Food Safety စားချင်ကြသည်မှာ ဘေးကင်းသောအစာ

by ကိုရဲ (စိုက်ပျိုးရေး) for Food Magazine

ယနေ့ခေတ်ကဲ့သို့ ရုပ်ဝတ္ထုပစ္စည်းများ ခေတ်မီ တိုးတက်နေသည့် ကမ္ဘာကြီး၌ နေထိုင်ကြသော လူသား အများစုသည် နေ့စဉ်စားသောက်နေကြရသည့် အစား အစာများတွင် ဘေးကင်းစာကို စားလိုကြသည်က အများစုဖြစ်ပါသည်။ “ဘာစားရမှန်းကို မသိအောင်” ရွေးချယ်ရခက်နေကြသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များတွင် ဘေးကင်းသော စားသောက်ကုန် (Food Safety) ကို ရလိုကြသည်။ စားလိုကြသည်။ အသားစားမှု နှစ်ခြိုက်သူများကလည်း ကြက်၊ ဝက်၊ နွား၊ ငှက် ကူးစက်ရောဂါများကြောင့် စားရမှာ အခက်တွေ့နေ ကြရသကဲ့သို့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစားမှ ကျန်းမာမည်ဟု ယူဆသူများအတွက်ကလည်း ဗက်တီး ရီးယားနှင့် ကပ်ပါး အီကိုလိုင် (E.Coil) တို့ကြောင့် ဘေး ဖြစ်စေနိုင်သည်ထက် ပိုးသတ်ဆေးဓာတ်ြွကင်းပါသော အသီးအနှံတို့၏ ဘေးဒုက္ခက ပို၍ကြောက်စရာကောင်း နေပြန်သည်။

သက်ရှိဇီဝမှ ဖြစ်မလာသော အင်အော်ဂဲနစ် (Inorganic) ဓာတ်ပစ္စည်းများဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး အစားအစာထုတ်ကုန်များ ထုတ်လုပ်မှုကို တစ်ခေတ်ဆန်း ခဲ့သော ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ ဟိုမုန်းအားဆေးတို့သည် အန္တရာယ်ပေး လာပြီကို သိလာကြပြီဖြစ်သည်။ သက်ရှိမှ ဆင်းသက်လာ သော အော်ဂဲနစ် (Organic) အစားအစာ ဓာတုပစ္စည်း မပါရှိသော၊ အသုံးမပြုသော စားသောက် ကုန်ကို စားသုံး လာကြပြီဖြစ်သည်။ သို့သော် အော်ဂဲနစ်စစ်စစ်ကလည်း မလွယ်ကူလှပါ။ စည်းကမ်းနည်းလမ်းနှင့်အညီ ထုတ်လုပ် ရသည်။ ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းများ (Organ) နှင့် သက်ဆိုင်သော ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီး ၍ ရောဂါရပြီး သေဆုံးရသည်ကလည်း မနည်းလှပါ။ ထို့ကြောင့် အော်ဂဲနစ်နှင့် အင်အော်ဂဲနစ် နှစ်ခုကြားတွင် အလယ်အလတ်ကြားချ၍ ဂျီအေပီ (GAP-Good Agriculture Pritice) ကို ဦးစွာ ကျင့်သုံးလာကြတော့သည်။

