THE MARINA INDIAN RESTAURANT

THE MARINA INDIAN RESTAURANT

          ရန်ကုန်မှာရောက်ဖူးသမျှ အိန္ဒိယစားသောက်ဆိုင်တွေရဲ့ အတွေအကြုံက တော်တော်လေးကောင်းခဲ့ပါ တယ်။ အရသာမှန်ကန်ပုံ ၊ ပြင်ဆင်တင်ဆက်မှု အထက်တန်းကျပုံ၊ နေရာထိုင်ခင်းသပ်ရပ်အဆင်ပြေပုံတွေက အပြစ်ပြောစရာမရှိခဲ့ပါဘူး။ ကျွန်တော်တို့ Food Magazine ရဲ့ Eating Out  ပရိသတ်များအတွက် တင်ဆက်ပေးမယ့် THE MARINA INDIAN RESTAURANT မှာတော့ တစ်မူထူးနေပြန်ပါတယ်။

          ကြယ်ငါးပွင့်ဟိုတယ်တစ်ခုမှာရှိရမယ့် မီးဖိုဆောင် ပြင်ဆင်မှု ပုံစံအတိုင်းပြင်ဆင်ပြီး စနစ်တကျအလုပ်လုပ် နေကြတဲ့ စားဖိုဆောင်ဝန်ထမ်းအများစုက အိန္ဒိယလူမျိုး စားဖိုမှူးတွေဖြစ်ပါတယ်။

          အစားအစာချက်ပြုတ်ဖို့ ကုန်ကြမ်းသိုလှောင်ရာနေရာ။ ဆေးကြောပြင်ဆင်ရာနေရာ၊ လှီးဖြတ်သန့်စင်ပြီး သိမ်းဆည်းရာနေရာ၊ ပြင်ဆင်ချက်ပြုတ်ရာနေရာတွေကို အစဉ်အတိုင်းခင်းကျင်းထားပြီး ခေတ်မီအဆင့်မြင့်တဲ့ စားဖိုဆောင်ကတော့ THE MARINA INDIAN RESTAURANT ကဂုဏ်ယူစွာဖိတ်ခေါ်ပြသခဲ့တဲ့ စားဖို ဆောင်ဖြစ်ပါတယ်။ သီးသန့်ခွဲထုတ်ထားတဲ့အခန်းမှာ တော့ ကျွန်တော်တို့ နံပြားဖိုလို့အလွယ်သိထားကြတဲ့ တန်ဒို (Tandoor) အကြီးကြီး ၃ လုံးမှာ တန်ဒိုရီစားဖို မှူးကြီး (Tandoori Chefs) တွေ အလုပ်လုပ်နေတာကို စားပွဲကနေလှမ်းမြင်နိုင်အောင် စားသောက်ခန်းမဘက် ခြမ်းကို မှန်နံရံကြီးတွေကာထားပါ တယ်။

          ကျယ်ကျယ်ဝန်းဝန်းကားပါကင်အလုံအလောက်ရှိတဲ့ ခြံဝန်းလေးထဲမှာတော့ အိန္ဒိယတောင်ပိုင်း ချနိုင်းမြို့မှာရှိတဲ့ ကမ္ဘာ့ဒုတိယအရှည်ဆုံး ပင်လယ်ကမ်းခြေရဲ့ နာမည်ပေးထားတဲ့ စားသောက်ဆိုင်ကတော့ ပေးထားတဲ့ နာမည်နဲ့လိုက်ဖက်စေမယ့် အပြင်အဆင်ကို ဆိုင်ရဲ့ ပင်လယ်စာမားကတ်ကောင်တာမှာ တွေ့ရမှာဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ပင်လယ်စာမျိုးစုံကိုရေခဲနဲ့အအေးပေး ခင်းကျင်းပြထားတာတွေထဲက နှစ်သက်ရာကို စိတ်ကြိုက် အလေးချိန်အတိုင်းဝယ်ယူပြီး မီနူးမှာပြထားတဲ့ နှစ်သက်ရာပုံစံအတိုင်းမှာ ယူချက်ပြုတ်စေရုံနဲ့ လတ်ဆတ်တဲ့ ပင်လယ်စာဟင်းလျာတွေကို အိန္ဒိယတောင်ပိုင်း ရိုးရာဟင်းလျာတွေအဖြစ် ဖန်တီးချက်ပြုတ်ပေးမှာဖြစ်ပါတယ်။

