မြန်မာနိုင်ငံ၏ ပထမဦးဆုံးဥရောပအစားအသောက်ပွဲတော်

myan-food_2

myan-food_3 myan-food_4 myan-food_6

မြန်မာနိုင်ငံ၏ ပထမဦးဆုံးဥရောပအစားအသောက်ပွဲတော်
ဇွန်လ၂၄ရက်၊ ၂၀၁၆

         မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဥရောပအစားအသောက်ပွဲတော်ကို ဇွန်လ၂၄ ရက်နေ့ ညနေ ၃ နာရီမှစ၍ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်လမ်း၊ အမှတ် ၈၄ ရှိ MahlzeitRestaurant စားသောက်ခန်းမဆောင်တွင် ကျင်းပခဲ့ပါသည်။ ပွဲတော်တွင် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံစလုံးမှ စားသောက်ဖွယ်ရာမျိုးစုံကို ခင်းကျင်းပြသသွားခဲ့ပါသည်။ ပွဲတော်သို့ လာရောက်ရန် အစားအစာနှင့် အဖျော်ယမကာ ပါဝင်ပြီးသားဖြစ်သော လက်မှတ်စောင်အရေအတွက် ၅၀၀ တစ်စောင်လျှင် ၁၅,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားခဲ့ပါသည်။ လက်မှတ်များအားလုံး ရောင်းချနိုင်ခဲ့ပြီး အစားအသောက်ပွဲတော်မှ ရရှိသည့် အကျိုးအမြတ်များအားလုံးကို မေတ္တာရောင်ခြည် မိဘမဲ့ဂေဟာသို့ လှူဒါန်းသွားမည်ဟု သိရပါသည်။ ပွဲကို ဦးဆောင်ကျင်းပသူများထဲက တစ်ဦးဖြစ်သူ ဂျာမာန်အစားအစာစားသောက်ဆိုင် MahlzeitRestaurant မှ အထွေထွေမန်နေဂျာ Magnus Scherr ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ရာ “ဒ်ီပွဲက MahlzeitRestaurant ကအစပြုလို့ ဥရောပစားသောက်ဆိုင်တွေ ဖြစ်ကြတဲ့ Le Planteur, Union Bar အဖွဲ့၊ Savoy Hotel တို့နဲ့ ပူးပေါင်းပြီး လုပ်ဖြစ်ခဲ့ပါတယ်။ ဥရောပအစားအသောက်ပွဲမှာ ပြသထားတာတွေကတော့ မတူညီတဲ့ ဥရောပအစားအစာ ယဉ်ကျေးမှုတွေ ဖြစ်ပါတယ်။ ဥရောပ နိုင်ငံပေါင်း ၂၈ နိုင်ငံ ရှိပါတယ။် ဒီနေ့ အဲဒီ့ နိုင်ငံတွေက မတူညီတဲ့ အစားအစာပေါင်း ၃၀ ကျော်ကို ပြသထားပါတယ်။ ဥရောပအစားအသောက်တွေက မြန်မာလူမျိုးတွေရဲ့ အရသာနဲ့လည်း လုံးဝခြားနားသွားတာ မဟုတ်ဘူးဆိုတာ ပြချင်တာလည်း ပါတယ်။ တစ်ချိန်တည်း တစ်နေရာထဲမှာ ရှန်ပိန်အဖျော်ယမကာတွေကစလို့ မတူညီတဲ့ အစားအစာအမျိုး ၃၀ ကျော်ကို မြည်းစမ်းခွင့်ရစေချင်တာပါ။ ဒီပွဲလုပ်ဖို့ အကြံဥာဏ်ရလာတာကတော့ အသိမိတ်ဆွေတစ်ယောက်က လာအိုနိုင်ငံမှာ ခုလိုပွဲမျိုး ကျင်းပတာ ၅ နှစ်ရှိပြီဖြစ်ပြီး သတင်းအချက်လက်တွေ ပေးပို့လာပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာလည်း အဲလိုပွဲလေးလုပ်ဖြစ်ချင်တာပါ။ မထင်မှတ်ထားဘဲ ခုပွဲက တွေ့တဲ့အတိုင်းပဲ အောင်မြင်ပါတယ်။ လက်မှတ်စောင်ရေ ၅၀၀ လုံး ကုန်သွားပါတယ်။ တကယ်တော့ လက်မှတ်၂၀၀၀ ကျော်ရောင်းလည်း ကုန်မယ်ထင်ပါတယ်။ ဒီပွဲကနေ ဒေါ်လာ ၈၀၀၀ လောက်ရပြီး ကျွန်တော်တို့တွေပေါင်းပြီး မိဘမဲ့ကလေးကျောင်းတွေကို လှူသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီပွဲကအရမ်းကို အောင်မြင်တဲ့ပွဲလေး ဖြစ်ပါတယ်။

        ကျွန်တော်တို့တွေ ဒ်ီလိုဥရောပအစားအစာပွဲတွေ ထပ်လုပ်ဖြစ်အုန်းမှာပါ။ ဒါအပြင် စားသုံးသူတွေက မတူညီတဲ့နိုင်ငံက မတူညီတဲ့အစားအသောက်တွေကို စိတ်ဝင်စားတာကြောင့် အမေရိကန်၊ ကနေဒီယန်၊ မက်ဆီကန်၊ ဘရာဇီးလီယန်၊ အာဂျင်တီးနားအစရှိတဲ့ အစားအသောက်တွေ ပါဝင်ပြသနိုင်တဲ့ အမေရိကန်အစားအသောက်ပွဲတော်လိုမျိုး လုပ်ချင်ပါတယ်။ အာဖီရီကန်၊ အာရှ အစားအသောက် ပွဲတော်တွေကိုလည်း ဆက်လုပ်ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်”

 

Facebook Comments