အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်သုံးပစ္စည်းများအကြောင်း ကြက်သွန်နီကို မျက်ရည်မကျအောင် ဘယ်လိုလှီးမလဲ

Syi Lwin Foods Garden for Food Magazine

          ဒီလရဲ့  ရင်ခုန်လေ့လာစရာ မီးဖိုချောင်ထဲက အစားအစာတွေထဲကမှ ကြက်သွန်နီ ဟာ ကမ္ဘာပေါ်မှာ ရှိရှိသမျှ အိမ်တိုင်းနီးပါးရဲ့ မီးဖိုချောင်မှာ မရှိမဖြစ်ရှိရသောအရာ ဖြစ်ပါတယ်။ ဟင်းတစ်ခွက်ကို အနံ့၊ အရသာ အနှစ်တိုးစေသော ကြက်သွန်နီဟာ စားကောင်းသလောက် သူ့ကိုအခွံနွှာမယ်၊ လှီးမယ်ဆိုရင် မျက်ရည်မကျဘဲ မနေနိုင်အောင် သူ့ရဲ့ အနံ့နဲ့ အခိုးအငွေ့က ပြင်းထန်လှပါတယ်။ ဒါကြောင့် တချို့အိမ်ရှင်မတွေဆို ကြက်သွန်နီ လှီးရမှာ ကြောက်ကြပါတယ်။ တချို့ဆို အသင့်လှီးပြီးသား၊ အခွံနွှာပြီးသားများကို အသုံးပြုကြပါတယ်။ တချို့ ကြက်သွန်နီဆို ကိုင်တွယ်ပြီးလျှင် ကြက်သွန်နံ့က လက်မှာ တော်တော် စွဲကျန်နေခဲ့တာမျိုးတွေလည်း ရှိတတ်ပါတယ်။ အဲဒါလေးတွေကို တစ်ခါတလေ ဘယ်လိုဖြေရှင်း လုပ်လို့ရလဲဆိုတာ သိတဲ့သူတွေရှိသလို မသိတဲ့သူတွေ ၊ အိမ်ရှင်မတွေလည်း ရှိပါတယ်။ ဒီလိုနည်းလမ်းကောင်းတွေကို လေ့လာရှာဖွေ  စမ်းသပ်နေတဲ့ ကမ္ဘာ့စူးစမ်းရှာဖွေရေးအဖွဲ့မှ သူတို့လေ့လာစမ်းသပ်ထားသော နည်းလမ်းတချို့ကို ဒီလရဲ့ This & That rSm  “How to Cut an Onion without Crying” နည်းလမ်းတွေကို အားလုံးအသုံးဝင်ပြီး ဗဟုသုတရစေဖို့ အကြံပြု မျှဝေလိုက်ပါတယ်။

          ကြက်သွန်နီက ဘာကြောင့်မျက်ရည်ကျစေတာလဲ။ သိပံ္ပပညာရှင်တွေ ပြောကြား ချက်အရဆို သူ့ထဲမှာ ပါဝင်တဲ့ ကမ်မီကယ် ကြောင့် ဖြစ်ပါတယ်။ ကြက်သွန်နီရဲ့ သဘာဝဓာတ်ငွေ့မှာ amino acids ခေါ်သော sulfoxides က ကြက်သွန်နီကို လှီးလိုက်လျှင် ဗုံးတစ်လုံးခွဲလိုက်သလိုပဲ သူ့အတွင်းနံရံမှာရှိတဲ့ sulfoxides ဂက်စ်အငွေ့များ ထွက်ရှိအောင် တိုက်တွန်းပေးသလို ဖြစ်တာကြောင့်ပါ။ အဲဒီ ဂက်စ်အငွေ့များက မျက်လုံးထဲဝင်ပြီး မျက်ရည်ကျစေတာမျိုး ဖြစ်တာဖြစ်ပါတယ်။ University of Bristol ရဲ့ လေ့လာ စမ်းသပ်ချက်များအရ တချို့နည်းလမ်းများက တချို့သူတွေအတွက် အဆင်ပြေစေပေမယ့် တချို့ နည်းလမ်းများကတော့ လူအတော်များများအတွက် အသုံးဝင် အသုံးတည့်ပါတယ်။ နည်းလမ်းတိုင်း အဆင်ပြေစေတယ်လို့တော့ ပြောထားပါတယ်။ University of Bristol မှ လေ့လာရှာဖွေတွေ့ရှိ စမ်းသပ်ထားသော နည်းလမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။