          ပင်လယ်စာမားကတ်ကောင်တာရဲ့ မျက်စောင်းထိုးမှာကတော့ အပြင်ဘက်စားသောက် ဧရိယာ ဖြစ်ပါတယ်။ ဘားကောင်တာ လည်းအသင့်ရှိတာကြောင့် ညဘက်တွေအတွက် နေရာကောင်းလို့စိတ်ထဲက နေမှတ်ထားလိုက်မိပါတယ်။

          စိတ်ဝင်စားဖို့ကောင်းလှတဲ့ တန်ဒိုမီးဖိုချောင် (Tandoor Kitchen)  ကြီးရဲ့အရှေ့တည့်တည့်ကတော့ THE MARINA ရဲ့ စားသောက်ခန်းမကျယ်ကြီးဖြစ်ပါတယ်။ မှန်နံရံကြီးတွေကြောင့် အလင်းရောင်ကောင်း ကောင်းရပြီး ထူးခြားတဲ့ နံရံအပြင်အဆင်ဒီဇိုင်းတွေနဲ့ အိန္ဒိယလက်ရာ ရောင်စုံကနုတ်ပန်းချီလက်ရာများက နံတစ်ဖက်တစ် ချပ်ဆီမှာ နေရာယူထားပါတယ်။ စားသောက်ခန်းမကြီး ရဲ့နောက်ဘက်မှာတော့ အိန္ဒိယနာမည်ကျော်မြို့ကြီးများရဲ့ အမည်တွေပေးထားတဲ့ သီးသန့်ခန်းတွေရှိနေပါသေးတယ်။ ထူးထူးခြားခြားဒီဇိုင်းဆွဲ တည်ဆောက်ထားတဲ့ စားသောက်ဆိုင်ရဲ့ အဆောက်အဦးထဲမှာ ပန်းခြံသေးစားလေး ရှိနေတာမို့ သီးသန့်ခန်းတွေမှာဝင်ရောက်သုံးဆောင်ကြမယ့် ဧည်သည်များအတွက်ကတော့ ပန်းခြံမျက်စိပဒေ သာလေးကိုပါ ခံစားရမှာဖြစ်ပါတယ်။ နောက်ထပ်ခန်းမ ကျယ်ကြီးတစ်ခုကတော့ အစည်းအဝေး၊ ကုမ္ပဏီများရဲ့ မိတ်ဆက်တင်ဆက်ခြင်းပွဲ၊ မိတ်ဆုံစားပွဲများကို သီးသန့်ပြုလုပ်ဖို့ကောင်းတဲ့နေရာဖြစ်ပါတယ်၊ အပြင်ဘက်ကနေ အခန်းအထိ တိုက်ရိုက်ဝင်ရောက်နိုင်မယ့်လမ်းလေး လည်းရှိနေတော့ ကိုယ့်တစ်ဖွဲ့တည်း သီးသန့်ဖြစ်ချင်ကြတဲ့ အဖွဲ့တွေအကြိုက်တွေ့မယ့် နေရာလေးဖြစ်ပါတယ်။ ဆေးလိပ်နဲ့ ထွက်လေဝင်လေ ရှူတတ်ကြတဲ့သူတွေ အတွက် ဘေးဘက်မှာ ဆေးလိပ်သောက်နိုင်တဲ့ နေရာလေးကိုလည်း အဆင်သင့်တွေ့ရပါတယ်။

          အိန္ဒိယအစားအစာကြိုက်သူများရောတရုတ်နဲ့ ထိုင်းအစားအစာကိုပါ နှစ်သက် သူတွေအတွက်လည်း အဆင်ပြေပြေ မှာယူစားသောက်နိုင်မယ်လို့ဆိုတဲ့ MARINA ရဲ့ အစားအစာစာရင်းကို စပြီးကြည့်ပါပြီ။ နေ့တစ်နေ့ကိုအစပြုဖို့ MARINA ရဲ့ မနက်စာကတော့ အာဟာရပြည့်ဝစွာပေးပါလိမ့်မယ်။

