အာလူးဆနွင်းမကင်း

by ရွှေရည်ဖြိုး for Food Magazine

(၂၀) ဦးစာ

ပါဝင်ပစ္စည်းများ

အာလူး  –  ၁ ပိဿာ

သကြား  –  ၄၀ ကျပ်သား

ထောပတ်ဆီ  –  ၁၀ ကျပ်သား

ပဲဆီ  –  ၁၀ ကျပ်သား

ဂျုံ  –  ၂၅ ကျပ်သား

အုန်းသီး  –  ၁/၂ လုံး

နို့မှုန့်  –  ၃ ဇွန်း

ဘိန်းစေ့  –  အနည်းငယ်

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အုန်းဦးရည်  –  စားပွဲဇွန်း ၅ ဇွန်း

ပြုလုပ်နည်း

၁။       အာလူးကို ရေဆေး၍ နူးအောင်ပြုတ်ပြီး ကြိတ်ပါ။

၂။       အုန်းသီးအဖတ်များရအောင် ခြစ်ထားပါ။

၃။       ကြိတ်ထားသော အာလူး၊ အုန်းသီးဖတ်၊ ဂျုံ၊ သကြား၊ နို့မှုန့်နှင့် ဆားတို့ကို ထည့်ပြီး သမအောင် နယ်ပါ။ သမလာလျှင် ထောပတ်နှင့် ပဲဆီတို့ကို ထည့်ပြီး နယ်ပါ။

၎။       ထောပတ် အနည်းငယ်သုတ်ထားသော ဗန်းထဲ နယ်ပြီးသား မုန့်နှစ်များထည့်ပြီး မျက်နှာပြင်ညီညာအောင် ညှိပါ။

၅။       ညီညာသွားသော မုန့်မျက်နှာပြင်ပေါ် ထောပတ်အနည်းငယ် သုတ်ပါ။ အုန်းဦးရည်ဆမ်းပြီး ဘိန်းစေ့အနည်း ငယ်ဖြူးပါ။

၆။       မီးတင်ပြားနှင့် မီးသွေးကို အပေါ်မီးများများ၊ အောက်မီးနည်းနည်းနှင့် ၁ နာရီခန့် ဖုတ်ပါ။ (သို့) အပေါ်မီး ၂၃၀ ဒီဂရီဖာရင်ဟိုက်၊ အောက်မီး ၂၀ဝ ဒီဂရီဖာရင်ဟိုက်ဖြင့် မုန့်ဖုတ်စက်ထဲထည့်ပြီး ၄၅ မိနစ်ခန့် ဖုတ်ပါ။

၇။       မျက်နှာပြင် အနီရောင်သန်းလျှင် မုန့်သားကျက်၊ မကျက်ကို ဓားဦးချွန်ဖြင့် ထိုးကြည့် ပြီး ဓားမှာ မုန့်ကပ်မပါလာလျှင် မုန့်ကျက်ပါပြီ။

Facebook Comments