ရှောက်၊ သံပရာမျိုးဝင် အပင်များ (ထူးခြားဟင်းခတ်အမွှေးအကြိုင်)

by နှင်းဝေဦး for Food Magazine

ရှောက်၊သံပရာမျိုးဝင်အပင်များသည်အသီးအရွက်သုပ်စားမြိန်ရည်၊မုန်လာဥနံနံပင်ဟင်းချို(သို့)ငါးစားမြိန်ရည်တို့၏ ပါဝင်ပစ္စည်းအဖြစ် အသုံးဝင်ရုံသာမက ခြေထောက်နာကျင်ခြင်းမှစ၍ ကင်ဆာရောဂါအတွက် လေ့လာမှုအသစ်များအထိ အနာရောဂါများတိုက်ဖျက် ရာတွင် ကူညီပေးသော ဒြပ်ပေါင်းတစ်မျိုးပါဝင်သည်။ရှောက်၊သံပရာအသီးများ၏အခွံတွင်ပါဝင်သောFlavonoid (အော်ဂဲနစ်ဒြပ်ပေါင်းများ) သည် ဆီးကျိတ်ကင်ဆာ အပါအဝင် ကင်ဆာရောဂါများစွာတို့၏ ဓာတုကုထုံးများ တွင် သုံးစွဲနိုင်သည်။

ရှောက်၊ သံပရာအသီးများနှင့် အခွံများအား နည်း မျိုးစုံဖြင့် ပြင်ဆင်အသုံးပြုကြသည်။ ကမ္ဗလာ၊ အခွံပွ လိမ္မော်နှင့် လိမ္မော်ခွံတို့ကို အရက်ချိုပြင်း၊ ချိုချဉ်စားဖွယ်၊ အဆာသွတ်မုန့်နှင့် ကိတ်မုန့်တို့တွင် ထည့်သွင်းသုံးစွဲလေ့ ရှိပြီး ဝိုင်နီပူပူနွေးနွေးတစ်ခွက် ဖြည့်စွက်လိုက်ပါက အလွန်ဆွဲဆောင်မှုရှိသော ရနံ့တစ်မျိုးရလာသည်။ ရှောက်သီးသည် လူကြိုက်အများဆုံး သံပရာမျိုးနွယ်ဝင် အသီးဖြစ်၍ ဖျော်ရည်အဖြစ်လည်းကောင်း၊ အခွံကို လည်းကောင်း သုံးစွဲကြပြီး ကမ္ဘာတစ်လွှားတွင် ယင်း အမျိုးပေါင်း ထောင်နှင့်ချီ၍ ရှိသည်။ အိန္ဒိယမြောက်ပိုင်း နှင့် တရုတ်တို့တွင် ပေါ်ပေါက်ခဲ့သည်ဟုဆိုသော်လည်း စစ္စလီတွင် အေဒီ ၂၀ဝ၊ အရှေ့အလယ်ပိုင်းတွင် နှစ် ၁၀ဝ ကျော် နောက်ပိုင်းမှ စတင်၍ ရောက်ရှိလာခဲ့သည်ဟု သိရ သည်။ ကျွန်မအကြိုက်ဆုံး ရှောက်၊ သံပရာ မျိုးနွယ်ဝင် အသီးသည် ထူးဆန်းသော်ငြားလည်း ရနံ့မွှေးကြိုင်လှ သော Buddha’s Hand Lemon ဟု ခေါ်သည့် လက်ပုံ သဏ္ဌာန်ရှိသော အချဉ်သီးတစ်မျိုးဖြစ်ပြီး ၎င်း၏အခွံ တစ်ခုလုံးကို အမွှေးအကြိုင်ကဲသော ဟင်းလျာများ၊ အချိုပွဲများ၊ ကော့တေးနှပ်ခြင်းနှင့် အခြား တာရှည်ခံ အောင် ထားရှိသော စားသောက်ဖွယ်ရာများတွင် အသုံး ပြုနိုင်သည်။ တရုတ်ရိုးရာတွင် ၎င်းအသီးသည် ပျော်ရွှင် ခြင်းနှင့် သက်ရှည်ကျန်းမာခြင်းကို ကိုယ်စားပြုပြီး ဂျပန် တွင် ကံကောင်းသည့်နိမိတ်ဟု ယုံကြည်ကြသည်။

