အစားအစာ၏ အရည်အသွေးနှင့် အစာကြောင့်ဖြစ်သော ဘေးဥပဒ်ကင်းစင်မှုမြှင့်တင်ရေး

by စီစီဝင်း (Food) for Food Magazine

          နိုင်ငံတကာစံသတ်မှတ် ISO 9000:2000 အရည်အသွေးကို တာဝန်ယူ စီမံခန့်ခွဲမှုစနစ်များ – အခြေခံအချက်များနှင့် ဝေါဟာရများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အရည်အသွေးဆိုသည်မှာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် အခြေခံ/ပုံသေဝိသေသများ၏ ပမာဏ/ အတိုင်းအဆဖြစ်သည်။

          ထုတ်ကုန်ပစ္စည်းတစ်ခု၏ အရည်အသွေးကို ဖော်ပြသော ဝိသေသများသည် သုံးစွဲသူ၏ နှစ်သက်ကျေနပ်မှု (Customer Satisfaction) နှင့် ကိုက်ညီမှုရှိပါက အဆိုပါ ကုန်ပစ္စည်းသည် အရည်အသွေးကောင်းမွန်သည်ဟု ဆိုလိုပါသည်။ ဤနေရာတွင် သုံးစွဲသူ၏ဆုံးဖြတ်ချက်သည် အဓိကဖြစ်ကြောင်းပြဆိုပါသည်။ သို့ဖြစ်၍ သုံးစွဲသူသည် ဘုရင်ဖြစ်သည်ဟု ခေါ်ဆိုနိုင်ပါသည်။

          အသုံးတည့်မှု၊ ထုတ်ကုန်အပေါ် သုံးစွဲသူ၏ နှစ်သက်ကျေနပ်မှု (မျှော်လင့်ချက် ပြည့်ဝခြင်း) ဖြင့် တိုင်းတာပါသည်။

          စားသုံးသူရှုထောင့်မှကြည့်ပါက ဖြန့်ချိသော အချိန်ကာလ ရှည်လာသော်လည်း နှစ်သက်လက်ခံမှု တည်တံ့သောထုတ်ကုန်ကို အရည်အသွေးကောင်းသည်ဟု သတ်မှတ်ပါသည်။

          စားသုံးသူများနှင့် ထုတ်လုပ်သူများသည် ထုတ်ကုန်၏ အရည်အသွေးကို အမှတ်တံဆိပ်ကျော်ကြားမှုပေါ်တွင် မူတည်၍လည်း လက်ခံသတ်မှတ်ကြပါသည်။ စားသောက်ကုန်ကို ယုံကြည်လက်ခံလာစေရန် ဖန်တီးခြင်းအားဖြင့် ထုတ်ကုန်၏ အရည်အသွေးကို မြင့်တက်စေပါသည်။

          ယနေ့ခေတ်ကာလတွင် အရည်အသွေးထိန်းသိမ်းခြင်း (Quality Control) မှ တစ်ဆင့်တက်ပြီး အရည်အသွေးအာမခံခြင်း (Quality Assurance) ဖြစ်လာသဖြင့် ဘေးဥပဒ်ကင်းစင်သော ဈေးကွက်ဝင် စားသောက်ကုန်ဖြစ်စေရန် ကြိုတင်စီမံရန် အထူးလိုအပ်လာပါသည်။

          ထုတ်လုပ်သူများသည် စားသောက်ကုန်ထုတ်လုပ်ရာတွင်-

– အမြင်ဆွဲဆောင်မှုရှိစေခြင်း

– အနံ့ဆွဲဆောင်မှုရှိစေခြင်း

– အရသာကောင်းမွန်မှုရှိစေခြင်း

– ဘေးဥပဒ်မဖြစ်စေခြင်းနှင့်

– ဝယ်သူကျေနပ်နှစ်သက်စေခြင်းတို့ကို ကြိုတင်ပြင်ဆင်သင့်ပါသည်။ အကြောင်းမှာ အရည်အသွေး (သို့) မူလအရည်အသွေးထိန်းသိမ်းခြင်းကို ဈေးကွက်ထိုးဖောက်သည့် ကိရိယာအဖြစ် အသုံးချခြင်းကြောင့်ဖြစ်ပါသည်။

          နိုင်ငံတကာတွင် အသေးစားနှင့် အလတ်စား စားသောက်ကုန် ထုတ်လုပ်နေသော စီးပွားရေးလုပ်ငန်းများသည် ထုတ်ကုန်များ ရေရှည်တည်တံ့ရပ်တည်နိုင်ရေးအတွက် ထုတ်ကုန်ပစ္စည်း၏ အရည်အသွေးကို ကောင်းမွန်သည်ထက် ကောင်းမွန်အောင် ကြိုးပမ်း လျက်ရှိပါသည်။

          စားသောက်ကုန်များ၌ တိုင်းတာနိုင်သည့် ထူးခြားသော လက္ခဏာများပါရှိနေပြီး ယင်းတို့ကို –

– အာရုံခံ စမ်းသပ်နည်းများ (Sensory Evaluation)

– ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိစမ်းသပ်ချက်များ

– အဏုဇီဝပိုင်းဆိုင်ရာ အကဲဖြတ်တိုင်းတာခြင်း

– အာဟာရဓာတ် ပါဝင်နေမှုများကို တိုင်းတာခြင်း ပြုလုပ်လေ့ရှိပါသည်။

          အစားအစာများတွင် ပုံသဏ္ဌာန်ပြောင်းလဲစေသော အချက်များမှာ –

          အာရုံခံစစ်ဆေးခြင်း (Sensory Evaluation) သည် လူအများ၏ ဆုံးဖြတ်ချက်ပေါ်တွင် မူတည်ပါသည်။ လူတို့၏နှစ်သက်မှု ထင်မြင်ယူဆချက်များနှင့် အကြိုက်များ (Like or Dilike) ပေါ်တွင် ဆုံးဖြတ်ချက်ချပါသည်။ စားသောက်ကုန်တစ်ခုနှင့်တစ်ခု ကွာခြားချက်များ (ကွဲပြားခြားနားချက်များကို ဖော်ထုတ်ရာတွင် သုံးမြှောင့် စမ်းသပ်ချက် (Triangle Test) ကို  အသုံးပြုပါသည်။ တူညီသောနမူနာစားကုန် (၂) မျိုးနှင့်  မတူညီသော နမူနာ (၁) မျိုး စုစုပေါင်း (၃) မျိုးအနက် ထူးခြားသည့် နမူနာကို ရွေးချယ်ဖော်ထုတ် စမ်းသပ်ခြင်းဖြစ်ပါသည်။

          လက်ခံနိုင်စွမ်း (Acceptability Test) စစ်ဆေးလိုလျှင် နှစ်သက်မှု (Like) နှင့် မနှစ်သက်မှု (Dislike) အတိုင်းအဆကို ဖော်ထုတ်သည့် ဟီးဒွန်းနစ် (Hedonic-Scale) (၉) မျိုးဖြင့် ဆုံးဖြတ်ပါသည်။

          ဟီဒွန်းနစ် အမှတ်ပေးချက် (၉) မျိုး (Nine Point Hedonic Rating Scale)

          လျှာပေါ်ရှိ ရသာရုံ ကလာပ်စည်းများမှ အရသာကို သိရှိတိုင်းတာနိုင်ပါသည်။ အနံ့ (Smell/Aroma) ကို နှာခေါင်းမှတစ်ဆင့် သိရှိနားလည်နိုင်ပါသည်။ ရနံ့ (အနံ့၊ အရသာ) Flavour သည် အရသာ (Taste) နှင့် အနံ့ (Aroma) နှစ်မျိုးစလုံး ပါဝင်ပါသည်။ ရနံ့ကို နှာခေါင်းမှလည်း သိရှိနားလည်နိုင်ပါသည်။

          အချို့သော ထူးခြားသည့်လက္ခဏာရပ်များမှာ အလွယ်တကူစမ်းသပ် မြင်တွေ့နိုင်သော်လည်း အချို့မှာမူ ခေတ်မီဆန်းသစ်သည့် ကိရိယာများ အသုံးပြုရန် လိုအပ်ပါသည်။

          ဥပမာအားဖြင့် အငွေ့ ပြန်နိုင်သော ဒြပ်ပေါင်း (Volatile Compound) သည် Flavour ဖြစ်၍ Gas Chromatography နည်းဖြင့် တိုင်းတာပါသည်။ ဆား (Salt) ကို အပူလျှောက် သတ္တိ (Conductivity)/ ဆားတိုင်းကိရိယာ (Saltometer) ဖြင့် တိုင်း၍ သကြားပမာဏကိုမူ အလင်းယိုင်ကိန်း (Refractive index/Refractometer) ဖြင့် တိုင်းတာပါသည်။ အချဉ်ဓာတ်ပါဝင်မှု (Acidity) ကို Acid-base Titration နည်း/ ထုထည်တိုင်းဓာတ်ခွဲခြင်း (Volumetric Analysis) ဖြင့် ရှာဖွေပါသည်။

          အစားအစာများ၏ အရည်အသွေးကောင်းမွန်မှုတွင် ဘေးဥပဒ်ကင်းစင်မှုသည်လည်း အဓိကပါဝင်နေသည်။ အရသာကောင်းမွန်ခြင်းကို ဦးစားပေးရွေးချယ်ကြသော်ငြားလည်း Chemical Hazard ဖြစ်သည့် အဆိပ်အတောက်ကင်းစင်မှု (သတ္တုအပြင်းစား (Heavy Metal)၊ ဓာတုအဆိပ် (Pesticides) နှင့် အစားအစာအတွင်း အဏုဇီဝ ပေါက်ပွားမှု (Microbiological Hazard) များလည်း ကင်းစင်ရမည်ဖြစ်ကြောင်း တင်ပြပါသည်။

          မှတ်ချက် ။ စားသောက်ကုန်အရည်အသွေးနှင့် ဘေးဥပဒ်ကင်းစင်မှုအတွက် GMP Training များကို စက်ရုံအများစုမှ ဝန်ထမ်းများအား သင်ကြားစေသည်ကိုတွေ့ရှိရပါသည်။ FoSTA (Food Science and Technology Association မှ အတတ်ပညာရှင်များ ဦးဆောင်၍ စလေရှေ့ဆောင်ဆီးဖျော်ရည်လုပ်ငန်းတွင် ၂၀၁၈ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ သင်တန်းပေးဆောင်ရွက် ပြီးစီးခဲ့ပါသည်။

Facebook Comments