မုန့်လင်မယား

by ရွှေရည်ဖြိုး for Food Magazine

(၁၀) ဦးစာ

          မုန့်လင်မယားဆိုတာကတော့ လမ်းမှာလုပ်ရောင်းတာ မြင်ရုံနဲ့တင် သွားရည်ယိုတဲ့ အစားအစာလေးပါ။ ဒီတော့ အိမ်မှာ မိသားစု ပျော်ပျော်ပါးပါး လုပ်စားလို့ရအောင် လုပ်ပြလိုက်ပြီနော်။

ပါဝင်ပစ္စည်းများ

ဆန်မှုန့် (သို့)  –  ၁၅၀ ဂရမ် ၁၀ ကျပ်သား

ဆန်  –  နို့ဆီဘူး ၂ ဘူး

ပဲမှုန့် (အစိမ်း)  –  စားပွဲဇွန်း ၂ ဇွန်း

ကြက်ဥ  –  ၁ လုံး

ဆော်ဒါ  –  အနည်းငယ်

ဆား  –  အနည်းငယ်

ကြက်သားမှုန့် (သို့) တန်ပူရာ flour  –  ၅ ကျပ်သား

ကြက်သွန်မြိတ်  –  ၁ စည်း

နံနံပင်  –  ၁ စည်း

ပဲပြုတ်  –  ၅ ကျပ်သား

ပဲဆီ  –  ၁၀ ကျပ်သား

နှမ်းထောင်း  –  ၅ ကျပ်သား

ပြုလုပ်နည်း

၁။       ဆန် နို့ဆီဘူး ၂ ဘူးကို ရေစင်အောင်ဆေး၍ ၄ နာရီခန့် ရေစိမ်ပြီးကြိတ်ပါ။

၂။       မုန့်နှစ်ရည်ရလာလျှင် ကြက်ဥ၊ ဆား၊ ဆော်ဒါ၊ ပဲမှုန့်၊ ကြက်သားမှုန့်တို့နှင့် သမအောင် ရောမွှေပါ။

၃။       ၁ နာရီခန့် မုန့်ဖောက်ပါ။ ပြီးလျှင် နံနံပင်၊ ကြက်သွန်မြိတ်လေးများ ထည့်မွှေပါ။

၎။       ဆီဝနေသော မုန့်လင်မယားအိုးကို အပူပေးထားပါ။

၅။       အဝတ်တုတ်ကလေးကို ဆီဝအောင်သုတ်၍ ပန်းကန်နှင့် ပြင်ထားပါ။

၆။       ဇွန်းကို တုတ်ရှည်ရှည်နှင့် ကြိုးချည်ထားပါ။

၇။       အိုးပူလာလျှင် ခွက်ကလေးများထဲသို့ တစ်ဇွန်းချင်းထည့်၍ ကြော်ပါ။ ပဲပြုတ်လေးများ လိုက်ထည့်ပါ။ ကြွပ်ကြွပ်ကလေးများဖြစ်လာလျှင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အုပ်ပါ။

၈။       ကြွပ်ကြွပ်ကလေးများဖြစ်လာလျှင် နှမ်းလေးဖြူး၍ သုံးဆောင်နိုင်ပါပြီ။

Facebook Comments