မုန့်ပျားသလက်

by ရွှေရည်ဖြိုး for Food Magazine

          ဒီမုန်လေးမှာ ကြက်ဥပါဝင်ပြီး မုန့်ရဲ့အပေါ်မှာ နံနံပင်နှင့် ပဲပြုတ်ကို ဖြူးစားလိုက်ရင် အိဆိမ့်ပြီးတော့ စားလို့အလွန်ကောင်းတဲ့ မုန့်ဖြစ်ပြီး လုပ်ရတာလည်း လွယ်ကူပါတယ်။

ပါဝင်ပစ္စည်းများ

ဆန်ချော  –  ၁ ပြည်

ကြက်ဥ  –  ၃ လုံး

ဆား  –  လက်ဖက်ဇွန်း ၁ ဇွန်း

နံနံပင်  –  ၁၀ ကျပ်သား

ပဲပြုတ်  –  ၂၀ ကျပ်သား

ဆော်ဒါ  –  အနည်းငယ်

ဆီ  –  ၁၀ ကျပ်သား

နှမ်းထောင်း  –  ၁၀ ကျပ်သား

ပြုလုပ်နည်း

၁။       ဆန်ချောကို ရေစင်အောင် ဆေးပြီး ၄ နာရီခန့် ရေစိမ်၍ ကြိတ်ပါ။

၂။       မုန့်နှစ်ရည်ကို အရည်ကြည်ခံပြီး ၂ နာရီခန့်ကြာလျှင် အပေါ်အရည်ကြည်ကို သွန်ပါ။

၃။       ကြက်ဥ၊ ဆားနှင့် ဆော်ဒါတို့ကို မုန့်နှစ်နှင့် သမအောင် ရောမွှေပါ။

၎။       ၁ နာရီခန့် မုန့်ဖောက်ချိန်ပေးပြီး အပေါ်မီးများများ၊ အောက်မီးနည်းနည်းနှင့် ဒယ်အိုးကို ဆီသုတ်၍ ဖုတ်ပါ။

၅။       ရေဆေးပြီး ပါးပါးလှီးထားသော နံနံပင်နှင့် ပဲပြုတ်ကို မုန့်နှစ်ပေါ်မှာ ဖြူးထားပါ။

၆။       ၃ မိနစ်ခန့်ကြာလျှင် အထက်အောက် လှန်ပေးပြီးလျှင် မုန့်ကျက်ပါပြီ။

၇။       မုန့်ကျက်လျှင် အပေါ်မှာ နှမ်းထောင်းလေးဖြူး၍ လိုသလိုပုံသွင်းပြီး အဆင်သင့် စားသုံးနိုင်ပါပြီ။

Facebook Comments

Menu