Health Benefits of Food သံပရာ (Healthy Recipe and Health Benefits of Lime)

by Syi Lwin for Food Magazine

သံပရာရဲ့ ရာဇဝင်ကို လေ့လာကြည့်မယ်ဆိုရင် ပထမဦးဆုံး အီရတ်တောင်ပိုင်းနှင့် Persia (ယခု အီရန်) နိုင်ငံတို့မှာ ကြီးကျယ်စွာ စိုက်ပျိုးပြီး ၁၉ ရာစုနှစ်မှာတော့ ကမ္ဘာအနှံ့ တင်ပို့လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ

သံပရာလို သံပရိုသီးကို ဗြိတိန်မှာ အစားထိုး စိုက်ပျိုးလာ ခဲ့ကြပါတယ်။ သံပရာ၊ သံပရိုတွေရဲ့ အဓိကဇာတိက

တော့ အိန္ဒိယနိုင်ငံဖြစ်ပြီး အာရေဗျ (Arabian) ကုန်သည် ကြီးတွေက စတင်ပြီး ရောင်းဝယ်ဖောက်ကားခဲ့တာ ဖြစ် ပါတယ်။ သံပရာသီးက အပင်၊ အရွက်၊ အပွင့်၊ အသီး အားလုံးအလွန်အသုံးဝင်ပါတယ်။ စိမ်းစိုတဲ့အရောင်ရှိပြီး မြင်တာနဲ့ လူကို လန်းဆန်းပျော်ရွှင်စေတဲ့ စိတ်ကို ဖြစ်စေ ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီလိုမျိုးမှာ ချွေး ထွက်သက်သာအောင်ပဲဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်ပဲ ဖြစ်ဖြစ် သံပရာသီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန် စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက်သာစေပါ

တယ်။ သံပရာသီးထဲမှာပါရှိတဲ့ ဂလူးကို့စ်နဲ့ သတ္တုဓာတ် တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ် ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါ

တယ်။ ဟင်းပွဲ၊ အချိုပွဲ၊ အအေး၊ ဖျော်ရည်တွေမှာ စူပါ အသီးတင်မကပါဘူး၊ ကျန်းမာရေးအတွက်လည်း သံပရာသီးက အများကြီး အထောက်အကူပြုသလို အလှ ကုန်ပစ္စည်းတိုင်းနဲ့ အိမ်သုံးပစ္စည်းတွေတိုင်းနီးပါးမှာ

လည်း သံပရာကို ပါဝင်ပြုလုပ်ကြတာကြောင့် ဆိုးကျိုး၊ ကောင်းကျိုးလေးတွေ လေ့လာနိုင်စေဖို့ ဒီလရဲ့ Health Benefits of Food မှာ Benefits of Lime article နှင့် အတူ Lime Icepopsicle လုပ်နည်းလေးကိုပါ ပူးတွဲ မျှဝေလိုက်ပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းသော အပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာ စိုက်ပျိုး နိုင်သော စိုက်ပျိုးပင်ဖြစ်ပြီး အပင်ငယ်ချုံပင်မျိုးဖြစ်သည်။ အကိုင်း၊ အခက်များ ဘေးသို့ကိုင်းဖြာပြီး ဆူးများရှိသည်။ အဖြူရောင် သို့မဟုတ် ပန်းနုရောင် အပွင့်ကလေးများ

ပွင့်၍ မွှေးကြိုင်သင်းပျံ့သော အနံ့အနည်းငယ်ရှိသည်။ နုစဉ်တွင် အစိမ်းရောင်ရှိ၍ မှည့်သည့်အခါ အဝါရောင်ရှိ သည်။ သံပရာသီးက ကျန်းမာရေးအတွက် အင်မတန် အံ့မခန်းဖွယ်ရာဖြစ်သည်။ သံပရာရည်သောက်သုံးခြင်း သည် ကျောက်ကပ် ကျောက်တည်ခြင်းကို ကာကွယ်ပေး သည့်နည်းလမ်းငါးခုထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။ သံပရာရည်အများအပြားသောက်သုံးခြင်းအားဖြင့် အစားအစာတွင် ပါဝင်သော ကယ်လ်စီယမ်၊ ပရိုတိန်းနှင့် ဆားဓာတ်ပမာဏများကို လျှော့ချပေးနိုင်ကြောင်း ယူစီ ဆန်ဒီယာဂိုကျောက်တည်ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာရိုဂါအယ်လ်ဆာက ပြောကြားသည်။ သံပရာ သီးနှင့် အထောက်အကူပြုနိုင်သော ကျန်းမာရေး

