သက်တံကျောက်ကျော

by ရွှေရည်ဖြိုး for Food Magazine

          ကျောက်ကျောကို ဒီအတိုင်းအဆန်းလေးတွေနဲ့ လုပ်ပြထားတဲ့ အထဲက ဒီလမှာတော့ သက်တံ့ကျောက်ကျောလေး လုပ်ပြထားပါတယ်။

ပါဝင်ပစ္စည်းများ

အာဂါးကျောက်ကျော  –  ၂  ၁/၂ ထုပ်

ရေ  –  နို့ဆီဘူး ၁၀ ဘူး

နို့စိမ်း  –  ၁ ဘူး

စတော်ဘယ်ရီအဆီ (အနီ)  –  ဟင်းခတ်ဇွန်း ၁ ဇွန်း

သစ်ခွအဆီ (အစိမ်း)  –  ဟင်းခတ်ဇွန်း ၁ ဇွန်း

လိမ္မော်အဆီ (အဝါ)  –  ဟင်းခတ်ဇွန်း ၁ ဇွန်း

ဆား  –  အနည်းငယ်

သကြား  –  ၅၀ ကျပ်သား

ပြုလုပ်နည်း

၁။       ရေ နို့ဆီဘူး ၁၀ ဘူးကို ပွက်ပွက်ဆူအောင် တည်ပါ။

၂။       အာဂါးကျောက်ကျော၊ သကြားနှင့် ဆားတို့ကို သမအောင် မွှေထားပါ။

၃။       ရေပွက်ပွက်ဆူလာလျှင် သမအောင် မွှေထားသော ကျောက်ကျောမှုန့်ကို  ထည့်ကျိုပါ။

၎။       ပွက်ပွက်ပြန်ဆူလာလျှင် အိုးကို မီးဖိုမှ ချပါ။

၅။       အောက်ဆုံးလွှာအတွက် နို့ဆီဘူး ၂ ဘူးစာကို ပြန်ခပ်၍ နို့စိမ်းကို ဟင်းခတ်ဇွန်း ၂ ဇွန်းစာ ထည့်ပြီး ဆူအောင် ပြန်တည်၍ မုန့်ဗန်းထဲ လောင်းပါ။

၆။       အထက်ပါအတိုင်း နို့စိမ်းတစ်ထပ်၊ စတော်ဘယ်ရီအဆီ တစ်ထပ်၊ နို့စိမ်း တစ်ထပ်၊ သစ်ခွအဆီတစ်ထပ်၊ လိမ္မော်အဆီတစ်ထပ်တို့ကို အလွှာတိုင်း မျက်နှာပြင် အနည်းငယ်တင်းလာလျှင် ဖြည်းဖြည်းချင်း လောင်းပြီး အအေးခံပါ။

၇။       အအေးခံပြီး ၂ နာရီကျော်ကြာလျှင် မုန့်သားအေးခဲသွားပြီ ဖြစ်သဖြင့် ဓားဖြင့်လှီး၍ လိုသလိုပုံဖော် အလှဆင်ပြီး စားသုံးနိုင်ပါပြီ။

Facebook Comments

Facebook Comment
Menu