ဂျီအေပီမှာလည်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ဦးဆောင် ပြီး ကမ္ဘာလုံးဆိုင်ရာ ဂျီအေပီ (Global GAP)၊ ဒေသနိုင်ငံများအလိုက် ဂျီအေပီ (Regional GAP) တို့ကို GAP Guide Line ပြဋ္ဌာန်းချက် နှင့်အညီ ရေးဆွဲ၍ ခွင့်ပြုလက်မှတ်ထုတ်ပေးကြသည်။ မြန်မာဂျီအေပီသည် အာဆီယံဂျီအေပီကို ဦးတည်မှီငြမ်း ၍ နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီအောင် ရေးဆွဲထား သည်။ အဓိက ဦးစားပေး ပထမအချက်မှာ ဘေးကင်းသော အစားအစာထုတ်လုပ်ရေးဖြစ်သည်။ ယူနစ်အစိတ်အပိုင်း Module လေးခု ပါရှိသည်။ ဘေးကင်းသော အစာထုတ် လုပ်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျန်းမာသော လူမှုဘဝသာယာရေးတို့ ပါရှိသော်လည်း အဓိကမှာ ဘေးကင်းသောအစာကို စိတ်ချလက်ချ စားသုံးနိုင်ရေးဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အစားအစာဘေးအန္တရာယ်ကင်းရှင်းမှု အညွှန်းကိန်း၌ နိုင်ငံပေါင်း ၁၁၃ နိုင်ငံတွင် အဆင့် (၇၁) ရှိနေသည်ဟု EIU (Economic Intelligence Unit) ၌ ဖော်ပြထား သည်။ ၂၀၁၉ ခုနှစ်တွင် မည်သည့်အဆင့်အထိ ရောက် နေသည်ကို မသိရသေးပါ။ မြန်မာနိုင်ငံတွင် အစားအစာ ရောင်းဝယ်မှု၊ စိုက်ပျိုး မွေးမြူထုတ်လုပ်မှု၊ လုပ်ထုံး လုပ်နည်း ဥပဒေများရှိပြီး ဖြစ်သည်။ စစ်ဆေးမှုများကို လည်း နေရာတိုင်းမှာ စစ်ဆေးနေသည်ကို သိရသည်။ သို့သော် ထိရောက်သော အရေးယူမှု အားနည်းနေခြင်း သည် စားသုံးသူများအတွက် ဘေးကင်းသောအစာ နည်းပါးနေခြင်း ဖြစ်သည်။ သီးနှံစိုက်ပျိုးသူများအတွက် စိုက်ပျိုးရေးအလေ့အကျင့်ကောင်း ဂျီအေပီ (GAP) ရှိနေ သည်။ မွေးမြူရေးထွက်ကုန်အတွက် ဘေးကင်းသော မွေးမြူရေး အလေ့အကျင့်ကောင်း ဂျီအိပ်ခ်ျပီ (GHP) ရှိနေ သည်။ ထုတ်လုပ်ရေးတွင်လည်း ဘေးကင်းသော အလေ့ အကျင့်ကောင်း ဂျီအမ်ပီ (GMP) ရှိနေသည်။

သား၊ ငါးဈေး၌ ကြက်သား၊ ဝက်သား၊ ငါးတို့တွင် နီရဲနေအောင် ဆိုးဆေးသုံးနေ ကြသည်။ သိရသလောက် ပြောရလျှင် အမဲသားမှလွဲ၍ ကျန်သည့် တိရစ္ဆာန်အသား များသည် သွေးကင်းစင်၍ ဖြူသောအသားက များသည် ဟု သိရသည်။ သွေးမှာပင် ပုစွန်သွေးအရောင်က မတူ ကွဲပြားသော သွေးအရောင်ရှိသည်။

ဟင်းသီးဟင်းရွက်ဘက်ကို ကြည့်လိုက်ပြန်တော့ လည်း အရောင်ဆိုးဆေးက မကင်းပြန်ချေ။ မျှစ်လည်း နီရဲနေသည်။ ငရုတ်သီးမှုန့်ကလည်း ပုံမှန်ထက်ပိုနီပြီး နနွင်းမှုန့်ကလည်း လက်မှာ စွန်းပေသည်အထိ ဝါနေ သည်။ သဘာဝပစ္စည်းကို သဘာဝအတိုင်း အန္တရာယ် ကင်းကင်းဖြင့် မရောင်းချကြခြင်းဖြစ်သည်။