အကြောင်း လေ့လာမည်ဆိုလျှင်-

၁။       သံပရာရည်ကို သောက်ခြင်းအားဖြင့် မောပန်း နွမ်းနယ်မှုကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ်သော၊ အထူးသဖြင့် ဝမ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင် ပါသည်။

၂။       သံပရာရည်တွင် သကြားအနည်းငယ်ထည့်ပြီး များများသောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည် တို့ကို ပျောက်ကင်းစေပါသည်။

၃။       ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျှင် လတ်ဆတ်သော သံပရာရည်ကို သောက်ရပါမည်။

၎။       သံပရာရည်ကို သကြားခတ်၍သောက်ပါက ခန္ဓာ ကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေ အားနည်းခြင်းနှင့် ကိုယ်လက်အဆစ်အမြစ် ကိုက်ခဲ ခြင်းတို့ကို ပျောက်ကင်းစေပါသည်။

၅။       သံပရာရည်တွင် သကြားခတ်ပြီး နံနက်/ည တစ်ကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက် ကင်းစေပါသည်။

၆။       သံပရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက ထိုင်ထ လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ခနဲဖြစ်ခြင်း တို့ကို ပျောက်ကင်းစေပါသည်။

၇။       သံပရာသီးအစိမ်း၏ အခွံကို စားပေးပါက လေနာ၊ ရင်နာများ ပျောက်ကင်းစေပါသည်။

၈။       ယားနာ၊ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း၊ အမွေးများ ကျွတ်ခြင်းတို့ဖြစ်ပါက သံပရာခြမ်းနှင့် ပွတ်တိုက်ပေးရပါမည်။

၉။       သံပရာသီးသနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက်ကြီးသော ရောဂါကို ပျောက်စေပါသည်။

၁၀။     သံပရာရည်နွေးနွေးကို ပျားရည်နှင့် ရောစပ်ပြီး တစ်နေ့ နှစ်ကြိမ် လျက်ပေးပါက လည်ချောင်းနာခြင်းကို ပျောက်စေပါသည်။

၁၁။     သံပရာသီးတစ်လုံးကို မီးကျွမ်းအောင် ဖုတ်ပြီး လေးညှင်းပွင့် တစ်ပွင့်နှင့် ထည့်ကြိတ်၍ သွားဖုံးရင်း တွင် သိပ်ပေးလျှင် သွားကိုက်၊ သွားနာ ပျောက်ကင်း စေပါသည်။

၁၂။     သံပရာအခေါက်ကို နံနက်၊ ည တစ်ကြိမ်စီ ရေနှင့် ကျိုချက်ပြီး သောက်ပေးပါက အဖျား ပျောက်ကင်း စေပါသည်။

၁၃။     သံပရာဖျော်ရည်ချိုချိုကို သောက်ပေးခြင်း၊ သံပရာ ရည်နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံး တုန်ခြင်း၊ ရင်ခုန်ခြင်းနှင့် မူးဝေမောပန်းခြင်းတို့ကို သက်သာ ပျောက်ကင်းစေပါသည်။

၁၄။     မူးလျှင် သံပရာသီးကို ရှူပေးပါ။ ရွဲ့စောင်းသော လေငန်းရောဂါများ၊ အာလေး၊ လျှာလေး၍ စကား မပီသသောသူများ သံပရာသီးတစ်လုံးကို ပုံမှန် ငုံထားသင့်ပါသည်။

၁၅။     ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဗောက်များ ရှိနေပါက သံပရာသီးအခွံနှင့် ခေါင်းကို ပွတ်တိုက် ပေးရပါမည်။ ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပရာ သီးအခွံကို ခေါင်းလျှော်ရည်တွင် ထည့်ပြီး ခေါင်း လျှော်နိုင်ပါသည်။