အပူပိုင်းဒေသ၌ ပေါက်ရောက်သော ရှောက်သီး ရနံ့ကို အားလုံးထဲတွင် အကြိုက်ဆုံးဖြစ်သည်။ အရှေ့ တောင်အာရှတွင် ပေါက်ရောက်ပြီး ကိုင်းဆက်ကူး စိုက်ပျိုးသော အသီးထက် အစေ့နည်းကာ အပူပိုင်းရာသီ ဥတုနှင့် ပို၍သင့်လျော်သည်။ အခြားသော ရှောက်၊ သံပရာမျိုးနွယ်ဝင် အသီးများထက် အေးခဲမှုဒဏ်ကို ပိုခံ ရသည်။ သံပရာခွံသည် ရှောက်သီး၊ ကမ္ဗလာသီးနှင့် ဂရိတ်ဖရုသီးအခွံများထက် ပိုပါးလွှာ၍ ပိုနူးညံ့သည်။ Loomi ဟု သိကြသော ခြောက်သွေ့ ပြီး အနက်ရောင်ရှိ သည့် သံပရာသီးများသည် ပါရှားနှင့် အိန္ဒိယရိုးရာ

ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်သည်။ အစိမ်းရောင် သံပရာသီး တစ်လုံးလုံးကို ဆားရည်နှင့် စိမ်ထားပြီး နေရောင်အောက်တွင် အခြောက်ခံ၍ တာရှည်ခံအောင် ထားနိုင်သည်။ အရှေ့အလယ်ပိုင်းဟင်းလျာများတွင် ထည့်သွင်းအသုံးပြုသော မျက်နှာပြင်မာကြောသည့် ၎င်း အသီးမျိုးသည် ပဲတောင့်ရှည်ဟင်း၌ ချဉ်သောအရသာ နှင့် မီးခိုးနံ့ ခပ်သင်းသင်း ရလေ့ရှိသည်။

အော်ဂဲနစ်မဟုတ်သော အသီးများ၏ အခွံကို သယ်ယူပို့ဆောင်ခြင်းမပြုမီတွင် ဓာတုပစ္စည်းများစွာ ဆွတ်ဖျန်းတတ်သောကြောင့် အော်ဂဲနစ်အသီးများကို သာ ရွေးဝယ်ပါ။ အော်ဂဲနစ်ဝယ်၍ မရပါက သဘာဝအသီး ဆေးရည် (အများစုမှာ ရှောက်၊ သံပရာမျိုးနွယ်ဝင် အသီး များ၏ အဆီမှ ဆင်းသက်လာသည်) နှင့် သေချာ ဆေးကြောပေးပါ။ အာလူးအခွံနွှာကိရိယာအသုံးပြု၍ အခွံနွှာပြီးလျှင် ချက်ချင်းအသုံးပြုပါ။ အသုံးမပြုပါက လည်း ခြောက်သွေ့ ပြီး မာမသွားစေရန် ပလတ်စတစ် အကြည်စနှင့် လုံခြုံစွာထွေးပတ်ပြီး ရေခဲရိုက်ထားပါ။ (သို့) ထားသိုရ လွယ်ကူသော ဤပြုလုပ်နည်းအတိုင်း ပြုလုပ်ပါ။ ဆေးကြောပြီး အသီး ၄ လုံးကို အခွံခပ်ပါးပါး ချွတ်ပါ။ ဆူနေသောရေထည့်ထားသည့် အိုးတစ်အိုး အတွင်းထည့်ပြီး ၁ မိနစ်ခန့် ရေနွေးဖြောပါ။ ထို့နောက် ရေများကို စစ်ထုတ်ပြီး ရိုးရိုးရေနှင့် တစ်ခေါက်ထပ်၍ ဆေးပါ။ ရေအေးတွင် ဆေးကြောပြီး အခြောက်ခံပါ။ အဖုံး အလုံပိတ်ဘူးအသေးတစ်ခုထဲ ပြောင်းရွှေ့ ပြီး ဆား စားပွဲဇွန်း ၂ ဇွန်း၊ သကြား စားပွဲဇွန်း ၃ ဇွန်းနှင့် စမုန်ဖြူ

ခက် ၆ ခက်တို့ကို ရောထည့်ပါ။ ယင်းနောက် အကုန်လုံး ရောမွှေပြီး တစ်ပတ်ကြာခန့် အေးအောင်လုပ်၍ ゞင်းဘူး ကို နေ့စဉ် လှုပ်ပေးပါ။ မိမိအသုံးပြုလိုသော တာရှည်ခံ မှုန့်ထည့်ပြီးပါက ဓားချွန်ကို အသုံးပြုပြီး ခပ်ပါးပါး အချောင်းလေးများရအောင် လှီးယူပါ။ ယင်းနောက် ဟင်းလျာများတွင် ဖြူး၍ နောက်ဆုံး စမုန်ဖြူခက်ထည့်ပြီး

သုံးဆောင်နိုင်သည်။ ထူးခြားသောအရသာရရှိစေရန် ကမ္ဗလာချိုသီး (သို့) ပန်းရောင်ရှိသော ဂရိတ်ဖရုသီး အခွံ တို့ကို အစားထိုးအသုံးပြုနိုင်သည်။

 

Facebook Comments