          တိုရှည်လို့ကျွန်တော်တို့သိတဲ့  Dosa, MuGyf MuGyf, G, G ကျွန်တော်တို့ ပူရီလိုခေါ်တဲ့ ဖေါင်းကားကား ပူပူနွေးနွေးဂျုံပြားကြော် Bthura (အိန္ဒိယအလိုမှာတော့ ပူရီဆိုတာအရွယ်အစားပိုကြီးပါတယ်) လေပူတွေနဲ့ပြည့် တင်းနေတတ်တာကြောင့် ရောက်ရောက်ချင်းပူပူနွေးနွေး စားမယ်ဆို လေပူဟပ်မခံရအောင် သတိထားရပါမယ် Idly လို့ခေါ်တဲ့ ဆန်အနှစ်ပေါင်းမုန့်၊ မတ်ပဲကြော်လို့ကျွန်တော်တို့သိထားတဲ့ Vada တွေကို ဆန်ဘာရူးလို့အရပ် ထဲမှာခေါ်တဲ့ Samba (ချစ်တီးအသီး အရွက်စုံဟင်းရည်)အုန်းသီး ချက်တနီးနဲ့ ခရမ်းချဉ်သီးချက်တနီးတို့နဲ့တွဲဖက် သုံးဆောင်ရမှာဖြစ်ပါတယ်။ အားလုံးနဲ့ အလိုက်ဖက်ဆုံး ဖြစ်မယ့် အတွဲအဖက်အိန္ဒိယ မဆလာလက်ဖက်ရည်လေး ပါ တည်ခင်းပေးတာဖြစ်လို့ MARINA မှာရောင်းအကောင်း ဆုံး မနက်စာဖြစ်ပါတယ်။ ဒီလိုမှမဟုတ် အိမ်၊ရုံး အရောက်မှာယူသုံးဆောင်ချင်တယ်ဆိုရင်လည်း ဒီပုံစံအတိုင်း အိမ်၊ ရုံး အရောက်ပို့လုပ်ပေးနေတာဖြစ်ပါတယ်။

          နောက်ထပ်မိတ်ဆက်ပေးချင်တာကတော့ ထူး ထူးခြားခြားပြင်ဆင်ထားတဲ့ Crispy Corn in Golden Basket ဖြစ်ပါတယ်။ ဂျုံပြားကိုခြင်းပုံစံပုံသွင်းပြီး မီးဖုတ် ပုံစံယူပြီးမှ ရလာတဲ့ခြင်းထဲမှာ ကြွပ်ကြွပ်ကြော်ထားတဲ့ ပြောင်းဖူးစေ့လေးတွေထည့်ပြီး အပေါ်က လေးတွေဖြူး ထားတဲ့ အိန္ဒိယတရုတ်အရသာရော စပ်ဖန်တီးထားတဲ့ ခံတွင်းဖွင့်စာတစ်မျိုး ဖြစ်ပါတယ်။ အပြင်အကာပါ ရောပြီး စားလို့ရတဲ့ဒီ ခံတွင်းဖွင့်စာ ဟင်းလျာကစားပွဲပေါ်မှာ အဆင်သင့်တည်ခင်းပေးထားတဲ့ အစိမ်းရောင်ချက်တနီးလေးဆမ်းပြီး အားလုံးကိုခံတွင်းအပြည့်ဝါးကြည့်လိုက် စေချင်ပါတယ်။

          ခံတွင်းဖွင့်စာရဲ့အရှိန်လေးနဲ့ နောက်ထပ် ရောက်လာတဲ့ခံတွင်းဖွင့်စာတစ်မျိုးကို ဆက်ပြီးမြည်းကြည့်မိ ပါတယ်။ Chicken Tikkaဆိုတဲ့ကြက်ကင်တစ်မျိုးပါ။ အသီးအရွက် စုံသုတ်လေးကိုတော့အဆန်းမထွင်ဘဲ ရိုးရာအတိုင်းကြက်သွန်နီတွေနဲ့ လုပ်ထားပါတယ်။ အသားကင်ကို အသီးအရွက်လေးတွေနဲ့ စားရင်း တန်ဒိုရီစားဖိုမှူး ကြီးတွေပြင်ဆင်ပေးလိုက်တဲ့ နှစ်သက်ရာနံပြားတစ်မျိုးနဲ့ စားလိုက်ရတဲ့အခါမှာတော့ အနည်းငယ်စပ်တဲ့ အရသာပါးပါးလေး အသားကင်ကိုအသီးအရွက်သုပ်ချဉ်ချဉ်လေး နဲ့ရောပြီးမှ ခံတွင်းထဲမှာအရည်ရွှမ်းပြီး စိုစွတ်နေချိန်မှာ နံပြားလေးကိုက်စားလိုက်မှ စောစောက ခံတွင်းအရည် နဲ့ရောနှောပြီးပိုထူးခြားတဲ့ အရသာကိုခံစားရပါတယ်။ ဒီပုံစံက ခြောက်ခြောက်သွေ့သွေ့ဖြစ်နေရင်တော့ Murg Makhani ကိုမှာယူပြီးသုံးဆောင်နိုင်ပါ တယ်။ ကြက်သား ကို ခရမ်းချဉ်သီးအနှစ်တစ်မျိုး၊ ထောပတ် များများရော နှောပြီး ချက်ထားတဲ့ဟင်းတစ်မျိုးဖြစ်ပါတယ်။ မြောက် ပိုင်းဟင်းလျာတစ်မျိုးဖြစ်ပေမယ့် တောင်ပိုင်းက Karalaparotha နဲ့ တွဲဖက်စားရင်လည်း တစ်မျိုးကောင်းတာကတော့ အကြံပေးရမယ့် အချက်ဖြစ်ပါတယ်။

