အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်ထဲမှ ပစ္စည်းများကို အသုံးပြုနည်းအကြောင်း အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်ထဲမှ အစားအသောက်များ မပုပ်မသိုးဘဲ ကြာရှည်ခံစေမည့် နည်းလမ်းကောင်းများနှင့် နည်းလမ်းတကျထားနည်း

by Syi Lwin Foods Garden for Food Magazine

          ဒီလရဲ့ ရင်ခုန်စရာ မီးဖိုချောင်ထဲမှ အစားအသောက်တွေ မပုပ်မသိုးဘဲ ကြာရှည်ခံစေမယ့် နည်းလမ်းကောင်းများနှင့် နည်းလမ်းတကျထားနည်း နည်းများကို မျှဝေပေးချင်ပါတယ်။ ကိုယ့်အတွက်ဖြစ်စေ၊ ချစ်ရတဲ့ မိသားစုအတွက်ဖြစ်စေ လူတိုင်းကတော့ အကောင်းဆုံးနဲ့ အလတ်ဆတ်ဆုံး အစားအသောက်တွေကိုမှ စားချင်၊ ကျွေးချင် လိုကြပါတယ်။ ဒါပေမဲ့လည်း နေ့စဉ်နေ့တိုင်းတော့  ဈေးကို မသွားလိုကြပါဘူး။ ဒါပေမဲ့ ထားသိုနည်းလမ်းမှန် မသိကြတဲ့အခါ လျင်မြန်စွာပုပ်သိုး ပျက်စီးကုန်တဲ့ အစားအစာတွေကြောင့် ပိုမိုအကုန်အကျများလာတာလည်း ဖြစ်တတ်ပါတယ်။ အစားအသောက်တွေကို လိုလိုမည်မည် ဝယ်ထားပေမယ့်လည်း ကြာကြာအထားမခံဘဲ ပုပ်သိုးသွားတော့ ပိုက်ဆံကုန်တာပဲ အဖတ်တင်တာပေါ့။ ဒါကြောင့် ဒီလိုမျိုး အချိန်မရှိသူများအတွက် အစားအသောက်များကို  လတ်လတ်ဆတ်ဆတ်နဲ့ အချိန်ကြာကြာ သိမ်းဆည်းထားနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ဒါကြောင့် ဒီလမှာ သိရှိသင်ကြားဖြစ်ခဲ့တဲ့ နည်းလမ်းအချိုကို This & That မှာ အားလုံးလေ့လာနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

          အသားကို ကြာကြာအထားခံချင်ရင်တော့ Super Market တွေမှာ ထားသလို ထားပေးရပါမယ်။ အရင်ဆုံး Sandwich Bag လို့ ခေါ်တဲ့ အိတ်လေးထဲ အသားထည့်လိုက်ပါ။ ပိတ်တဲ့အခါမှာတော့ အဆုံးအထိမပိတ်ဘဲ နည်းနည်းဟထားပြီး ရေထဲကို နှစ်လိုက်ပါ။ အသားထည့်ထားတဲ့နေရာလေး မြုပ်သွားရင်တော့ အိတ်ကို လုံအောင်ပိတ်လိုက်လို့ ရပါပြီ။ အိတ်ထဲကို လုံးဝရေမဝင်ပါစေနဲ့။ ပြီးလျှင် ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်မယ်ဆိုရင် ကြာကြာအထားခံပါတယ်။

          စတော်ဘယ်ရီသီးတွေ မပုပ်မသိုးဘဲ ကြာကြာခံအောင် ဇလုံတစ်လုံးထဲ ရေထည့်ပြီး Apple Cider Vinegar တစ်ခွက်လောက် ထည့်လိုက်ပါ။ ပြီးလျှင် စတော်ဘယ်ရီထည့်ထားတဲ့ ဘူးလေးကို ခဏစိမ်လိုက်ပြီး ရေစစ်ချကာ ရေခဲသေတ္တာထဲမှာ ပြန်ထည့်ထား လိုက်ပါ။ ဒါဆိုလျှင်တော့ မပုပ်မသိုးဘဲ ကြာကြာအထားခံပါတယ်။