၁။       ကြက်သွန်နီကို ရေခဲသေတ္တာထဲ၊ ရေခဲထဲ ထည့်ခဲထားပါ။ ရေခဲထဲ ထည့်ခဲထားခြင်းဖြင့် ကြက်သွန်နီလုံးက ခဲနေတာကြောင့် အခွံနွှာတာဖြစ်စေ၊ လှီးတာဖြစ်စေ sulfoxides ဂက်စ် မထွက်တော့တာကြောင့် မျက်လုံးနာကျင်သော ဂက်စ်မဝင်တော့ပါ။ ဒါပေမဲ့ ခဲနေသော ကြက်သွန်နီကို ကြာရှည်ကိုင်တွယ် လှီးမယ်ဆိုလျှင် frostbite တော့ ဖြစ်တတ်ပါတယ်။

၂။       ကြက်သွန်နီကို ရေခဲရည်ဖြင့် စိမ်ထားပါ။ ရေခဲရေအေးဖြင့် ကြက်သွန်နီများကို စိမ်ထားခြင်းဖြင့် ကြက်သွန်နီမှ အခိုးအငွေ့များကို ငြှိမ်းသတ်ပေးခြင်း ဖြစ်ပါတယ်။ အခွံနွှာပြီးသား ကြက်သွန်နီများကို ရေခဲရေအေး အသန့်ထဲ ပြန်ထည့်ပြီး မလှီးခင် စိမ်ထားလည်း ရပါတယ်။

၃။       အရမ်းထက်သော ဓားကို အသုံးပြုပါ။ အရမ်းထက်သောဓားဖြင့် မြန်မြန်လှီးလျှင် ကြက်သွန်နီကို ဖိအားအရမ်းမသုံးရတာကြောင့် ကြက်သွန်အခိုးငွေ့ ဂက်စ်တွေက ကြက်သွန်နီ နံရံတွေကို မဖိတိုက်တာကြောင့် ထွက်မလာစေတော့ပါဘူး။ ဒါမှမဟုတ် အခုနောက်ပိုင်းပေါ်သော လေလုံ လက်ဖြင့် ဖိချလှီးရသော ကြက်သွန်လှီး ဓားမျိုးလည်း အဆင်ပြေပါတယ်။

၎။       ပေါင်မုန့်ဖြူကို ပါးစပ်ထဲ ငုံထားပါ။ ကြားရတာ အဓိပ္ပာယ်မရှိဘူးလို့ ထင်လိမ့်မယ်။ ဒါပေမဲ့ ပေါင်မုန့်ဖြူ အနည်းငယ်ဖဲ့ပြီး ကြက်သွန်နီ လှီးတယ်။ အခု ငုံထားကြည့်ပါ။ ကြက်သွန်နီ အခိုးအငွေ့ ဂက်စ်ကြောင့် မျက်ရည်မကျစေသလို အငွေ့လည်းမရိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပေါင်မုန့်က ဖော့ဖတ်လိုပဲ အခိုးအငွေ့တွေကို စုပ်ယူပစ်တာကြောင့်ပါ။ ပေါင်မုန့်ကို ရှေ့သွားဖြင့် ကိုက်ပြီး နှုတ်ခမ်းများကို အနည်းငယ် ဟထားခြင်းဖြင့် နှာခေါင်းနှင့် မျက်လုံးဆီသို့ ကြက်သွန်နီ အခိုးအငွေ့တက်ချင်းမှ လုံးဝ ကာကွယ်ပေးပါတယ်။

