အရသာသစ်များစွာနဲ့ 800 Bowls Restaurant La Mian, Xiao Long Bao

အရသာသစ်များစွာနဲ့

800 Bowls Restaurant La Mian, Xiao Long Bao

          ဟင်းပွဲအများစုက ခေါက်ဆွဲပွဲတွေဖြစ်နေပြီး အကြိုက်ဆုံးက ဘာလဲလို့မေးရင် အားလုံးနီးပါးစားကောင်း တာကြောင့် စားပြီးသူတိုင်း ဖြေရခက်သွားမယ့် ဆိုင်တစ်ဆိုင်ကို Food Magazine Eating Out ကဏ္ဍအတွက် ရေးပေးဖို့သွားရောက်ခဲ့ရပြန်ပါပြီ။ ၄၈ လမ်းနဲ့ မဟာဗန္ဓုလလမ်းမထောင့် Asia Business Centre ရဲ့ မြေညီထပ်မှာ ရှိတဲ့ 800 Bowls, La Mian, Xiao Long Bao လို့ နာမည် ပေးထားတဲ့ဆိုင်လေးဖြစ်ပါတယ်။

          ဆိုင်အပြင်အဆင်က ရိုးရိုးရှင်းရှင်းလေးဖြစ်ပြီး စားပွဲခုံတွေရဲ့ဒီဇိုင်းကတော့ သတိထားမိစရာ ပုံစံလေးတွေ ဖြစ်ပါတယ်။ ကိန်းခန်းမကြီးတတ်တဲ့ လွတ်လွတ်လပ်လပ် သမားများအကြိုက်တွေ့မယ့်အပြင် အဆင်နဲ့ဒီဇိုင်းဖော် ထားပါတယ်။ ဆိုင်ရဲ့ နောက်ဘက်ခြမ်း နေရာခပ်များများကိုမှန် အပြည့်ကာထားတဲ့ Window Kitchen ပုံစံပြင် ဆင်ထားပါတယ်။ 800 Bowls မှထွက်သမျှ ခေါက်ဆွဲမှန် သမျှကို စားဖိုမှူးတစ်ယောက်က ဒိုင်ခံပြီးလက်နဲ့ ဂျုံနယ် နန်းဆွဲပြီး ပြင်ဆင်ပေးနေတာကို ခေါက်ဆွဲပွဲမှာယူတိုင်း တွေ့ရမယ့်နေရာဖြစ်ပါတယ်။ အိမ်လုပ် လက်ဖြစ်ခေါက်ဆွဲ စစ်စစ် နှစ်သက်သူတွေ အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။  800 Bowls ရဲ့ အစားအစာစာရင်းကလည်း ဆွဲဆောင်မှု အပြည့်နဲ့ပါ။

          စင်္ကာပူစားဖိုမှူး ၂ ဦးက စားဖိုဆောင်ကိုဦးဆောင်ပြီး ဝန်ဆောင်မှုပေးနေတဲ 800 Bowls မှာ ပထမဦးဆုံးမြည်း စမ်းမိတာက ဖက်ထုပ်ကြော် (Fried Wanton) ဖြစ်ပါတယ်။ အကာသားပျော့ပျော့လေးနဲ့ ပေါင်းပြီး သားဖက်ထုပ်ကို အပြင်ခွံညို ယုံလေးကြော်ထားတာဖြစ်ပါတယ်။ စားပွဲပေါ်မှာအရံ သင့်အမြဲရှိနေမယ့် ငရုတ်နှစ်လေးနဲ့ တွဲဖက်သုံးဆောင်ဖို့အကြံပေးလိုပါတယ်။

          နောက်တစ်ခုကတော့ ပေါက်စီ (Steamed Fresh Pork Bun) ဖြစ်ပါတယ်။ ပေါက်စီကိုများ အထူးအဆန်း လုပ်လို့တော့မထင်ပါနဲ့ ပေါက်စီကို ထူးခြားအောင် ပြင် ဆင်ထားပါတယ်။ သေသေချာချာလေး ဂရုတစိုက်နဲ့ တစ်ကိုက်၊ ကိုက်လိုက်မှ ပေါက်စီထဲက ထွက်ကျလာမယ့် အရည်ချိုမွှေးမွှေးလေးတွေ ကိုယ်ပေါ်ကို မကျဘဲ ခံတွင်းထဲကို အားလုံးရောက်သွားမှာပါ။ လတ်ဆတ်တဲ့အသား၊ ဟင်းခတ်ရွက် (Herbs)များနဲ့ ဟင်းခတ်အမွှေးအကြိုင် (Spice) များရဲ့မွှေးရနံ့ နူးညံ့ပျော့ပြောင်းတဲ့ ဂျုံသားတို့ အားလုံး ပေါင်းစပ်ထားတဲ့ အရသာကတော့ အမှတ်ရစရာကောင်း လှပါတယ်။

