Health Benefits of Food ပဲပိစပ်ပဲ (Healthy Recipe and Health Benefits of Soybean)

by Syi Lwin (foodsgarden) for Food Magazine

          ပဲပိစပ်ပဲအကြောင်းကို  2900 – 2800 B.C. လောက်က တရုတ်လူမျိုးများက စတင်ရေးသား မှတ်တမ်းတင်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ ဥရောပမှာတော့ A.D. 1712 မှာ German Soybean လည်း ဖြစ်ပါတယ်။  အမေရိကန်နိုင်ငံမှာတော့ ၁၉၀ဝ ပြည့်နှစ်မှာ စတင်၍ကျယ်ပြန့်စွာ စိုက်ပျိုးခဲ့ကြပါတယ်။ Soybean ကို စိမ်းနေတုန်းမှာ ရိတ်သိမ်းကြပါတယ်။ အပင်တစ်ပင်နဲ့တစ်ပင်ကို နည်းစနစ်ကျကျ အကွာအဝေး အတိုင်းအတာဖြင့် စိုက်ပျိုးရပါတယ်။ လက်ဖြင့်ြွေခယူတာပဲဖြစ်စေ၊ တစ်ပင်လုံး အမြစ်ကနေ နုတ်ပြီး ပဲကိုြွေခယူကြပါတယ်။ ပဲပုပ်ပဲ၊ ပဲငါးပိပဲ၊ ပဲပုပ်စေ့ အစရှိသဖြင့် ခေါ်ကြပြီး အများစုစားသုံးကြတဲ့ပဲလည်း ဖြစ်ပါတယ်။ ပဲပိစပ်မှာ အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပဲတစ်မျိုးဖြစ်ပါတယ်။ ပဲပိစပ်မှာ ပရိုတင်ြးွကယ်ဝပြီး အသားမှာပါဝင်တဲ့ ပရိုတင်းထက် ပိုတယ်လို့တောင် ပြောကြပါတယ်။ ပဲပိစပ်မှာပါဝင်တဲ့ Lecithin ကြောင့် အယ်လ်ဇိုင်းမားဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မကောင်းတဲ့ အဆီတွေကို စုပ်ယူပြီး ကိုလက်စထရောကိုလည်း ကျစေပါတယ်။ ဒါကြောင့် အာရှ စားဖိုမှူးတွေ အကြိုက်တွေ့ကြတဲ့ Soybean လည်း ဖြစ်ပါတယ်။ အာရှနိုင်ငံက အစားအစာတွေထဲမှာ ပါဝင်မှုနှုန်း ပိုများပါတယ်။ ဒါကြောင့်  ဒီလမှာ စည် လေ့လာသင်ယူ ဖတ်မိ၊ မှတ်မိ၊ ကြားဖူးထားသမျှ သိကောင်းစရာလေးများကို အားလုံးအတွက် ကျန်းမာရေးနှင့်ညီညွတ်စွာ Soybean  စားသုံးလေ့လာနိုင်စေဖို့ ဒီလရဲ့ Health Benefits of Food မှာ  Benefits of Soybean Article နှင့်အတူ Young Jackfruit and Soybean with Tomato Salad လုပ်နည်းလေးပါ ပူးတွဲပြန်လည်မျှဝေလိုက်ပါတယ်။