၆။       ကားဝပ်ရှော့မှာ ဝတ်သော မျက်မှန်၊ လက်အိတ်နှင့် တချို့က မျက်မှန်ကြည် အကြီးတွေ တပ်ပြီး လှီးတယ်။ လက်အိတ်ထူဝတ်ပြီး အခွံနွှာခြင်း၊ လှီးခြင်းလည်း လုပ်ကြပါတယ်။ ကြည့်ရတာတော့ ပျော်ဖို့ကောင်းပေမယ့် လက်တွေ့တော့ သိပ်အသုံးမဝင်နိုင်ပါဘူး။ သင့်မှာ ဒီပစ္စည်းတွေရှိရင်တော့ လုပ်ကြည့်လို့ရပါတယ်။

၇။       ကြက်သွန်လှီးနေသော စဉ်းတီတုံးပေါ် ဆားတင်ထားပါ။ ကြက်သွန်တင်လှီးနေသော စဉ်းတီတုံးပါ် ဆားတစ်ပုံလောက် ပုံထားလိုက်ပါ။ ဆားက အခိုးအငွေ့များကို စုပ်ယူစေတယ်လို့ ဆိုထားပါတယ်။

၈။       ကြက်သွန်နီကို လေတင်ကနေ မလှီးပါနဲ့။ ကြက်သွန်နီ လှီးမယ်၊ နွှာမယ်ဆိုလျှင် ပန်ကာလေ၊ ပြတင်းပေါက်လေ ကိုယ့်ဘက်တိုက်တဲ့ဘက် မျက်နှာမူပြီး မလှီးပါနဲ့ ကြက်သွန် ဂက်စ်က ကိုယ့်ဆီ တိုက်ရိုက်လာတာကြောင့် မျက်ရည်ကျပြီး မျက်လုံးပါ စပ်လာပါလိမ့်မယ်။ ကြက်သွန်နီ မလှီးခင် လေလမ်းကြောင်းကို အရင်လေ့လာပြီးမှ လှီးပါ။

၉။       စတီးဇွန်းကို ကိုက်လှီးပါ။ တချို့က စတီးဇွန်းကို ပါးစပ်ထဲ ကိုက်ပြီး လှီးပါတယ်။

၁၀။     ရေပိုက်ခေါင်း ရေဖွင့်ပြီး လှီးပါ။ မီးဖိုချောင် ပန်းကန်ဆေးဇလုံမှ ရေပိုက်ခေါင်းကို ရေဖွင့်ချပြီး ကြက်သွန်နီ လှီးလျှင် ဂက်စ်ငွေ့များ ရေငွေ့ဖြင့် ပျောက်သွားစေပါတယ်လို့ ဆိုထားပါတယ်။

          နည်းလမ်းတွေကတော့ မျိုးစုံတော့ ရှိကြပါတယ်။ ကိုယ်တိုင်လက်တွေ့ အဆင်ပြေဆုံး နည်းလမ်းကို အန္တရာယ်ကင်းကင်းနဲ့ အသုံးတည့်နိုင်တာကို ရှာဖွေတွေ့ရှိနိုင်ပါစေ။ နောက်လတွေမှာလည်း ဘယ်လို မီးဖိုချောင်သုံး ပစ္စည်းများ (သို့) မီးဖိုချောင်အတွင်းမှ အစားအစာများရဲ့ အကြောင်းအရာလေးတွေကို  ဖော်ပြပေးသွားမလဲဆိုတာ စောင့်မျှော် ဖတ်ရှုကြပါဦး။ စည် ကျောင်းတုန်းကသင်ခဲ့ရသော Cutting Vegetable  ဘာသာရပ်မှ စိတ်ဝင်စားစရာ အကြောင်းလေးများနဲ့ အတူ https://www.vegimaster.com မှရရှိသော အကြောင်းအရာလေးများနှင့်အတူ ပူးတွဲဖော်ပြလိုက်ပါတယ်။ Happy day to you all

မှတ်ချက် – ဖော်ပြထားသည့် Information သည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းငယ် ကွာခြားမှုလေးများ ရှိလျှင် ရှိတတ်ပါသည်။

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments