Cup Cake သေးသေးလေးတွေနဲ့ လုပ်ငန်းကြီးတည်ထောင်နိုင်တဲ့ မဲလစ်ဆာဘင်အစ်ရှေး

TT_3  TT_1

TT_4 TT_2

Cup Cake သေးသေးလေးတွေနဲ့ လုပ်ငန်းကြီးတည်ထောင်နိုင်တဲ့

မဲလစ်ဆာဘင်အစ်ရှေး

          ကြော်ငြာလုပ်ငန်းမှာ အလုပ်ဖြုတ်ခြင်းခံရတာဟာ မဲလစ်ဆာဘင် အစ်ရှေး (MELASSA BEN-ISHAY) အတွက်တော့ ကောင်းကွက်တွေထဲကတစ်ခုပါ။ ဘာ့ကြောင့်လဲ ဆိုတော့ တကယ်လို့ ၂ဝဝ၈ ခုနှစ်မှာ သူမသာ အလုပ်မပြုတ်ခဲ့ရင်၊ သူမရဲ့ စိတ်သောက ဖျောက်ဖျက်ပစ်နိုင်ဖို့ မနားတမ်း ကိတ်မုန့်ဖုတ်ဖြစ်ခဲ့မှာ မဟုတ်တဲ့ပြင် အသက် ၃၂ နှစ် မကျော်ခင်လေးမှာ ခုလို ဒေါ်လာသန်း ပေါင်းများစွာရှာပေးတဲ့ Cup Cake အင်ပါယာ (Cup Cake Emipre) ကို ထူထောင်နိုင်ခဲ့မှာ မဟုတ်ဘူး။

            မဲလစ်ဆာက သေးသေးငယ်လေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ Cup Cakes (ပုံမှန် Cup Cake အရွယ်အစားရဲ့  ခြောက်ပုံတစ်ပုံပဲရှိပါတယ်။) “Baked by Melissa” အမည်ရှိတဲ့ ဆိုင်ခွဲ ၁၄ ဆိုင်ကို စတင်တည်ထောင်သူ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်ပါတယ်။ သူမ အလုပ်လက်မဲ့ ဖြစ်သွားတဲ့အခါ ကိတ်မုန့်တွေ တစ်ပုံတစ်ပင် ဖုတ်လိုက်မိတဲ့အတွက် သူငယ်ချင်းတွေကို ဝေခြမ်းပေးလိုက်ရတယ်။ သူငယ်ချင်း တစ်ယောက်မှာ အဆင့်မြင့် ပြည်သူ့ဆက်ဆံရေး ကုမ္ပဏီကြီးတစ်ခုမှာ လုပ်ကိုင်နေသူဖြစ်တော့၊ တိုက်တိုက်ဆိုင်ဆိုင် သူမရဲ့ သူဌေးက မဲလစ်ဆာရဲ့  Cup Cake ကို အရမ်းကြိုက်သွားတာကြောင့် ကုမ္ပဏီကို လုပ်ငန်းအပ်သူ ဖောက်သည်များနဲ့ အခမ်းအနားများအတွက် ကိတ်မုန့်တွေကို စတင်မှာယူပါတော့တယ်။ အဲဒီ အချိန်ကစပြီး သူမရဲ့  Cup Cake ဟာ အရှိန်ရလာပြီး သူမရဲ့ သေးသေးငယ်ငယ် စိတ်ဝင်စားဖွယ် ဖန်တီးမှုဟာ ဆက်ကာဆက်ကာ အောင်မြင်လာခဲ့တယ်လို့ ဆိုပါတယ်။

            ပထမ အမှာလွှာအတွက် ပေးရမယ့် မုန့်တွေကို နေထိုင်ရာ တိုက်ခန်းမီးဖို ဆောင်မှာပဲ ဖုတ်ပြီးတော့၊ ကိုယ် တိုင် အိမ်တိုင်ရာရောက် ဖြန့်ဝေပါတယ်။ မကြာခင်မှာပဲ လုပ်ငန်းတိုးချဲ့ ပြီး နယူးယောက်မြို့ ကြီးရဲ့ စည်ကားလှတဲ့ အားလပ်ရက်ဈေးကြီး (Holiday Markets) သုံးခုမှာ ယာယီဆိုင်ခန်းများ ငှားရမ်းကာ၊ Cup Cake တစ်ခုကို တစ်ဒေါ်လာဖြင့် ရောင်းချခဲ့တယ်။ နေ့စဉ် Cup Cake ပေါင်း တစ်ထောင်လောက် ရောင်းချခဲ့ရပါတယ်တဲ့။

            ‘ကိုယ်တိုင်စွန့်စားရဲဖို့တော့ လိုတာပေါ့နော်’ လို့ မဲလစ်ဆာက ပြောပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ ထပ်မံ၍ ငှားရမ်းခ ကြီးလွန်းတဲ့ Union Square Area မှာ ပထမဦးဆုံးဆိုင်ကို ငှားရမ်းလုပ်ကိုင်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီးတော့ နယူးယောက်မြို့ပတ်လည်မှာ ဆိုင်ခွဲ ၁၃ ဆိုင်ကို ဖွင့်လှစ် လိုက်ပြန်ရာ မနှစ်ကဖွင့်လိုက်တဲ့ Gluten-Free စတိုးဆိုင်တစ်ဆိုင် အပါအဝင်ဖြစ်ပါတယ်။ နောက်တစ်ခါ သူမရဲ့ ခြေလှမ်းအသစ်အနေနဲ့ မဲလစ်ဆာစတိုင် Macaron မုန့်လေးတွေ ဖန်တီးမယ်လို့ ဆိုပါတယ်။ ‘ဒီမုန့်လေးတွေ ဟာ မတွေ့စဖူးထူးတဲ့ အဆန်းကလေးတွေ ဖြစ်နေမှာပါ။ ကျွန်မက ပျော်စရာဖြစ်အောင် လုပ်ချင်တာပါ။ နောက်ပြီး ထုံးစံအတိုင်း သေးသေးကွေးကွေး ချစ်စရာလေးတွေပေါ့လို့’ မဲလစ်ဆာက ပြောပြခဲ့ပါတယ်။

Facebook Comments

Menu