မိမိကျန်းမာရေးအခြေအနေနှင့် ခန္ဓာကိုယ်အနေ အထားအတိုင်း အသင့်အတင့် စားသုံးဖို့ အကြံပြုရင်း စာဖတ်ပရိသတ်ကြီးအားလုံး ဗဟုသုတများ တိုးပွားစေ အောင် မျှဝေပေးလိုက်ပါတယ်။ နောက်လတွေမှာလည်း ပြန်လည်ဆုံတွေ့ ကြမယ်နော်…။

မှတ်ချက်- စည် သင်ယူထားတဲ့ ဘာသာရပ်တွေ ထဲကမှ Citrus Fruits နှင့် ပတ်သက်လို့ သင်ခဲ့ရတဲ့ ဗဟုသုတလေးများ http://www.whfoods.com/lime နှင့် www.natureenergycare.blogspot.com တို့မှ ဗဟုသုတများနှင့်အတူ ပူးတွဲ ဖော်ပြလိုက်ပါတယ်။ သံပရာသီးစားသုံးခြင်းဖြင့် ရောဂါကာကွယ်ခြင်း၊ ရောဂါ ပပျောက်ခြင်းကို အာမ မခံပါ။ ဆရာဝန်နှင့် တိုင်ပင်ပါလို့ အကြံပြုပါရစေ။

သံပရာသီးနှင့် ပူဒီနာရေခဲချောင်း   (Lime Mint Popsicle)

စားရတာအရသာရှိသလို ရေခဲချောင်းလုပ်ရတာလည်း ပျော်ဖို့ကောင်းပါတယ်။ ကိုယ်ကြိုက်တဲ့ အသီးအရသာလေးတွေကို တခြားအရသာနှင့် တွဲဖက်ပြီး ရေခဲချောင်း ဖြစ်ဖို့လုပ်ရတာက စပြီး လုပ်ကတည်းက ခဲတဲ့အထိ စိတ်ဝင်စားစရာပါ။ အိမ်မှာလွယ်ကူပြီး သန့်ရှင်းသပ်ရပ်စွာ လုပ်စားနိုင်တာကြောင့် အားလပ်ရက်၊ အားတဲ့အချိန်တွေမှာ လုပ်ထား လို့ရတာကြောင့် ကလေးများအတွက် မိမိကျွေးချင်တဲ့ အသီးနှင့် ရေခဲချောင်း လုပ်ထားပြီး ကလေးတွေကို သရေစာ စားချိန်မှာ စိတ်ချစွာ ကျွေးလို့ရပါတယ်။ အားလုံးအတွက် ရေခဲချောင်းလုပ်နည်းကို ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

သံပရာရည် –  ၂၀ဝ မီလီလီတာ

အုန်းရည် –  ၁၃၀ မီလီ (အုန်းစိမ်းရည်)

ဂျယ်လီမှုန့် –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

(ရေနွေးဖြင့် ဖျော်ထည့်ပါ)

သကြား –  စားပွဲဇွန်း ၁ ဇွန်း

ပူဒီနာရွက် –  ၂ ပင် (အရွက်များြွေခထားပါ)

ပြုလုပ်နည်း

၁။      ဇောက်နက်အိုးထဲ သံပရာရည်၊ အုန်းရည်နှင့် သကြားတို့ကို ထည့်ပြီး မီးမျှဉ်းမျှဉ်း လေးနှင့် တည်ပါ။ အဆက်မပြတ်မွှေပါ။ အနည်းငယ်ဆူလာလျှင် ဂျယ်လီမှုန့် ဖျော်ထားတာထည့်ပြီး ကျိုပါ။ သကြားပျော်လျှင် ရပါပြီ။

၂။       ပူဒီနာအရွက်လေးများကို လက်ဖြင့် စုတ်ဖြဲထားပါ။ သံပရာရည်ထဲ ထည့်ပြီး ရောမွှေပါ။

၃။       ရေခဲချောင်းခွက်လေးတွေထဲ  အပြည့်ဖြည့်ပြီး ရေခဲသေတ္တာ ရေခဲအခန်းထဲ ထည့် ပြီး ၂-၃ နာရီခန့် ထည့်ခဲထားပါ။

Facebook Comments