စိုက်ပျိုးသူများဘက်မှ ဂျီအေပီဖြင့် စိုက်ပျိုးထုတ် လုပ်ခဲ့ပါသော်လည်း ရောင်းချသူများက ပြန်လည်ပြုပြင် လိုက်သောကြောင့် အန္တရာယ်မကင်းသော အစားအစာ များ ဖြစ်သွားရမှုက ပို၍ များပြားလာသည်။ ဟင်းသီး ဟင်းရွက်၌ ဓာတုဆေးဓာတ်ြွကင်းတွင် ဓာတ်မြေဩဇာ ထက် ပိုးသတ်ဆေးဓာတ်ြွကင်းက ပိုများသည်ကို တွေ့ရ သည်။ အမှန်မှာ ဓာတ်မြေဩဇာဖြစ်စေ၊ ပိုးသတ်ဆေး ဖြစ်စေ အသုံးပြုရာတွင် သတ်မှတ်နှုန်းထားကို အသုံးပြု လျှင်၊ သတ်မှတ်ချိန်ကာလအတွင်း အသုံးပြုလျှင် ဓာတု ပစ္စည်းများကြောင့် ဓာတ်ြွကင်းအာနိသင် ကျန်ရှိမှုသည် မဖြစ်နိုင်ပါ။ ဓာတ်မြေဩဇာများ၏ ဓာတ်များသည် အပင်၏ အင်္ဂါအစိတ်အပိုင်းအသီးသီးသို့ ရောက်ရှိပြီး ပွင့်သီးကြီးပြီးလျှင် ဓာတ်များ မကျန်သလောက် ဖြစ်သွား ပါသည်။ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ပေါင်းသတ်ဆေး တို့မှာ ဓာတ်မြေဩဇာကဲ့သို့ ဖြစ်စဉ်မဟုတ်ဘဲ ဓာတ်ြွကင်း ကျန်ရှိမှု ဖြစ်ရသည်မှာ ခူးဆွတ်ခါနီး ရက်နီးမှ ဆေးဖျန်း ခြင်းသည် ဓာတ်ြွကင်းအများဆုံးဖြစ်ပါသည်။ ပိုးသတ် ဆေးအမျိုးအစားအလိုက် ဓာတ်ြွကင်းပျက်ပြယ်ရန် ၁၄ ရက်မှ ရက် ၂၀ ကျော်အထိ စောင့်ဆိုင်းပြီးမှ ခူးဆွတ်ရိတ် သိမ်းကြရပါသည်။

ပိုးသတ်ဆေးများကို အန္တရာယ်ကင်းစွာနှင့် သုံးနိုင် ရန် တရားဝင်စစ်ဆေးပြီးမှ ဖြန့်ချိ ရောင်းချရပါသည်။ သို့သော် အများစုသည် တရားဝင်စစ်ဆေးမှုခံယူခြင်း ထက် တရားမဝင် တင်သွင်းရောင်းချကြသည်များ ရှိနေ၍ ဝယ်ရောင်းအသုံးပြုကြတော့သည်။ ဤတွင် အန္တရာယ် များနှင့် ကြုံတွေ့ရသည်။ တစ်ခါက တောင်သူစိုက်ခင်း တစ်ခုတွင် တွေ့ခဲ့ရဖူးပါသည်။ နယ်စပ်ဒေသနှင့်နီးသော မြို့တစ်မြို့၏ ဟင်းသီးဟင်းရွက်စိုက်ခင်းတွင် အသုံးပြုပြီး ပိုးသတ်ဆေးဘူးအခွံများကို အပင်စိုက်တန်းများ ကြား တွင် ပစ်ထားကြသည်။ ကောက်ယူကြည့်ရာ မြန်မာ စာသားတစ်လုံးမျှ မပါဝင်ဘဲ အိမ်နီးချင်းနိုင်ငံမှ ဆေးဘူး ဖြစ်နေသည်။ စိုက်ခင်းရှင်ကို ပြသကြည့်ရာ ဝယ်ရတာ ဈေးသက်သာ၍ဟု ပြောသည်။ “မသုံးပါနဲ့ဗျာ။ အန္တရာယ် များတယ်ဆိုတာက ဒီမှာရေးထားတဲ့စာတွေ ခင်ဗျား ဖတ်တတ်သလား။ ဘာတွေရေးထားလို့ ဘာတွေပါမှန်း မသိဘူး။ ဘယ်သီးနှံကို ဘယ်လိုအချိုး အဆနဲ့ ဖျန်းရမလဲ မသိဘဲနဲ့ ခင်ဗျား ရမ်းသန်းသုံးမှာပဲလေ။ ဒါကြောင့် နောင်ကျရင် မြန်မာလို စာရေးထားတာပါတဲ့ ပိုးသတ် ဆေးပဲသုံးပါဗျာ” ဟု ပြောပြခဲ့ရသည်။

