပြဖို့ စီစဉ်ထားပါတယ်။ ....

`မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ´ မုန့်ပျားသလက်

ချစ်စွာသောစာရှုသူများရှင်-           မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရအခန်းမှာ ဒီလအတွက်တော့ မြန်မာ့ရိုးရာစားစရာတစ်မျိုးဖြစ်တဲ့ ‘မုန့်ပျားသလက်’ ပြုလုပ်စားသုံးနည်းနဲ့ အာဟာရတန်ဖိုးများ အကြောင်းကို တင်ပြလိုပါတယ်။ မုန့်ပျားသလက်ကိုတော့ မြို့ပြဒေသများမှာထက် ကျေးလက်ဒေသများမှာ ပိုပြီးရင်းနှီး ကျွမ်းဝင်ရှိကြလိမ့်မယ်လို့ ထင်ပါတယ်။ မုန့်ပျားသလက်ဆိုတဲ့အတိုင်း ပျားအုံက ပျားသလက်လေးလို အပေါက်လေးတွေဖြစ် နေတာမို့ ‘မုန့်ပျားသလက်’လို့ ခေါ်တွင်ကြတာ ဖြစ်ပါတယ်။ ....