ဘိန်းမုန့်

by ရွှေရည်ဖြိုး for Food Magazine

အရေအတွက်  –  ၄၀ ချပ်

ပါဝင်ပစ္စည်းများ

ဆန်ချော  –  ၁ ပြည်

ထန်းလျက်  –  ၇၀ ကျပ်သား

ကြက်ဥ  –  ၄ လုံး

ဆော်ဒါ  –  လက်ဖက်စားဇွန်း ၁ ဇွန်း

နို့မှုန့်  –  အထုပ်သေး ၁ ထုပ်

ဆား  –  လက်ဖက်စားဇွန်း ၁ ဇွန်း

မြေပဲ  –  ၁၀ ကျပ်သား

ဘိန်းစေ့  –  အနည်းငယ်

ပြုလုပ်နည်း

          ဆန်ကို သေချာစင်အောင် ရေဆေးပြီး ၄ နာရီခန့် ရေစိမ်ထားပါ။ ၄ နာရီကြာလျှင် မုန့်နှစ်ကြိတ်ထားပါ။ တစ်ညလုံးနှပ်ထားပြီး မနက်ရောက်လျှင် အပေါ်ယံ အရည်ကြည်ကို သွန်ပစ်လိုက်ပါ။ ကြက်ဥ၊ ဆား၊ ဆော်ဒါ၊ ထန်းလျက်နှင့် နို့မှုန့်တို့ကို မုန့်နှစ်ထဲ ရောထည့်ပြီး မွှေပြီးပြီဆိုလျှင် ဘိန်းမုန့်လုပ်မယ့် မုန့်နှစ်ရပါပြီ။ မုန့်နှစ်ကို ၁ နာရီခန့် နှပ်ထားပေးပါ။ ဘိန်းမုန့် အရည်ကို ဖုတ်မယ့်အိုးလေးတွေထဲ ယောက်ချိုဇွန်းနှင့် တစ်ဇွန်းထည့်ပြီး အပေါ်မီး၊ အောက်မီးနဲ့ ဖုတ်ပါမယ်။ ၁၀ မိနစ်ခန့်ဆိုလျှင် ရပါပြီ။ အဲဒီဘိန်းမုန့်ရဲ့အပေါ်မှာ ပါးပါးလှီးထားတဲ့မြေပဲနှင့် ဘိန်းစေ့ဖြူးပြီး အသင့်စားသုံးနိုင်ပါပြီ။

Facebook Comments