ပိုးသတ်ဆေးဥပဒေတွင် “ပိုး”ကို အဓိပ္ပာယ်ဖွင့်ဆို ရာ၌ “သီးနှံ၊ ရိက္ခာ၊ လူနှင့်အခြားပစ္စည်းများကို နှောင့်ယှက် သော (သို့) ဖျက်ဆီးသော ပိုးကောင်များ၊ မွှားကောင် များနှင့် အပင်ရောဂါပိုးများကို ဆိုလိုသည်”ဟု ဖော်ပြထား သည်။ ယင်းစကားရပ်တွင် နှောင့်ယှက် ဖျက်ဆီးသောြွကက်၊ ပွေး၊ ခရု၊ ပေါင်းပင်နှင့် အခြားသော သက်ရှိများ လည်း ပါဝင်ပါသည်။ ပိုးသတ်ဆေးသည် ပိုးကောင်၊ မွှားကောင်၊ အပင်ရောဂါပိုးများ ကာကွယ်နှိမ်နင်းရာတွင် အသုံးပြုသော ပစ္စည်းဖြစ်သည်။ ပိုးသတ်ဆေးတွင် အန္တရာယ်ဖြစ်စေသည့် အဆိပ်သင့် ဓာတုပစ္စည်းတစ်မျိုးမျိုးပါရှိသည်။ လယ်ယာ၊ ဥယျာဉ်ခြံထွက်သီးနှံ စိုက်ပျိုး ကြရာတွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး တို့ကို စနစ်တကျသုံးစွဲကြရန် ညွှန်ကြားထားသော်လည်း လိုက်နာမှုမရှိကြသည်က အများစုဖြစ်ပြီး စနစ်မကျဘဲ သုံးကြသည်။ ဤတွင် စနစ်ပျက်၍ ဖျက်ပိုးသည် ဆေး ယဉ်ပါးလာပြီး ဆေးနှုန်းထားကို တိုး၍တိုး၍ မြှင့်ပြီး အသုံး ပြုလာကြရာမှ ဆေးအသုံးများလာပြီး ဆေးအသုံးမှားလာ ကြခြင်းဖြစ်တော့သည်။ ဤတွင် စိုက်ခင်းထဲ၌ ဖျက်ပိုးများ ချည်းသာ ရှိနေကြသည်မဟုတ်။ ဖျက်ပိုးကို ရှာဖွေစား သော မိတ်ဆွေပိုးများကလည်း အတူရှိနေကြသည်။ သဘာဝ၏ အကောင်းအဆိုး၊ အကြောင်းအကျိုး ညီမျှခြေ သည် စနစ် တကျအသုံးမပြုသောသူများကြောင့် ညီမျှခြေ ပျက်စီး၍ ဖျက်ပိုးတို့က ပိုများလာသည်။ မိတ်ဆွေပိုးက နည်းပါးသွားတော့သည်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ် ရေးတွင် ခွင့်ပြုသည့် အမြင့်ဆုံးပိုးသတ်ဆေး ဓာတ်ြွကင်း စံနှုန်းနှင့်လည်း မကိုက်ညီဘဲ သဘာဝပျက်စီးမှုလည်း ကြုံရသည်။ စားသုံးသူလည်း အန္တရာယ်မကင်း အစား အစာဖြစ်ရတော့သည်။ နောက်ဆက်တွဲ ကျန်းမာရေးမှာ လည်း တွဲဖက်ပါလာပြီး ကုသရေးနှင့် အန္တရာယ်ဘေး ဖြစ်လာရပါတော့သည်။