          Soybean က နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးပြီး ခွန်အားကို တိုးစေပါတယ်။ Antioxidant က ကင်ဆာဆဲလ်တွေကို မကြီးထွားစေဖို့ တားမြစ်ပေးပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာပါ။ ပဲပိစပ်ဟာ ကျန်းမာရေးအတွက် ကောင်းမွန်မှုရှိပေမယ့် နှလုံးရောဂါကို ကာကွယ်နိုင်စွမ်းမရှိဘူးလို့ အမေရိကန် အစားအသောက်ကွပ်ကဲရေးဌာန ပညာရှင်တွေက ပြောပါတယ်။ ပဲပိစပ်ဟာ နှလုံးရောဂါကို ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ လုံလောက်တဲ့သက်သေအထောက်အထား တွေ မရသေးတာကြောင့် အမေရိကန် အစားအသောက် ကွပ်ကဲရေးဌာနဟာ နှလုံးရောဂါကို ကာကွယ်ဖို့ ပဲပိစပ်တွေ တိုးမြှင့်ထုတ်လုပ်တာကို ရပ်တန်ဖို့ တောင်းဆိုထားပြီးလည်း ဖြစ်ပါတယ်။ အမေရိကန် အစားအသောက်ကွပ်ကဲ ရေးဌာနလက်အောက်ရှိ အစားအစာဘေးကင်းရေးနှင့် အာဟာရဆိုင်ရာအဖွဲ့ အကြီးအကဲ ဆူဆန်မေနီက ပဲပိစပ်ဟာ နှလုံးရောဂါကို ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတဲ့ အကျိုးကျေးဇူးအထောက်အထားကို  ပြန်သုံးသပ်မှုတွေ လုပ်မယ်လို့ပြောပါတယ်။ ဆူဆန်မေနီက “ပဲပိစပ်ဟာ နှလုံးရောဂါကို ကာကွယ်နိုင်စွမ်း ရှိတယ်ဆိုတဲ့အချက်နဲ့ ပတ်သက်လို့ လုံလောက်တဲ့သက်သေတွေ မရသေးဘူး” လို့ ပြောပါတယ်။ ၂၀၁၆ ခုနှစ်က အမေရိကန် နှလုံးရောဂါအဖွဲ့က ပဲပိစပ်စားသုံးတာ လျှော့ချမှုကြောင့် နှလုံးရောဂါဖြစ်ပွားမှု ကို ကန့်သတ် ထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ အချက်ဟာ ဖြစ်နိုင်ဖွယ်မရှိဘူးဆိုတဲ့အချက်ကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ သုတေသန ပညာရှင်တွေဟာ ကျန်းမာရေးဆိုင်ရာ အစားအစာတွေထဲမှာ ပဲပိစပ်ကို ဆက်လက် ထည့်သွင်းထားဆဲဖြစ်ပြီး ပဲပိစပ်နဲ့ ပတ်သက်လို့ သုတေသနပြုမှုတွေလည်း ဆက်လက် ပြုလုပ်နေဆဲဖြစ်ပါတယ်။ ပဲပိစပ်မှာ ပရိုတင်းဓာတ်များစွာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်။ အသားမှာပါဝင်တဲ့ ပရိုတင်းထက် သာတာက Soybean မှာပါဝင်တဲ့ ပရိုတင်းမှာ Cholesterol ပါဝင်မှုမရှိဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ မကောင်းတဲ့ Cholesterol ကို ကျစေတဲ့အတွက် နှလုံးသွေးကြော ရောဂါကို ကာကွယ်ပေးပါတယ်။ ကောင်းတဲ့အဆီကိုမူ မကျစေပါ။  Soybean မှာ ပါဝင်တဲ့ Plant Oestrogen အမျိုးအစားဖြစ်တဲ့ Soy Isoflavone ကြောင့် အရွယ်တင် နုပျိုစေသည့်အပြင် သွေးဆုံးချိန်မှာလည်း သွေးဆုံးခြင်း လက္ခဏာများကို လျော့စေပါတယ်။

