ရုံး၊ ကျောင်း ထမင်းဘူးတွေကို ကျန်းမာရေးနှင့်အညီ ဘယ်လိုပြင်ဆင်ကြမလဲ။

ရုံး၊  ကျောင်း ထမင်းဘူးတွေကို  ကျန်းမာရေးနှင့်အညီ  ဘယ်လိုပြင်ဆင်ကြမလဲ

          ရုံး၊ ကျောင်း ထမင်းဘူးထည့်တဲ့နေရာမှာ သတိထားသင့်တာလေးတွေ မျှဝေပေးလိုက်ပါတယ်။  ဒီရက်ပိုင်းမှာ အလုပ်ရှုပ်လာသည်နှင့်အမျှ လူတော်တော်များများကလည်း ရုံး၊ ထမင်းဘူးတွေကို အလေးထားပြီး မပြင်ဆင်ကြတော့ပါဘူး။

          ဒါကြောင့် လွယ်လွယ်နဲ့ရတဲ့ လက်သုပ်စုံတွေ၊ အခုတလော အစားများနေတဲ့ လက်ဖက်ထမင်းတွေ၊ ဆိုင်မှာ အထပ်ထပ်နွှေးထားတဲ့ပာင်းနဲ့ ထမင်းကြော်တွေကို အစားများလာကြပါတယ်။

          နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်လာနိုင်လဲဆိုရင် လက်သုပ်စုံတွေကတော့ ထုံးစံအတိုင်း အခုလို မိုးရာသီမှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်စေပါတယ်။ အလွယ်တကူရတဲ့ လက်ဖက်ထမင်းအစားများရင်လည်း လူကြီးတွေမှာဆိုရင် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းစေပါတယ်။ အမျိုးသမီးတွေဆို ပိုခံစားရပါတယ်။ ကလေးငယ်တွေကလည်း အိမ်ကပာင်းမကြိုက်ရင်၊ မချက်ရင် အလွယ်တကူဝယ်လို့ရတဲ့ အသင့်စား လက်ဖက်တွေနဲ့ ထမင်းစားနေတာကို တော်တော်များများ တွေ့လာရပါတယ်။ သို့ပေမယ့် ကလေးငယ်တွေအတွက်တော့ လက်ဖက်ပာာ မစားသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။  အကြောင်းရင်းကတော့ လက်ဖက်ပာ အူလမ်းကြောင်းမှ  သံဓာတ်စုပ်ယူခြင်းကို ပိတ်ပင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကလေးတွေပာ သံဓာတ်ချို့တဲ့လာတယ်။ သံဓာတ်ချို့တဲ့တော့ သွေးအားနည်းရောဂါပါ ဖြစ်လာပါတယ်။ အဆိုးဆုံးကတော့ ကလေးငယ်တွေမှာ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးမှုကိုပါ ထိခိုက်လာစေပြီး ဦးနှောက်နှင့် အာရုံကြော ဖွံ့ဖြိုးမှုကိုပါ နှေးကွေးလာစေပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ မိမိ ကလေးငယ်တွေရဲ့  အနာဂတ်အတွက် အလွယ်တကူ ဝယ်လို့ရတဲ့  အသင့်စားလက်ဖက်တွေကို မကျွေးတော့ဘဲ စနစ်တကျ ပြင်ဆင်ချက်ပြုတ် ကျွေးမွေးပါလို့ အကြံပြုချင်ပါတယ်။

          အခုနောက်ပိုင်း ထမင်းဆိုင်တွေမှာ အထပ်ထပ် နွှေးထားတဲ့ပာင်းတွေမှာဆိုရင် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါစတဲ့ ရောဂါတွေကို ဖြစ်စေတဲ့ Trans-fat တွေ အများကြီးပါနေတတ်ပါတယ်။

          ဒါကြောင့် မိမိစားမယ့် ထမင်းဘူးကို ကျန်းမာရေးနဲ့အညီပြင်ဆင်ဖို့လိုပါတယ်။ အစာအုပ်စု (၃) အုပ်စု အပြင် အမျှင်ဓာတ် ကြွယ်ဝအောင် ပါဝင်ဖို့လည်း လိုအပ်ပါတယ်။ ဥပမာ-ထမင်း၊ အသားပာင်း(သို့) ပဲပာင်းတစ်မျိုးမျိုးအပြင် အရွက်ကြော် တစ်မျိုးမျိုးလည်း မဖြစ်မနေ ပါဝင်သင့်ပါတယ်။