          နောက်ထပ်ကောင်းကောင်းလေးတစ်ခုကဒံပေါက်ပါ။ မွှေးရနံ့စုံစုံလင်လင်နဲ့ အရသာရှိရှိဒံပေါက်ကိုစားဖို့ အစားကောင်းကြိုက်တဲ့ အဖော်ကောင်းတစ်ယောက်နဲ့ အတူစားမှကုန်မယ့်ဒံပေါက်ပွဲကတော့ အနှစ်ဟင်းမျိုးစုံနဲ့ လိုက်ဖက်ပါတယ်။ ကျွန်တော်ကတော့ စောစောကပြော ခဲ့တဲ့ MurgMakhani နဲ့လိုက်ဖက်ကြောင်းအကြံပြုလိုပါ တယ်။

          နောက်ပိတ်ဆုံးအချိုပွဲအနေနဲ့ အကြံပေးလိုတာက Gulab Jamon ကိုစားဖြစ် အောင်စားဖို့ အကြံပြုလိုပါတယ်။ နို့ကိုရေခန်းသွားတဲ့အထိကျိုပြီး တော့မှရလာတဲ့ နို့အနှစ်တွေကို မလိုင်လုံးလုံးပြန်ကြော်ပြီး သကြားရည်နဲ့ စိမ်စားရတာပါ။ သကြားရည် စိမ်တဲ့အခါ Saffron ပါထည့်ပြီး စိမ်ထားတာကြောင့် ရနံ့သင်းသင်းနဲ့ ချိုချိုမွှေးမွှေးလေး ဖြစ်နေတဲ့ ရိုးရာအချိုပွဲကိုလည်းစားဖြစ်အောင်မှာစားကြပါလို့အကြံပြုချင်ပါတယ်။

          ပရိသတ်ကြီးရေကျွန်တော်တို့ Eating Out အဖွဲ့သားတွေရဲ့ THE MARINA INDIAN RESTAURANT အတွေ့အကြုံတွေကကျွန်တော်စာနဲ့ ရေးပြနိုင်တာထက် ကိုပိုပြီးတော့မှ ပြီးပြည့်စုံလှပါတယ်။ ရိုးရာအရသာ စစ်မှန်မှုဘက်မှာ တိကျမှန်ကန်သလို ဝန်ဆောင်မှုပိုင်းနဲ့ ဧည့်ဝတ်ပြုချင်းမှာလည်း အရည်အချင်းပြည့်ဝကြ ပါတယ်။ တော်ဝင်လမ်းထဲက ခေတ်မှီအဆင့်မြင့်တဲ့စားသောက် ဆိုင်ဈေးကွက်ကို ဝင်ရောက်လာခဲ့တဲ့ THE MARINA INDIAN RESTAURANT  ကိုသွားရောက်အပန်းဖြေပြီး အိန္ဒိယကို အစားအသောက်အလည် တစ်ခေါက်သွားဖို့ အကြံပြုတင်ပြလိုက်ပါတယ်။

THE MARINA INDIAN RESTAURANT

No. 63, Taw Win Street, Dagon Township,

Yangon Myanmar.

+ 59 9970550055, 9970550066

Facebook Comments