          Soybean မှာပါဝင်တဲ့ Protease မှ ပရိုတင်းများကို ပြိုကွဲစေတဲ့ အင်ဇိုင်းများကို တားပေးသဖြင့် ရင်သား ကင်ဆာကိုလည်း သိသိသာသာ ကာကွယ်ပေးပါတယ်။ Soybean မှာ Anti-oxidant ဖြစ်တဲ့ Saponin ပါဝင်လို့ ကင်ဆာဆဲလ်များကြီးထွားမှုကို တားမြစ်ပေးပါတယ်။ Soybean မှာ အခြားအစားအစာများထက် Iron နှင့် Zinc များစွာပါဝင်တာကြောင့် အသက်ကြီးသူများရဲ့ နားလေးခြင်းကို ကာကွယ်ပေးပါတယ်။ ပဲပိစပ်ကို ကမ္ဘာအနှံ့အပြား မှာ မတူညီတဲ့ပုံစံမျိုးတွေနဲ့ စားသုံးကြပါတယ်။ ပဲပိစပ်ကနေ ထုတ်လုပ်ထားတဲ့ ကျန်းမာရေးဆီဟာ လူနဲ့တည့်တဲ့ ဆီတစ်မျိုးပါ။ ပဲငံပြာရည်ဟာ ငါးငံပြာရည် အစားထိုးပြီး အသုံးပြုနိုင်ပါတယ်။ တရုတ်ဟင်းလျာတွေ ချက်ပြုတ်ရာမှာ အဓိကထား အသုံးများတဲ့ ကြာညို့ကိုလည်း ပဲပိစပ်ကနေ ပြုလုပ်ထားတာဖြစ်ပါတယ်။ သက်သတ်လွတ်သမားတွေအတွက် အဓိကသုံးတဲ့ ငံပြာရည်ကတော့ ပဲငံပြာရည်ပါ။ ပဲငံပြာရည်ကို ပဲပိစပ်၊ ဂျုံမှုန့်၊ ဆားနဲ့ ရေတို့ကို အဓိကသုံးပြီး ပြုလုပ်ထားတာပါ။ တစ်နှစ်နီးပါးထားရပြီး ပဲငံပြာရည် လုပ်ရာမှာ ထွက်လာတဲ့ ပဲဖတ်တွေကို ပဲပုပ်လုပ်လို့လည်း ရပါတယ်။ ရှမ်းပဲပုပ်ကတော့ ပဲတွေကို နူးအောင်ပြုတ်ပြီး အချပ်လေးတွေ ဝိုင်းထားတာပါ။ ငါးပိအစားထိုးအနေနဲ့ ရှမ်းပြည်နယ်မှာ စားကြတာဖြစ်ပြီး အနံ့၊ အရသာ ပြည့်စုံတဲ့ အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။ ဘာဟင်းပဲချက်ချက် ပဲပုပ်လေးပါအောင် ချက်တတ်ကြတဲ့အတွက် ခွန်အားဖြစ်စေပြီး ရောဂါတွေကို ကာကွယ်ပေးထား နိုင်ပါတယ်။

          စိုက်ပျိုးရေးဘွဲ့ရတွေ တော်တော်များများ သိကြပါတယ်။ ပဲပုပ်ကို ဘာလို့ ပဲပိစပ်နဲ့ မှားကြတာလဲ။ ပဲပိစပ်ကို ဆီကြိတ်လို့ ဆီမထွက်ပါဘူး။ ပဲပိစပ်က ညောင်ဦးမှာ ပုံးရည်ကြီး လုပ်ပါတယ်။ ပဲပိစပ်နဲ့လုပ်တဲ့ ပုံးရည်ကြီးကမှ အရသာကောင်းပါတယ်။ ပဲငါးပိနဲ့ ပဲပုပ်ဟာ အတူတူဖြစ်ပြီး ပဲပိစပ်က သီးသန့်ဖြစ်ပါတယ်။ ပဲပိစပ်မှာ အသားဓာတ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်တွေနဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါနဲ့ ကင်ဆာရောဂါအချို့ကို ကာကွယ်နိုင်တဲ့အတွက် အံ့အားသင့်ဖွယ် အစားအစာတစ်မျိုး လည်းဖြစ်ပါတယ်။ ပဲပိစပ်ရဲ့ ကောင်းကျိုးများကို ရှယ်ရမယ်ဆိုရင်တော့ ပဲပိစပ်နဲ့ ပြုလုပ်ထားတဲ့ တိုဟူး၊ ပဲနို့ စတဲ့အစားအစာတွေကို ကိုလက်စရော ပါဝင်မှုများတဲ့ တိရစ္ဆာန်မှ ရရှိတဲ့ အစားအစာတွေရဲ့နေရာမှာ အစားထိုးပြီး စားသုံးသင့်ပါတယ်။ ပဲပိစပ်မှာဆိုရင် ဗီတာမင် B နဲ့ Omega 3 Fatty Acid ကဲ့သို့သော အာဟာရဓာတ် များစွာ ပါဝင်ပါတယ်။ ပဲပိစပ်ကနေရရှိနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးတွေကတော့ –