          ပေါင်မုန့်ကို ဒီအတိုင်းထားမယ်ဆိုလျှင် မှိုတက်မှာပါ။ ဒီလိုမဖြစ်ရအောင် ပေါင်မုန့် ထည့်ထားတဲ့ အိတ်ထဲကို တရုတ်နံနံကြီးထည့်ပြီး ပိတ်ထားလိုက်ပါ။ အဲဒါဆိုလျှင် ပေါင်မုန့်က ကြာကြာအထားခံပါတယ်။

          နွားနို့ပျက်ပြီး ချဉ်မသွားအောင် နွားနို့ကို စဝယ်လာကတည်းက စားပွဲတင်ဆား  နည်းနည်းလေးထည့်လိုက်ပါ။ ပြီးလျှင် ပုလင်းကို လှုပ်ယမ်းလိုက်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ပါ။ အဲဒါဆိုလျှင် နွားနို့က ကြာကြာအထားခံပါတယ်။

          ငှက်ပျောသီးကို မရိသွားစေချင်ဘူး။ ကြာကြာအထားခံချင်တယ်ဆိုရင်တော့ ငှက်ပျောသီးအခိုင်ထိပ်ကို ပလတ်စတစ်နဲ့ သေချာပတ်ထားပေးပါ။ အဲဒါဆိုလျှင် အထားခံ ပါတယ်။

          ကွတ်ကီးတွေက ကြာလာရင် မာပြီးတောင့်သွားတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ကွတ်ကီးကို ပုလင်းထဲထည့်ပြီး အဲဒီထဲကို ပေါင်မုန့်တစ်ချပ်ပါ ထည့်ထားပေးပါ။ ပြီးလျှင် ပုလင်းကို အဖုံးလုံအောင် ပိတ်ထားလိုက်ပါ။ အဲဒါဆိုလျှင် ကွတ်ကီးလည်း မာတောင့်သွားမှာ မဟုတ်ပါဘူး။

          နွားနို့ကို ခဲထားခြင်း- ခရီးသွားခါနီးကျမှ နွားနို့ကို ဂါလန်ဘူးလိုက်ဝယ်မိပြီဆိုလျှင် မပူပါနှင့်။ အအေးခံသည့်အခါ ထုထည်မြင့်တက်လာမှာဖြစ်တဲ့အတွက် နွားနို့အနည်းငယ်ကို ဖယ်ရှားပစ်လိုက်ပါ။ ရေခဲသေတ္တာထဲထည့်ပြီး နို့ကို ၄ ပတ်မှ ၆ ပတ်အထိ အေးခဲထားနိုင်ပါတယ်။

          ကြက်ဥကို ရေခဲခွက်ထဲထည့်၍ အေးခဲခြင်း – တစ်ခါတလေမှာ ကြက်ဥတွေကို လတ်ဆတ်နေတုန်းမှာ အသုံးမပြုတတ်မိကြပါဘူး။ ဒါကြောင့် ကြက်ဥတွေကို ဖောက်လိုက်ပြီး ရေခဲခွက်ထဲထည့်ကာ ဆား သို့မဟုတ် သကြား အနည်းငယ်ဖြူးပေးပြီး အေးခဲထားပါ။ လိုအပ်တဲ့အချိန်မှာ အသုံးပြုနိုင်ပါတယ်။

          အချိန်ကုန်သက်သာစေတယ်ဆိုတာ အကြံပြုရင်း နောက်လတွေမှာလည်း ဘယ်လို မီးဖိုချောင်သုံးပစ္စည်းများ (သို့) မီးဖိုချောင်အတွင်းမှ အစားအစာများရဲ့ အကြောင်းအရျာားကို တင်ဆက်ပေးသွားမလဲဆိုတာ စောင့်မျှော်ဖတ်ရှုကြပါဦးရှင်…။ စည်  ကျောင်းတုန်းက သင်ခဲ့ရသော Safety Food & Storing Ingredients ဘာသာရပ်မှ စိတ်ဝင်စားစရာအကြောင်းလေးများကို http://www.foodnetwork.com/kitchen မှ ရရှိသော အကြောင်းအရာလေးများနှင့်အတူ ပူးတွဲဖော်ပြလိုက်ပါတယ်။

မှတ်ချက်- ဖော်ပြထားသည့် Information သည် နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းငယ် ကွာခြားမှုလေးများ ရှိလျှင် ရှိတတ်ပါသည်။

Happy day to you all

Facebook Comments