အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်သုံးပစ္စည်းများအကြောင်း Use Griller and be Healthier Grilling

TT_3

အားလုံးအတွက် ရင်ခုန်စရာ မီးဖိုချောင်သုံးပစ္စည်းများအကြောင်း Use Griller and be Healthier Grilling

            ဒီလရဲ့  ရင်ခုန်စရာမီးဖိုချောင်သုံးပစ္စည်းများအကြောင်းမှာ ပေါ့ပေါ့ပါးပါးလေ့လာနိုင်မယ့် Griller နှင့် Grilling အကြောင်းလေးကို ရှယ်ပေးချင်ပါတယ်။ အခုချိန်အခါမှာ ကျန်းမာရေးနှင့် ညီညွတ်စွာစားသုံးခြင်းမှာ အသားကင်စားခြင်းက ကျန်းမာရေးအတွက် ပိုပြီးလိုက်လျောညီထွေမှုရှိတယ်လို့ လူအများသိပြီး လက်ခံထား ကြပါတယ်။ အသားကင်ဟာ အခုအခါမှာ တော်တော်နာမည်ကြီးပြီး လူတိုင်းနီးပါး ကြိုက်နှစ်သက်သော အစားအစာတစ်မျိုး ဖြစ်နေပါတယ်။ အသားကင်စားတာ ကျန်းမာရေးနှင့် ကောင်းမွန်သော်လည်း သေချာနည်းစနစ်ကျကျ မကင်လျှင် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိတဲ့အပြင် ရောဂါပိုးမွှားများတောင် ရရှိနိုင်ပါသေးသည်။ အားလုံးအတွက် Grilling နည်းစနစ် နည်းလမ်းကောင်းလေးတွေကို ဒီလ This & That မှာ အားလုံး ဗဟုသုတများ တိုးပွားလေ့လာနိုင်ရန် ဝေမျှလိုက်ပါတယ်။

မီးတောက်ပြင်းပြင်းဖြင့် ကင်ခြင်း၊ မီးမြှိုက်ခြင်း

            ဘာဂါပြား၊ ဝက်အူချောင်း၊ ကြက်အူချောင်းများကို အကျက်လွန်လောင်ကျွမ်း၊ တူးခြစ်နေတာမျိုးကိုမှ ကြိုက်သောသူများအတွက် ဒီအကြောင်းလေးတွေ လေ့လာသင့်ပါတယ်။ အကျက်လွန်လောင်းကျွမ်း၊ တူးချစ် နေသော အသားများကို စားသုံးခြင်းက ပန်ကရိယ ကင်ဆာဖြစ်နိုင်ချေ ၆ဝ ရာခိုင်နှုန်းရှိတယ်လို့ University of Minnesota လေ့လာတွေ့ရှိချက်မှ ဖော်ပြထားပါတယ်။ တက္ကသိုလ်ရဲ့ ဆက်လက်လေ့လာတွေ့ရှိချက်အရ အခုလို အကျက်လွန်လောင်ကျွမ်း၊ တူးခြစ်နေသော အသားကင်များကို စားသုံးသော လူဦးရေ ၆၂ ဝဝဝ ခန့် ၉ နှစ်တာ အတွင်းမှာ ပန်ကရိယက်ကင်ဆာရောဂါ ဖြစ်ပွားနှုန်းရှိခဲ့ပါတယ်။ အသားကို မီးပြင်းပြင်းဖြင့် ချက်ချင်းကင်ခြင်းများကို ပြုလုပ်ပါက ဓာတုဓာတ်တစ်မျိုးဖြစ်သော HCAs (Heterocyclic Amines) နှင့် PAHs (Polycyclic Aromatic Hydrocarbons) ကို ပြောင်းလဲသွားစေပါတယ်။ ကာဆီးနဂျင် (Carcinogen) ကနေ DNA ကို ပြောင်းလဲစေပြီး ကင်ဆာဖြစ်စေခြင်းများ ဖြစ်တတ်စေပါတယ်။ အသားများကင်မယ်ဆိုလျှင် အဆီမများတာကို ရွေးချယ်ပါ။ အဆီဖတ်များပါလျှင်လည်း လှီးထုတ်ပစ်သင့်ပါတယ်။ အဆီဖတ်များ မလှီးထုတ်လျှင် မီးဖြင့်ကင်လျှင် မီးတောက်ပေါ် အဆီများကျပြီး မီးဟုန်အရှိန်းပြင်းပြီး အသားများကို ကာဆီးနဂျင် (Carcinogen) ဓာတ်အားများ ပြောင်းလွဲသွားစေပါတယ်။ အသားကင်ရာမှာ အရေးကြီးတာက မကြာခဏ အသားကို ခဏခဏလှန် ပေးဖို့လိုပါတယ်။ အဲဒီလိုလှန်ပေးမှ HCAs ကို ၇၅ – ၉၅ ရာခိုင်နှုန်းလောက် လျော့ကျသွားမှာ ဖြစ်ပါတယ်လို့ Nutrition Action Healthletter က ဆိုထားပါတယ်။ အသားများတူးလျှင်လည်း လှီးထုတ်ပစ်ပါ။ အတူးအခြစ်များ မစားသင့်ပါ။

