အုန်းစိမ်းကျောက်ကျော

by ရွှေရည်ဖြိုး for Food Magazine

          ကျောက်ကျောအနေနဲ့ပဲစားစား၊ မုန့်လက်ဆောင်းထဲမှာပဲ ထည့်စားစား စားလို့ကောင်းမယ့် အုန်းစိမ်းကျောက်ကျောလေးပါနော်။

ပါဝင်ပစ္စည်းများ

အုန်းသီးစိမ်း  –  ၅ လုံး (ဇွန်းခြစ်)

အာဂါးကျောက်ကျောအပြာထုပ်  –  ၂  ၁/၂ ထုပ်

သကြား  –  ၄၀ ကျပ်သား

ပင်ပွား  –  ၁ ဇွန်း

ဆား  –  အနည်းငယ်

အုန်းစိမ်းရည်  –  နို့ဆီဘူး ၁၀ ဘူး

ပြုလုပ်နည်း

၁။       အုန်းစိမ်းရည်ကို ပွက်ပွက်ဆူအောင် တည်ပါ။

၂။       အာဂါးကျောက်ကျော၊ သကြားနှင့် ဆားတို့ကို သမအောင် မွှေထားပါ။

၃။       အုန်းသီးသားနုနုကို လိုသလိုပုံဖော်ပြီး ခြစ်ထားပါ။

၎။       ပင်ပွား ၁ ဇွန်းကို ရေစိမ်ထားပါ။

၅။       အုန်းစိမ်းရည် ပွက်ပွက်ဆူလာလျှင် သမအောင် မွှေထားသော ကျောက်ကျောမှုန့်ကို ထည့်ကျိုပါ။

၆။       ပွက်ပွက်ပြန်ဆူလာလျှင် မီးလျှော့ပြီး ၃ မိနစ်ခန့် ကျိုပါ။

၇။       မုန့်ဗန်းထဲ ဆူထားသော ကျောက်ကျောရည်လောင်းထည့်ပြီး အပေါ်မှာ ခြစ်ထားသော အုန်းသီးသားနုအဖတ်များနှင့် ပင်ပွားများကို လှလှပပ ညီညီညာညာလေးဖြူးပြီး အအေးခံပါ။

၈။       အအေးခံပြီး ၁ နာရီကျော်အကြာမှာ မုန့်သားအေးခဲသွားပြီ ဖြစ်သဖြင့် ဓားဖြင့် လှီး၍ လိုသလို ပုံဖော်အလှဆင်ပြီး စားသုံးနိုင်ပါပြီ။

Facebook Comments

Menu