          Original Xiao Long Bao ကတော့ အခုလတ်တလော ဈေးကွက်ထဲမှာ နာမည်ကြီးနေတဲ့ အရည်ပါတဲ့ ဖက်ထုပ်တစ်မျိုးဖြစ်ပါတယ်။ ပေါင်းခွက်လေးထဲက ဖက်ထုပ်လေးကို ဇွန်းထဲထည့်ပြီး တူလေးနဲ့ထိုးဖောက် အရည်တွေဇွန်းထဲကို ထွက်ကျလာမှ ဖက်ထုပ်ရော ဟင်းရည်ပါရောပြီး စားကြည့်ရင်ထူးခြားတဲ့အရသာနဲ့ အထိအတွေ့ကို ခံစားရမှာပါ။ ပိုပြီးထူးခြားချင်ရင်တော့ ဖက်ထုပ်တစ်ခုလုံးကို ခံတွင်းထဲ ထည့်ပြီးမှပါးစပ်ထဲမှာ ကိုက်ဖောက်ပြီး စားကြည့်စေချင်ပါတယ်။

          800 Bowls မှာ အနှစ်သက်ဆုံးဖြစ်ခဲ့ရတဲ့ ခေါက်ဆွဲပွဲလေးတစ်ခုကတော့ La Mian with Dumpling in Hot Chilli Vinaigrette ဖြစ်ပါတယ်။ အသားဖက်ထုပ်ကို ကြက်၊ ဝက် နှစ်သက်ရာမှာယူနိုင်တဲ့ ဒီခေါက်ဆွဲပွဲ လေးကတော့ စပ်စပ်ချဉ်ချဉ်လေးနဲ့ အရသာရှိလှပါတယ်။ အသားဖက်ထုပ်ထဲမှာပါဝင်တဲ့ ကြက်သွန်ဖြူမြိတ်ရဲ့ မွှေးရနံ့က ဒီခေါက်ဆွဲဟင်းပွဲကို ရနံ့ထူးခြားစေပါတယ်။ ဟင်းချိုရည် ချိုချိုမွှေးမွှေးလေးကိုလည်း ဒီခေါက်ဆွဲပွဲနဲ့အတူ တွဲဖက်တည်ခင်း ပေးထားတာဖြစ်လို့ အလွန်လိုက်ဖက် အရသာရှိလှပါတယ်။

          ခေါက်ဆွဲကို အရည်များများနဲ့ နှစ်သက်သူများ အကြိုက်တွေ့မယ့် La Mian with Spiced Beef ကို ရိုးရိုးနဲ့ အစပ်အရသာ နှစ်သက်ရာကိုမှာယူနိုင်ပါတယ်။ နောက်ထပ်တစ်မျိုးကတော့ ကြက်သား၊ ဝက်သား နှစ်သက်ရာကို မှာယူလို့ရတဲ့ ခေါက်ဆွဲပွဲတစ်မျိုး ဖြစ်ပါတယ်။ မိမိနှစ် သက်သလို La Mian with Chicken Chop ဒါမှမဟုတ် La Mian with Pork Chop  ကိုမှာယူလိုက်ရုံပါ။ အချိန်ယူအရသာသွင်းပြီး ကြော်ထားတဲ့ အသားတစ်ပန်းကန်နဲ့ မုန်ညင်းရနံ့မွှေးမွှေးနဲ့ ခေါက်ဆွဲတစ်ပန်းကန်က စားသုံးသူများကို အပြည့်အဝဆွဲ ဆောင်ထားပါလိမ့်မယ်။  ခေါက်ဆွဲချည်းပဲစားနေရတာကို နည်းနည်းရိုးလာတဲ့အချိန်မှာ ဟင်းလျာတစ်မျိုးကို ညွှန်းချင်ပါတယ်။ ခေါက်ဆွဲပွဲထဲ ရောထည့်စားလို့ကောင်းတဲ့ ပုစွန်နဲ့ ဆားဘဲဥအနှစ်ရော ကြော်ထားတဲ့ ဟင်းပွဲလေးဖြစ်ပါတယ်။ ဆားဘဲဥအနှစ်လေးတွေ လေးလေးပင်ပင်က လတ်ဆတ်တဲ့ ပုစွန်ချိုချို ဆိမ့်ဆိမ့်အရသာနဲ့လိုက်ဖက်ပြီး ဆီပူပူမြှွာကပ်နေအောင် ကြော်ထားတဲ့ ပျဉ်းတော်သိမ်ရွက်ရဲ့ ရနံ့သင်းသင်းက လည်း ခံတွင်းမှာ ခံစားရတဲ့ရနံ့ကိုပိုပြီးပြည့်စုံစေပါတယ်။