ဓာတုဆေးပစ္စည်းများကို ၁၉၄၀ ပြည့်နှစ်ဝန်းကျင် ကာလက ထုတ်လုပ်အသုံးပြုလာကြပြီး နောက်ပိုင်း ကာလ၌ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများတွင် အသုံး တည့်လာသဖြင့် ပိုမိုတိုးချဲ့အသုံးပြုလာခြင်းမှ အစပြု၍ သဘာဝပတ်ဝန်းကျင်လည်း ပျက်စီးလာသည်။ စားသုံး သူများလည်း ဘေးအန္တရာယ်မကင်းဖြစ်လာသည်ဟု သုံးသပ်ကြသည်။ အလွန်အကျွံသုံးသည့်အဆင့် ရောက် လာသော ယနေ့ခေတ်ကာလတွင် ရာသီဥတု ပုံမမှန် ဖြစ်လာခြင်း၊ သဘာဝပတ်ဝန်းကျင် လေထုညစ်ညမ်း ပျက်စီးလာခြင်း၊ ကင်ဆာရောဂါ၊ အာရုံကြောရောဂါများ၊ မျိုးပွားမှုနှင့် သွေးလည်ပတ်မှု ပျက်စီးစေသည့် ဆိုးကျိုး များ ဖြစ်လာသည်။ ဤနေရာတွင် အလွန်အကျွံဆိုသည့် စကားရပ်၏ စနစ်မကျအသုံးပြုခြင်း  ဆိုးကျိုးဖြစ်ပါသည်။ အချို့သော ပိုးသတ်ဆေးအငွေ့၊ စက်ရုံများ၏ ညစ်ညမ်း အခိုးအငွေ့များမှ ပေါက်ပွားလာသော ပီအိုပီ (POP-Persistant Organic Follutants) ကာဗွန်အခြေခံ အဏုဇီဝပိုးမွှား အော်ဂဲနစ်ဓာတ်များကြောင့် ဓာတုပိုးမွှား တစ်မျိုးသည် အဆိုးဆုံး ဖြစ်သည်။ ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် ဤအဖြစ်မျိုး အများဆုံးကြုံတွေ့ရသည်ဟု ဆိုသည်။ ပိုးသတ်ဆေးအသုံးပြုသည့် တောင်သူများသည် အသုံး ပြုနည်း ဗဟုသုတနည်းပါးခြင်းကြောင့် ဖြစ်ရသည်ဟု ဆိုသည်။ ပိုးသတ်ဆေးသုံးလျှင် စနစ်တကျရှိရမည်။ အသိနှင့်သတိ ရှိရမည်ဟု ပြောနေကြရပါသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များတွင် လူဦးရေ ၂၅ သန်းကျော်သည် ပိုးသတ်ဆေးအဆိပ်သင့်မှု ခံနေရပြီး နှစ်စဉ်သေဆုံးမှုမှာလည်း တိုးလာနေသည်ဟု ဆိုသည်။ ကမ္ဘာပေါ်တွင် ဓာတုဆေးပစ္စည်းအသစ် အမျိုးအစား ကလည်း နှစ်စဉ်ထောင်ချီ ထုတ်လုပ်နေသည်။ ထုတ်လုပ် မှု၏ အများစုသည် ကမ္ဘာ့မြေထု၊ ရေထု၊ လေထုထဲသို့ နှစ်စဉ်ရောက်ရှိနေသည်။ ပတ်ဝန်းကျင်ပျက်စီးမှု ကြုံရ သည်။ ရာသီဥတုပျက်စီးမှု၊ ပြောင်းလဲမှုများ တွေ့ရပြီး မြန်မာနိုင်ငံတွင် ၁၉၈၇ ခုနှစ်မှ ၂၀ဝ၂ ခုနှစ်အတွင်း ရေကောင်းရေသန့် လျော့ပါးမှု၏ ၉၈ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးတွင် အသုံးပြုနေသော ပိုးသတ်ဆေးကြောင့် ဖြစ်သည်။ ၁ ရာခိုင်နှုန်းသည် စက်ရုံစွန့်ပစ် ဓာတုဆေးနှင့် ၁ ရာခိုင်နှုန်းသည် ရုံးသို့၊ အိမ်သို့ စွန့်ပစ်ပစ္စည်းများကြောင့် ဖြစ်သည်ဟု မှတ်သားခဲ့ဖူးသည်။

သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ရာသီဥတု ပြောင်းလဲမှု၊ လူတို့၏ နေထိုင်မှုပုံစံ ပြောင်းလဲမှုတို့ ပြောင်းလဲလျက်ရှိရာ စိုက်ပျိုးရေးတွင်လည်း အော်ဂဲနစ် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့် ဂျီအေပီစိုက်ပျိုးထုတ်လုပ် မှုတို့ကို ပြောင်းလဲလုပ်ကိုင်လာကြသည်။

ဘေးကင်းအစားအစာမဖြစ်ခြင်းတွင် ပိုးသတ်ဆေး အပါအဝင် ဓာတုပစ္စည်းအပြင် ဆိုးဆေးမှာလည်း ဘေးကင်းအစားအစာတွင် အန္တရာယ်ဖြစ်လာသည်မှာ သဘာဝဆိုးဆေးကို စားသုံးကုန်တွင် အသုံးမပြုကြဘဲ ဓာတုဆိုးဆေးကို အသုံးပြုလာခြင်းကြောင့် ဖြစ်သည်။ သဘာဝသီးနှံအပင်များမှ သဘာဝဆိုးဆေးများရသည်။ အဝါရောင် (နနွင်း)၊ အနီရောင် (သီတင်းသီး)၊ အနီရောင် (ချဉ်ပေါင်သီးခွံ)၊ အစိမ်းရောင် (ဆွမ်းမွှေးရွက်) (မုန့် လက်ဆောင်းဖတ် ပြုလုပ်သည်။)၊  အဝါရောင် (ထန်းသီး နှစ်)၊ ပန်းရောင် (ဆီအုန်းသီး အနှစ်)၊ ခရမ်းရောင် (အောင်မဲညိုပွင့်) စသည်ဖြင့် အစားအစာမုန့်များတွင် အရောင်ဆိုးနိုင်ပါသည်။ အရွက်၊ အပွင့်၊ အခေါက်၊ အမြစ်၊ အစေ့အဆန်တို့မှ သဘာဝဆိုးဆေးရရှိနိုင်ပါသည်။