          အသားပာင်းစားတဲ့နေရာမှာလည်း လက်နှစ်ဆစ်အရွယ် အသားနှစ်တုံးတော့ အနည်းဆုံးပါသင့်ပါတယ်။ ဒါမှမပုာတ် အသားပာင်း မပါရင်လည်း ကြက်ဥနှစ်လုံး (အနှစ်ကို တစ်လုံးသာစားရန်) သို့မဟုတ် ပဲပာင်းချိုတစ်မျိုးမျိုး စားသုံးပေးဖို့လိုပါတယ်။နောက်တစ်မျိုးကတော့ နို့နှင့် နို့ထွက်ပစ္စည်းတစ်မျိုးမျိုးစားသုံးပေးဖို့လည်း လိုပါတယ်။ ဥပမာ – ရုံးမှာ နေ့လယ်နေ့ခင်း နွားနို့၊ ပဲနို့သောက်တာမျိုး၊ ဒိန်ချဉ်သောက်တာမျိုးတွေကို လုပ်ပေးသင့်ပါတယ်။

          ကင်ဆာရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတို့ကို  ကာကွယ်နိုင်ဖို့အတွက် အောက်ဖော်ပြပါ အရောင်ငါးမျိုးပါတဲ့ အသီးအရွက်များကို နေ့စဉ်စားသုံးပေးဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို တရုတ်ထမင်းပန်းကန်လုံး ၄-၆ လုံး စားသုံးပေးဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် အသီးအရွက်စားတဲ့နေရာမှာ အရောင်ငါးမျိုးပြည့်အောင် ထည့်စားတာ ပိုကောင်းပါတယ်။ အရောင်ငါးမျိုးဆိုတာကတော့-

၁။ အနီရောင်ပါသော အသီးအရွက်များ

          အနီရောင် အသီးအရွက်တွေမှာ Lycopene (လိုင် ကိုပင်း) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးက ဓာတ်တိုးဆန့်ကျင် သတ္တိရှိတဲ့အတွက် ကင်ဆာရောဂါနဲ့ နှလုံးရောဂါတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

ဥပမာ- ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ ပန်းသီးအနီ၊ ဖရဲသီး။

၂။ ခရမ်းရောင်/အပြာရောင် ပါသော အသီးအရွက်များ

          ခရမ်းရောင်/အပြာရောင် အသီးအရွက်တွေက Anthocyanin (အန်သိုဆိုင်ရာနင်) ဆိုတဲ့ ဓာတ်တစ်မျိုးပါတဲ့အတွက် ခန္ဓာကိုယ်မှ ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးလို့ ကင်ဆာရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊ လေဖြတ်ရောဂါတို့ကို ကာကွယ်ပေးပါတယ်။

ဥပမာ- ခရမ်းသီး၊ ဘလူးဘယ်ရီသီး။

၃။ လိမ္မော်ရောင်/အဝါရောင် ပါသော အသီးအရွက်များ

          လိမ္မော်ရောင်/အဝါရောင်ပါတဲ့ အစားအစာတွေမှာ Betacarotene (ဘီတာ ကယ်ရိုတင်း) ဆိုတဲ့ မျက်စိအား ကောင်းစေတဲ့ ဓာတ်တွေပါဝင်ပါတယ်။ ဒါ့အပြင် Vit A ကြွယ်ဝလို့ ရာသီအကူးအပြောင်းမှာဖြစ်တတ်တဲ့ ရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။

ဥပမာ- မုန်လာဥနီ၊ ကန်စွန်းဥ၊ သရက်သီး၊ နာနတ်သီး၊ လိမ္မော်သီး။

၎။ အစိမ်းရောင်ပါသော အသီးအရွက်များ

          အစိမ်းရောင်ပါတဲ့ အသီးအရွက်တွေမှာ Phyto-chemical (ဖိုက်တိုကယ်မီကယ်) တွေ ပါတဲ့အတွက် ကင်ဆာရောဂါတွေကို ကာကွယ်ပေးပါတယ်။

ဥပမာ- ပန်းပွင့်စိမ်း၊ ပာင်းနုနယ်။

၅။ အဖြူရောင် ပါသော အသီးအရွက်များ

          အဖြူရောင်ပါတဲ့ အသီးအရွက်တွေမှာ Phyto-chemical (ဖိုက်တိုကယ်မီကယ်) ဆိုတဲ့ ဓာတ်တစ်မျိုး ပါတဲ့အတွက် ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာစတဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။

ဥပမာ- ပန်းဂေါ် ဖီ၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငှက်ပျောသီး။

          အဲဒီအရောင်ငါးမျိုးကို မိမိတို့ရဲ့ ထမင်းဘူးမှာ ထည့်စားပေးမယ်ဆိုရင် ကင်ဆာရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါနှင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာညီညီကျော် @ Dr. Nutrition

Facebook Comments