          Sauteed Prawn with Salted Egg လိုအခေါ်တဲ့ ဒီပုစွန်ဟင်းပွဲကတော့ ခေါက်ဆွဲနဲ့ တွဲဖက်စားလို့ လိုက်ဖက်တဲ့အပြင် 800 Bowls ရဲ့ အမျိုးမျိုးသော ထမင်းကြော်များနဲ့လည်း လိုက်ဖက်မှာဖြစ်ပါတယ်။

          နောက်ထပ် ထမင်းကြော်၊ ထမင်းဖြူတွေ နဲ့လိုက်ဖက်မယ့် Sweet & Sour Chicken လို Stir-fried mixed Vegetables လို ဟင်းပွဲ၊ အကြော်ပွဲတွေလည်းရှိလို့ ခေါက်ဆွဲတစ်မျိုး တည်းအတွက်မဟုတ်ဘဲ ထမင်းစားရမှ ကျေနပ်နိုင်မယ့်သူများအတွက်လည်း အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။

          ဒါ့အပြင် နိုင်ငံတကာစားသောက်ဆိုင်များမှာ ရေပန်းစားလာနေတဲ့ ဆားပေါက်စီကိုလည်း ၁၂ . ၅ . ၂၀၁၇ ရက်နေ့ကစလို့ ရနေပြီလို့ သိရပါတယ်။ ကျွန်တော်တို့ သွားရောက်မြည်းစမ်းချိန်မှာတော့ ဆိုင်ကအစားအစာစာရင်းထဲမှာ မရနိုင်သေးပေမဲ့ စားဖိုမှူးကြီးက အထူးပြုလုပ်ပေးတာကြောင့် မြည်းစမ်း ခွင့်ရခဲ့ပါတယ်။ အာရှသားတို့အကြိုက်တွေ့မယ့်အရသာ လို့ထင်ပါတယ်။

          အရာရာကို စိတ်တိုင်းကျသုံးဆောင်ပြီးရင်တော့ အချိုပွဲကောင်းကောင်း လေးတွေကိုမမေ့ဖို့ သတိပေးလိုပါ တယ်။ စိတ်ရောကိုယ် ပါ ပြန်လည်လန်းဆန်းသွားစေမယ့် Chilled Aloe Vera ကတော့ ဂျယ်လီပုံစံနဲ့ ရနံ့စုံလင်ပြီး ဝမ်း တွင်းကို အေးမြစေပါတယ်။ အစာကြေလွယ်စေပြီး လူကို လန်းဆန်းစေမယ့် အစွမ်းရှိတဲ့ အချိုပွဲတစ်မျိုးဖြစ်ပါ တယ်။ နောက်ထပ် အချိုပွဲတစ်မျိုးကတော့ Chilled Mango Pudding ဖြစ်ပါတယ်။ ရာသီပေါ်ဖြစ်တဲ့ စိန်တစ်လုံး သရက်သီးကို အခြေခံပြုလုပ်ထားတဲ့ ပူတင်းဖြစ်ပါတယ်။ မပြင်းလွန်းတဲ့ အချို အရသာနဲ့ သရက်သီးရဲ့ သဘာဝအရသာကို ရရှိခံစားနိုင်မယ့် အချိုပွဲတစ်မျိုးဖြစ်ပါတယ်။

          ပရိသတ်ကြီးရေ…800 Bowls ရဲ့ လတ်ဆတ်တဲ့ လက်လုပ်ခေါက်ဆွဲတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ အထူးဂရုပြုစီမံထားပြီး ဓာတုပွဆေးအရောင်နဲ့ ရနံ့တွေ ဘာတစ်ခုမှမပါဘူးလို့သိရပါတယ်။ စားသုံးသူများက မှာ ယူမှ လတ်လတ်ဆတ်ဆတ် လက်နဲ့ နန်းဆွဲပြီးလုပ်ထားတဲ့ လက်လုပ်ခေါက်ဆွဲ ဖြစ်ပါတယ်။ သန့်ရှင်းအရသာ ကောင်းပြီး စင်္ကာပူစားဖိုမှူးတွေက ဦးဆောင်စီမံချက်ပြုတ် နေတဲ့ 800 Bowls မှာစင်္ကာပူစာခေါက်ဆွဲနဲ့ ဖက်ထုပ် ကောင်းကောင်းလေးတွေစားဖို့ အရောက်သွားမြည်း စမ်းပြီးမှ ပြန်လည်ဝေမျှပေးလိုက်တာဖြစ်လို့ ယုံကြည်စိတ်ချစွာနဲ့ သွားရောက်သုံးဆောင်နိုင်ပါတယ်။

   လိပ်စာကတော့

800 Bowls Restaurant

(La Mian. Xiao Long Bao)

RM (G-06/07), Asia Business Centre,

Corner of Mahabandoola Road & 48th Street,

Boahtaung Township,Yangon.

09 9645 88875

Facebook Comments