အသားများကို ပိုမိုနူးညံ့အောင် ဆီ၊ ဝိုင်၊ အမွှေးအကြိုင်များဖြင့် နယ်နှပ်ထားပါ

            ဆေးဝါးရှာဖွေရေးနှင့် ဆေးသိပ္ပံရှာဖွေရေးအဖွဲ့ တောင်သေချာမသိပါဘူး။ အသားများကို ကြိုတင်နယ် နှပ်ထားပြီးမှကင်လျှင် အသားနှင့် ကာဆီနိုင်ဂျင်ဓာတ်အားကို သတ်သတ်ဆီဖြစ်အောင် တားစီးထားသလို ဖြစ်စေပါတယ်လို့ ဆိုထားပါတယ်။ The American Institute for Cancer Research ရဲ့ပြောကြားချက်အရ အသားများကို မိနစ် ၃ဝ လောက် ကြိုတင်နယ်နှပ်ထားခြင်းက HCAs ဖြစ်ပေါ်မှုကို မဖြစ်စေပါဘူး။ အသားနယ် နှပ်ရာမှာလည်း နယ်နှပ်သော အရည်အမွှေးအကြိုင်ပေါ် မူတည်ပါတယ်လို့ Kansas State University နှင့် The Food Science Institue ရဲ့ အမဲသားကို Caribbean အသားနယ်နှပ်နည်းဖြင့် နယ်နှပ်ကင်လိုက်တဲ့အခါ HCAs ၈၈ ရာခိုင်းနှုန်းလောက် ကျဆင်းစေပြီး၊ ဟင်းခတ်အမွှေးနံ့သာနှင့်ပဲ နယ်နှပ်ထားလျှင် ၇၂ ရာခိုင်နှုန်းလောက် ကျဆင်းစေပြီး အနောက်နိုင်ငံ မွှေးအကြိုင်များနှင့် နယ်နှပ်ထားလျှင် ၅၂ ရာခိုင်နှုန်းလောက်ကို မကောင်းသောဒြပ်ပေါင်းများကို ဖယ်ရှားပေးပါတယ်။

အသားကင်တဲ့အချိန်လျော့ပါ

            အသားကင်ရာမှာ အသားကို မီးခိုးမြှိုက်ခြင်းနှင့် မီးတောက်ဖြင့် အကြာကြီးကင်လျှင် ကာဆီနိုင်ဂျင်ကို ဖြစ် စေပါတယ်။ အသားကင်ရန် နယ်နှပ်ထားသော အသားများကို အပြင်အပူချိန်နှင့် ထုတ်ထားလျှင် အချိန်တိုတိုကင်ပြီး ချက်ချင်းစားသင့်ပါတယ်။

အသားကင်လျှင် မီးတောက်လျော့ထားပါ

            အကင်အိုးပေါ်တင်ကင်လျှင် မီးမျှင်မျှင်လေးဖြင့် ကင်တာပိုကောင်းပါတယ်။ အကင်တန်းပေါ်မှ အသားများ ကပ်နေခြင်း မီးကျွမ်းခြင်းများမဖြစ်စေရန် မကင်ခင် အကင်တန်းတွေကို ဆီရွှဲနေအောင် သုတ်ပါ။ အပူခံငွေစက္ကူဖြင့် အသား (သို့) အသီးအရွက်များတင်ပြီး ကင်လည်း အဆင်ပြေပါတယ်။ မီးခိုးမြှိုက်ခြင်း မီးနှင့် ထိတွေ့ခြင်းများမှ ကာကွယ်ပြီး ကင်တာပိုကောင်းပါတယ်။

ဟင်းသီးဟင်းရွက်နှင့် အသီးအနှံ့များကင်ပါ

            အကင်ကြိုက်သူများအတွက် အကင်လည်းအမြဲ စားလို့ရအောင် ကိုယ်စားချင်သော အရသာလည်းရရှိပြီး ကင်ဆာရောဂါဖြစ်ခြင်းမှလည်း ကာကွယ်နိုင်အောင် အသားကင်စားမယ့်အစား ဟင်းသီးဟင်းရွက် ဘာဂါနှင့် အသီးအနှံများကို ကင်စားခြင်းက အန္တရာယ်ကင်းစေပါတယ်။ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံ့တွေမှာပါတဲ့ Phytochemicals က တချို့သော ကင်ဆာရောဂါများကို လျော့ကျစေပါတယ်။

အကင်အိုးကို သန့်ရှင်းရေးလုပ်ပါ

            အကင် ကင်ပြီးတာနှင့်ချက်ချင်း အကင်အိုး၊ အကင်တန်းများ၊ အကင်ဆန်ခါများကို  ချက်ချင်း တိုက်ချွတ် ဆေးကြောသင့်ပါတယ်။ အကင် ကင်ပြီးလျှင် ကပ်ကျန်ခဲ့သော အသားစများ တူးပြီးကပ်နေသော အရာများမှ  ချက်ချင်း မဆေးဘဲထားလျှင် ပိုးမွှားများပေါက်ပွားပြီး အဆိပ်ဖြစ်စေပါတယ်။

            Grill အကြောင်း သိကောင်းစရာလေးများကို ဒီလောက်နှင့် ကျေနပ်အားရလိမ့်မယ်လို့ ထင်ပါတယ်။ စည်  ကျောင်းတုန်းကသင်ခဲ့ရသော Grilling ဘာသာရပ်မှ စိတ်ဝင်စားစရာ အကြောင်းလေးများနဲ့အတူ www.allaboutgrilling.com မှရရှိသော အကြောင်းအရာလေးများနှင့် အတူပူးတွဲဖော်ပြလိုက်ပါတယ်။

Happy Healthy grilling to you all !!!

မှတ်ချက်   –     ဖော်ပြထားသည့် Information သည် နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းငယ် ကွာခြားမှုလေးများ ရှိလျှင်ရှိတတ်ပါသည်။

Syi Lwin Foods Garden

Facebook Comments