အန္တရာယ်ဖြစ်သော အစားအစာမှာ အစားအစာ တွင် အသုံးပြုခွင့်မရှိသော ဓာတုဆိုးဆေးများကို အသုံးပြု နေကြခြင်းကြောင့် ဖြစ်ရသည်။ ချည်ထည်ဆိုးဆေး၊ သားရေဆိုးဆေး၊ ပိုးထည်ဆိုးဆေး Aura Mine ‘‘o” (အော်ရာမင်းအို) အဝါရောင်ဆိုးဆေးကို သုံးကြသည်။ လက်ဖက်တွင် အများဆုံး၊ မျှစ်တွင်လည်း အများဆုံး တွေ့ရသည်။ အနီရောင် ဆိုးဆေး (Sudan Dryes) သည် ငရုတ်သီးမှုန့်တွင် အများဆုံး တွေ့ရပြီး သားရေလုပ်ငန်း သုံး ဆိုးဆေးအမျိုးအစားဖြစ်၍ အန္တရာယ်များပါသည်။ အစာအိမ်အူလမ်းကြောင်း ရောင်ခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိခိုက်ခြင်း ဖြစ်ရသည်။ Orange II  ဟု ခေါ်သော လိမ္မော်ရောင်ဆိုးဆေးသည် ပဲနီလေး၊ ငရုတ်သီးမှုန့်နှင့် ယိုမျိုးစုံတွင် တွေ့ရသည်။ အသည်းနှင့် ကျောက်ကပ်ကို ပျက်စီးစေသည်။ အစာအိမ်ထိခိုက် သည်။ ခွင့်မပြု ဆိုးဆေးများသည် လက်ဖက်၊ ချင်းနှပ်၊ အသားတု၊ ဝက်အူချောင်း၊ ကြက်အူချောင်း၊ ပုစွန်ချဉ်၊ ချဉ်ဖတ်များ၊ ပုစွန်ခြောက်၊ ငါးပိ၊ အချဉ်ရည်ဆော့စ်မျိုးစုံ၊ သီးစုံယို၊ ဆီးထုပ်၊ မုန့်၊ အချိုရည်၊ နနွင်းမှုန့်နှင့် လက်ဖက် ခြောက်တို့တွင် စစ်ဆေးတွေ့ရှိနေရသည်။ အစားအစာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများသည် အစားအစာတွင် သုံးစွဲရန်နှင့် ခွင့်မပြုသော ဆိုးဆေးများ မသုံးရန် အသုံးပြု ပစ္စည်းများ သတ်မှတ်ထားသည်။ လိုက်နာခြင်းမရှိပါက အမျိုးသား စားသောက်ကုန်ဥပဒေပုဒ်မ ၂၈ (က)အရ အရေးယူခံရမည်ဟု အသိပေးထားသည်။

ဤကြားထဲမှာလည်း ဂျီအမ်အို (GMO-Genetically Modified Organism) ခေါ်သည့် ဗီဇပြုပြင်သီးနှံ၊ မွေးမြူရေးအစာတို့ကလည်း ဓာတ်ခွဲခန်းတွင် မျိုးဗီဇ ပြုပြင် ပြောင်းလဲ၍ ထွက်ရှိလာသော စိုက်ပျိုးရေး၊ မွေးမြူ ရေး အစားအစာများဖြစ်သည်။ စားသုံးမှုတွင် ကျန်းမာ ရေးနှင့် ညီသည်၊ မညီညွတ်သည်ကို ပြောဆိုငြင်းခုံနေ ကြဆဲဖြစ်သည်။

စိုက်ပျိုးရေးတွင် တစ်ချိန်က အထွက်ကောင်း ကောင်း ထွက်သည်ကို ဦးစားပေး လုပ်ကိုင်ခဲ့ကြသည်။ လူဦးရေကလည်း နှစ်စဉ်တိုးလာ၍ တိုးလာသော ပါးစပ် ပေါက်များ ဖူလုံစွာ ကျွေးမွေးနိုင်ရန် အထွက်တိုးသည် အရေးကြီးခဲ့ကြသည်။ အထွက်တိုးအတွက် ဓာတုဆေး များ၊ ဗီဇပြုပြင်သီးနှံများ၊ စပ်မျိုးများ အသုံးပြုခဲ့ကြသည်။ ယခုတော့ အထွက်တိုးမဟုတ်။ စိတ်ချရသည့်အစား အစာထုတ်လုပ်ရေး၊ အရည်အသွေးကောင်း ထုတ်လုပ် ရေးကို ဦးတည်လာခဲ့ပြီဖြစ်သည်။ အော်ဂဲနစ်စနစ် စိုက်ပျိုး မှုတွင် ခွင့်ပြုသည်ကို သုံးမည်။ ခွင့်မပြုသည်ကို မသုံး။ အထွက်နှုန်းနည်းချင်နည်းမည်။ သို့သော် ဘေးကင်းသည့် အစာဖြစ်၍ ဈေးကြီးချင်ကြီးမည်။ ထုတ်ကုန်တွင် အော်ဂဲ နစ်တံဆိပ်လက်မှတ်တို့ပါရှိ၍ စစ်ဆေးပြီးဖြစ်မည်။ ရန်ကုန်မြို့၌ အော်ဂဲနစ်သီးနှံရောင်းချသည့် ဈေးကွက် များရှိလာပြီ ဖြစ်သည်။ Safe Forum-Safe Food များ ရှိ လာပြီဖြစ်သည်။ မြေကြီးမပျက်စီးစေရေးနှင့် ဘေးကင်း အစားအစာထုတ်လုပ်ရေးဟု ဆိုသည်။ ဘိုင်အိုဒိုင်းနမစ် (Bio Dynamics) စနစ်ကလည်း အော်ဂဲနစ်စိုက်ပျိုးရေး ကဲ့သို့ ယခင်ကတည်းက ရှိနေခဲ့သော စိုက်ပျိုးရေးစနစ် ကလည်း ရှိသေးသည်။ အော်ဂဲနစ်သီးနှံရရန် ပိုးသတ် ဆေးမသုံးသော နည်းမျိုးစုံကို သီးခြားစီ တီထွင်နေမှု များစွာ ရှိနေကြပါသည်။ နိုင်ငံအလိုက်၊ ဓာတုဓာတ်ြွကင်း မရှိသည့် စိုက်ပျိုးနည်းကို သုတေသနပြုလုပ်နေကြသည်။ ကမ္ဘာကြီးသည် တစ်နှစ်ထက်တစ်နှစ် လူဦးရေသည် လျော့မသွား၊ တိုးလာမည်သာဖြစ်သည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ (FAO) ကြီးက ၂၀၅၀ ပြည့်နှစ်အထိ ကြိုတင်၍ တွက်ချက်ထားပြီး ဖြစ်သည်။ ရာသီဥတု ပြောင်းလဲမှုကလည်း ရိက္ခာအစားအစာထုတ်လုပ်ရေး တွင် အခက်အခဲကြုံနေရပြီ ဖြစ်သည်။ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲသွားပြီဟု နိုင်ငံတာဝန်ရှိသူ အကြီး အကဲတို့က ပြောနေကြပြီဖြစ်သည်။ ယခင်ရာသီဥတု အပေါ်တွင် အခြေခံပြီး ပြင်ဆင်မှုများ ဆောင်ရွက်၍မရ တော့ကြောင်း၊ မိုးရွာပုံရွာနည်း၊ မုတ်သုံစတင်ချိန်နှင့် မုတ်သုံပြီးဆုံးချိန်တို့သည် ယခင်ကနှင့်မတူတော့ချေ။ ရာသီဥတုပြောင်းလဲမှုကလည်း ငတ်မွတ်မှုဘေးကို ကြုံ စေသည်။ မြန်မာနိုင်ငံတွင် စပါး-စပါး-စပါးမှ ဈေးကွက် ကောင်း သီးနှံစိုက်ပျိုး ထုတ်လုပ်မှုဘက်သို့ ပြောင်းသင့် ပြောင်းရတော့မည်။ စိုက်ပျိုးရေးအပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဘေးကင်းအစာထုတ်လုပ်ရေး၊ လက်ရှိ ထက် ရိက္ခာထုတ်လုပ်မှု နှစ်ဆတိုးရေးတို့ကို ကမ္ဘာကြီးမှ ရှေးရှုဆောင်ရွက်နေရာတွင် လက်ရှိထက် နှစ်ဆတိုးရေး မှာ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးမသုံးဘဲနှင့် အခက်အခဲ ရှိနိုင်၍ စနစ်တကျ နည်းမှန်လမ်းမှန် အန္တရာယ်မရှိရန် သုံးစွဲကြရေးကိုလည်း ပညာရှင်များက ဆွေးနွေးနေကြရ ပါသည်။ အရေးကြီးသည်မှာ စိုက်ပျိုးမြေ မပျက်စီးရေး၊ မလျော့နည်းရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီ ဥတု မပျက်စီးရေးတို့ဖြစ်သည်ဟု ပြောဆိုကြသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးတွင် ဘေးထွက်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းများအား စိုက်ပျိုး မွေးမြူ ကုန်ထုတ်လုပ်ငန်း တွင် ပြန်လည်အသုံးချသည့် နည်းလမ်းများကို ကျယ် ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန်နှင့် ကောင်းမွန်သော စိုက်ပျိုးမွေးမြူစနစ်မှ စားနပ်ရိက္ခာ ဘေးကင်းမှုဆီသို့ ရှေးရှုကြရန် ဆောင်ရွက်လာကြပြီဖြစ်သည်။ ဓာတုပစ္စည်း များကို ရိက္ခာထုတ်လုပ်မှုတွင် အလွန်အကျွံ အသုံးပြုခြင်း သည် စားသုံးသူများ အန္တရာယ်များပြီး ဆေးရုံတက်၍ ကုသရသည်အထိ တိုးလာကြပြီဟု ဆိုကြသည်။ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA) ၏ ဆောင်ရွက်မှုတွင် ပြည်သူများ၏ ကူညီပူးပေါင်းမှု၊ ရောင်း ချ၊ စားသုံးသူများ ပါဝင်ခြင်းဖြင့် အောင်မြင်နိုင်ပါသည်။

