Cornish Pasty

          စာရေးသူ ၂၀ဝ၃ ခုနှစ်မှ ၂၀ဝ၅ ခုနှစ်အထိ အင်္ဂလန်နိုင်ငံအနောက်တောင်ဘက် Cornwall မြို့နယ် Falmouth မြို့ရှိ Budock Vean Hotel www.budockvean.co.uk တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က မကြာခဏဆိုသလို Cronish Pasty ကို အဆာပြေမုန့်အဖြစ် စားခဲ့ဖူးပါသည်။ အနောက်တောင်သားတို့၏ ဂုဏ်ယူစရာ Pasty ပူပူနွေးနွေး သုံးဆောင်ရသည်မှာ အရသာတစ်ခုအဖြစ် ယနေ့တိုင်အမှတ်ရဆဲပါ။ ဒီအပတ်မှာတော့ Budock Vean Hotel-Head Chef Derren ၏ Recommend အတိုင်း www.cornishpastyassociation.co.uk အဖွဲ့၏  သတ်မှတ်ထားသော Recipe လေးကို ဖော်ပြပေးလိုက်ပါသည်။ အလားတူ Meat Pie မျိုး လုပ်စားကြည့်နိုင်ရန် ရေးသားလိုက်ပါသည်။

Pasty Shortcrust – ပါဝင်ပစ္စည်း

ပေါင်မုန့်ဂျုံ  –  ၅၀ဝ ဂရမ်

Shortening (ဆီခဲ)  –  ၁၂၀ ဂရမ်

ထောပတ်  –  ၁၂၀ ဂရမ်

စားပွဲတင်ဆား  –  ၁ ဇွန်း

ရေအေး  –  ၁၇၅ မီလီလီတာ

မုန့်သားပြုလုပ်နည်း

          ဂျုံမှုန့်အလယ်တွင် ထောပတ်နှင့် ဆီခဲတို့ကိုထားပြီး ညင်သာစွာနယ်ပေးပါ။ အပြင်ဘက်မှ အတွင်းပိုင်းသို့ နယ်ရင်း တဖြည်းဖြည်းရောသမလာသောအခါ ရေအေးကိုထည့်ပြီး Dough သား ညက်သည်အထိ သမပေးပါ။ ရေခဲသေတ္တာထဲ ၃ နာရီခန့် ထည့်ထားပါ။ Dough သားကို ထုတ်ပြီး ဂျုံမှုန့်အနည်းငယ် အပေါ်ယံကဖြူးပြီး Roller နှင့် Roll လုပ်ပါ။ Dough သားကို ခေါက်ပြီး အခါခါ Roll လုပ်ပေးပါ။ Side Plate ပန်းကန်အဝိုင်းအရွယ် 20 cm Diameter – ၃ မီလီ အထူဖြတ်ပါ။

မုန့်အတွင်းအစာ- ပါဝင်ပစ္စည်း

အမဲသား (ဗိုက်သား Cubes တုံးလေးများ)  –  ၄၅၀ ဂရမ်

အာလူး Diced အတုံး  –  ၄၅၀ ဂရမ်

မုန်လာဥ Turnip Diced  –  ၂၅၀ ဂရမ်

ကြက်သွန်နီ (ပါးပါးလှီး Sliced)  –  ၂၀ဝ ဂရမ်

ဆားနှင့် ငရုတ်ကောင်း  –  အနည်းငယ်

နို့ သို့မဟုတ် ခလောက်ထားသော ကြက်ဥ (Beaten egg) – အရောင်တင်ရန်

အစာထည့်နည်း

          Vegetbales များကို အောက်မှာခင်းပြီး အမဲသားကို အပေါ်က ထည့်ပါ။ ဆား၊ ငရုတ်ကောင်းကို လိုသလောက်ထည့်ပါ။ Dough သားကို ခေါက်ပြီး ပုံမှာပြထားသည့် အတိုင်းအစများကို ခေါက်လှိမ့်ပေးပါ။ ကြက်ဥ သို့မဟုတ် နို့ဖြင့် Dough သားကို အရောင်တင်ပေးပါ။ Oven ထဲ ၁၆၅  ဒီဂရီ အပူချိန်နှင့် ၅၅ မိနစ်ခန့် အရောင်ရလာသည်အထိ မုန့်ကို ဖုတ်ပါ။ ပူနွေးပြီး အရသာရှိသော Cornish Pasty ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။

 

 

 

 

စာရေးသူ- အောင်မြစိုး

MHTi- M Hospitality & Tourism Institute

Facebook Comments