နှလုံးသွေးကြောရောဂါများ – တစ်နေ့လျှင် ပဲပိစပ် အနည်းဆုံး ၂၅ ဂရမ် စားသုံးခြင်းဖြင့် ကိုလက်စရောနဲ့ မကောင်းတဲ့ LDL ဆိုတဲ့ ကိုလက်စထရောဓာတ်ကို ကျဆင်းစေပါတယ်။

ကင်ဆာရောဂါ – ပဲပိစပ်မှာ အမျိုးသမီးဟော်မုန်း အီစရိုဂျင်နဲ့တူတဲ့ Phytoestrogen ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင် တဲ့အတွက် ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

အမျိုးသမီးများ သွေးဆုံးပြီးနောက် ခံစားရသော ရောဂါလက္ခဏာများ – ပူလိုက်၊ အေးလိုက်ဖြစ်ခြင်း၊ အရိုးပွခြင်း ကဲ့သို့သော သွေးဆုံးရင်ကြုံတွေ့ရတတ်တဲ့ လက္ခဏာတွေကိုလည်း သက်သာစေပါတယ်။ စဉ်းစားသင့်တဲ့အချက်များက  ပဲပိစပ်မှာ အကျိုးပြုတဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်ပေမယ့် လူတိုင်းနဲ့မတည့်ပါဘူး။ လူအများအပြား အထူးသဖြင့် ကလေးနဲ့ တစ်နှစ်အောက်ကလေးငယ်တွေက ပဲနို့နဲ့ ဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။ ဓာတ်မတည့်ဘူးဆိုရင်တော့ ပဲနို့လုံးဝရှောင်ကြဉ်ရပါမယ်။ ဒါ့အပြင် အချို့သော အမျိုးသမီးတွေမှာ ပဲပိစပ်ထဲမှာပါဝင်တဲ့ Phytoestrogen ကြောင့် ဟော်မုန်း ပမာဏတွေ များလာစေပြီးတော့ ကင်ဆာဖြစ်နိုင်ခြေ ပိုများစေပါတယ်။ ပဲပိစပ် (Soybean) ဟာ အရိုးပွခြင်းကို ကာကွယ်ပေးသည့်အပြင် ကလေးငယ်များအတွက် သင့်တော်သော အစားအစာတစ်ခုအဖြစ် လက်ခံထားကြပါတယ်။ သို့သော် ပဲပိစပ်က မြုံခြင်းနှင့် ကင်ဆာ အပါအဝင်  ရောဂါမျိုးစုံတို့နှင့် ဆက်စပ် နေပါတယ်။ ထိုကဲ့သို့ ကျန်းမာရေးနှင့်ပတ်သက်သော ပြဿနာများစွာရှိသော်လည်း ပဲပိစပ်စိုက်ပျိုးရေး လုပ်ငန်းဟာ အကျိုးအမြတ် ကြီးမားတာကြောင့် ကမ္ဘာပေါ်မှာ ကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိကြပါတယ်။ ပဲပိစပ်နှင့် ပတ်သက်သော ထုတ်ကုန်များနှင့် မျိုးရိုးဗီဇပြုပြင်ထားတဲ့ ပဲပိစပ်နှစ်မျိုးစလုံးဟာ ကျန်းမာရေး အပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှုဟာ ပုံမှန်မဟုတ်သော ပရိုတိန်းနှင့် အဆိပ်ဓာတ်ကို သာမန်အပင်များထက် ပိုမိုထုတ်လုပ်စေပါတယ်။ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားတဲ့ ပဲပိစပ်များသာမက သဘာဝ ပဲပိစပ်သည်လည်း ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ မျောက်ငယ်များကို ပဲပိစပ်ကျွေးပြီး စမ်းသပ်ရာမှာ ကြီးလာတဲ့အခါ ရန်မူပြီး တိုက်ခိုက်လိုစိတ် များလာတာကို တွေ့ရပါတယ်။ ပဲပိစပ်မှာ ပါဝင်တဲ့ Estroginic ဒြပ်ပေါင်းဟာ ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အခြားလေ့လာမှုတစ်ခုအရ အထီးများမှာ လိင်စိတ်ကို ပြုပြင်တဲ့ Hypothalamus ရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေကြောင်း တွေ့ရှိရပါတယ်။ ကလေးငယ်များအတွက် အထူးထုတ်လုပ်ထားတဲ့ ပဲပိစပ်ထုတ်ကုန်ပစ္စည်းများကို မွေးခါစ တိရစ္ဆာန်အထီးများကို ကျွေးပြီး စမ်းသပ်ရာ လေ့လာသင်ကြားမှုမှာ အခက်အခဲရှိကြောင်း တွေ့ရှိရပါတယ်။ အဲဒီအချက်အရ ယောကျာ်းလေးများအနေနဲ့ ပညာသင်ကြားရာမှာ အခက်အခဲဖြစ်စေနိုင်ပါတယ်။ အခြားလေ့လာမှုများအရ အထီးများမှာ Prostate ဂလင်းကို သေးငယ်စေကြောင်း တွေ့ရှိရတဲ့အတွက် ကလေးငယ်များမှာ မိန်းကလေးဆန်သော အပြုအမူများ ဖြစ်ပေါ် နိုင်တယ်လို့ ဆုံးဖြတ်နိုင်ပါတယ်။ အမများမှာလည်း ဦးနှောက်မှ Oxytocin ထုတ်လုပ်မှုကို ကျဆင်းစေပါတယ်။ ကြွက်ငယ်များဖြင့် စမ်းသပ်ရာမှာ လိင်ပိုင်းဆိုင်ရာစိတ်ဝင်စားမှု လျော့ကျစေသည့်အပြင် ပုံမှန် အမနှင့်သက်ဆိုင်သော အပြုအမူများအပေါ် ဆိုးကျိုးသက်ရောက်စေကြောင်း တွေ့ရှိရပါတယ်။