အော်ဂဲနစ်သီးနှံစိုက်ပျိုးရေးသည်  စိုက်ပျိုးမည့်မြေ၊ စိုက်ပျိုးမည့် အပင်သီးနှံတို့သည် ပတ်ဝန်းကျင်နှင့်လည်း လိုက်လျောညီထွေကိုက်ညီပြီး သဘာဝလည်း မပျက်စီး စေဘဲ သက်ရှိများနှင့် အံဝင်ခွင်ကျဖြစ်ရန် ဆောင်ရွက်ရ သော လုပ်ငန်းဖြစ်၍ ဘေးကင်းသော ထွက်ကုန်သီးနှံကို ရမည်။ စားသုံးသူများ အန္တရာယ်ကင်း၍ ကျန်းမာမည်။ ကမ္ဘာတွင် အော်ဂဲနစ်စိုက်ပျိုးရေးကျင့်သုံးစိုက်ပျိုးထုတ်လုပ်သူများ ရှိလာပြီဖြစ်သည်။ အာရှတိုက်တွင် အော်ဂဲနစ် စိုက်ပျိုးမှု ဟက်တာ ၄.၉ သန်းရှိလာပြီဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကြီး၏ လေ့လာတွေ့ရှိချက်သည် ဓာတု ပစ္စည်းများနှင့် စိုက်ပျိုးထုတ်လုပ်သော အသီးအနှံများတွင် အသုံးပြုရန် သတ်မှတ်ခွင့်ပြုထားသည်ထက် အဆိပ် အတောက်ပမာဏ အဆ ၄၀ ခန့် ပိုမိုပါရှိနေသည်ဟု ဖော်ပြချက်ပါရှိသဖြင့် ရေရှည်တွင် ဘေးကင်းသော အစား အစာ ထုတ်လုပ်သည့် အော်ဂဲနစ်နှင့် ဂျီအေပီ စိုက်ပျိုးမှု တို့ကို ကျင့်သုံးလာကြတော့မည်ဟု သုံးသပ်ကြပါသည်။

Facebook Comments