          ဒါကြောင့် ပဲပိစပ်ဟာ Estrogen နှင့် Testosterone ကို ပြောင်းလဲစေတာကြောင့် တိရစ္ဆာန်အထီးနှင့်အမ နှစ်မျိုးစလုံးရဲ့ လိင်နှင့်ပတ်သက်တဲ့ အပြုအမူများအပေါ်မှာ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုများရှိကြောင်း အထက်ပါလေ့လာမှုများအရ သိရှိနိုင်ပါတယ်။ ကောင်းကျိုးတွေ များစွာပေးနိုင်တယ်ဆိုပေမယ့်လည်း လူတွေအတွက် မတည့်တဲ့ Soybean ကို ကိုယ်နှင့်သင့်တော်သလောက် သင့်တင့်ရုံသာ စားသုံးသင့်ပါကြောင်း အကြံပြုရင်း သိရှိဖတ်မှတ်သင်ကြားခဲ့သော ဗဟုသုတလေးများအား ရှယ်ပေးလိုက်ပါတယ်။ နောက်လတွေမှာလည်း ပြန်လည်ဆုံတွေ့ကြမယ်နော်။  Healthy Eating and Happy life…

မှတ်ချက် – စည် သင်ယူထားတဲ့ ဘာသာရပ်တွေထဲကမှ Beans and Lentils နဲ့ ပတ်သက်လို့ သင်ခဲ့ရသော ဗဟုသုတလေးများ  http://www.whfoods.com/soybean.php နဲ့ http://www.newsmaxhealth.com မှ အချက်အလက်အသစ်များနှင့်အတူ ဖော်ပြလိုက်ပါတယ်။ Soybean  စားသုံးချင်းဖြင့် ရောဂါကာကွယ်ခြင်း၊ ရောဂါပပျောက်ခြင်းကို အာမ မခံပါ။ ဆရာဝန်နှင့် တိုင်ပင်ပါလို့ အကြံပြုပါရစေ။

 

ပိန္နဲသီးစိမ်း ပဲပုပ်ခြောက်စေ့နှင့် ခရမ်းချဉ်သီးအစပ်သုပ်

(Young Jackfruit and Dried Soybean with Tomato Spicy Salad)

          ပိန္နဲသီးသုပ်က ချဉ်ငန်စပ်ဖြစ်လို့ ဒီအတိုင်းစားလည်း အဆင်ပြေသလို ထမင်းနဲ့တွဲစားလည်း အဆင်ပြေပါတယ်။ သက်သတ်လွတ်စားသုံးသူများလည်း ငါးငံပြာရည် မထည့်ဘဲ သက်သတ်လွတ် သုပ်စားနိုင်တာကြောင့် အရသာရှိရှိ ချဉ်ငန်စပ် သက်သတ်လွတ်ဟင်းတစ်ပွဲကို ရရှိမှာပါ။ လုပ်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

ပိန္နဲသီးစိမ်း  –  ၂ ကွင်း (သကြားဖြူ အနည်းငယ်နှင့် ပြုတ်ထားပါ)

ကြက်သွန်ဖြူဆီချက်  –  စားပွဲဇွန်း ၂ -၃ ဇွန်း

မြေပဲလှော်  –  စားပွဲဇွန်း ၂   ၁/၂ ဇွန်း (ထောင်းထားပါ)

ပူဒီနာ  –  ၅ ပင် (အရွက်များကိြုွေခပြီး ခပ်ကြမ်းကြမ်းလှီးထားပါ)

ပဲပုပ်ခြောက်စေ့  –  စားပွဲဇွန်း ၃ ဇွန်း (ကြက်သွန်ဖြူဖြင့် ကြော်ထားပါ)

ငရုတ်သီးစိမ်း  –  ၅ တောင့် (ခပ်ပါးပါးလှီးထားပါ)

ငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

ဆား  –  အနည်းငယ်

ကြက်သွန်နီ  –  ၂ လုံး (အခွံနွှာပြီး ပါးပါးအရှည်လှီးထားပါ)

ခရမ်းချဉ်သီး  –  ၅ လုံး (အရှည်လိုက် ပါးပါးလှီးထားပါ)

သံပရာသီး  –  ၂ လုံး (အရည်လိုသလောက်ထည့်ပါ)

ပြုလုပ်နည်း

၁။       အိုးထဲ ပိန္နဲသီးစိမ်းကွင်းကို သကြားဖြူ အနည်းငယ်ထည့်ပြီး မီးအနေတော်ဖြင့် ပြုတ်ထားပါ။ ပိန္နဲသီးစိမ်းကွင်းများ နူးအိလာလျှင် ရပါပြီ။ မီးဖိုပေါ်မှချပြီး ရေထဲမှ ဆယ်ယူ၍ အအေးခံထားပါ။

၂။       ပြုတ်ထားသော ပိန္နဲသီးအဖတ်များကို လက်ဖြင့် အသာအနေတော်မွထားပါ။

၃။       သုပ်ရန်မှာ ပိန္နဲသီးဖတ်နှင့် ပါဝင်ပစ္စည်းများအားလုံးကို ဖန်ဇလုံထဲ အားလုံးထည့်ပြီး သေချာအရသာဝင်အောင် လက်ဖြင့်နယ်ပါ။ ဆားမြည်းပါ။ လိုတာ ထပ်ဖြည့်နိုင်ပါတယ်။ ချက်ချင်းသုံးဆောင်ပါ။

Facebook Comments