ဗီတာမင် D အကြောင်း သိကောင်းစရာ

by Dr. Nyi Nyi Kyaw for Food Magazine

          ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခုတလော ဗီတာမင် (Vitamin) D ချို့တဲ့တာတွေ တော်တော်များများ တွေ့လာရပါတယ်။ အဓိက အကြောင်းရင်းကတော့ နေရောင်ခြည်နဲ့ ထိတွေ့ မှုနည်းတာကြောင့်လည်း ပါပါတယ်။

          ဒါပေမဲ့ အခုနောက်ပိုင်း Vitamin D ချို့တဲ့လို့ဆိုပြီး အားဆေးတွေ လိုတာထက် ပိုသောက်လာပြန်တော့လည်း Vitamin D အဆိပ်သင့်တာမျိုးကိုလည်း သတိထားစရာ ဖြစ်လာပါတယ်။

          Vitamin D ချို့တဲ့ရင် ဖြစ်တတ်တဲ့ လက္ခဏာများကို ကလေးငယ်တွေမှာ တွေ့ရတာ များပါတယ်။

၁။       အရိုးပျော့ရောဂါ။

၂။       ခြေထောက်ခွင်ခြင်း။

၃။       Pigeon Chest လို့ ခေါ်တဲ့ ခိုရင်အုံလို မောက်မောက် ကြီးဖြစ်နေခြင်း။

၎။       ခါးကုန်းခြင်း။

၅။       ခြေထောက်ကွေးခြင်း။

၆။       ခြေချင်းဝတ်ကြီးခြင်း။

၇။       ခြေထောက်နာခြင်း။

၈။       အရိုးအဆစ်များနာခြင်း။

          ကလေးငယ်တွေမှာ Vitamin D ချို့တဲ့နေပြီဆိုရင် များသောအားဖြင့် ကလေးတွေပာာ သိပ်လမ်းမလျှောက်ချင်တော့ဘူး။ ခဏလောက် လမ်းလျှောက်ပြီးတာနဲ့ ထိုင်ဖို့ လုပ်နေတတ်ပြီဆိုရင် သတိထားသင့်နေပါပြီ။ လူကြီးတွေမှာတော့ ကြွက်သားတွေ နာတာမျိုး အဓိက တွေ့ရပါတယ်။

          အခုနောက်ပိုင်း Vitamin D ချို့တဲ့/မတဲ့ စစ်လာကြပါတယ်။ ဒါလည်း အခုနောက်ပိုင်း တစ်နှစ်တစ်ခါ စစ်သင့်တဲ့ စစ်ဆေးမှုတစ်ခုအနေနဲ့ ပါလာကြပါတယ်။ Vitamin D နည်းနေလား၊ ပုံမှန်လား သိရအောင် အတိုင်းအတာလေး ဖော်ပြပေးထားပါတယ်။

  1. 21-29 ng/ml (52.5-72.5 nmol/L) ဆိုတာကတော့ Vitamin D မလုံလောက်တော့ပါဘူး။ အစားအသောက်ကို အာပာာရပြည့်အောင်စားပေးဖို့လိုတဲ့အပြင် နံနက်ခင်း စောစောစီးစီး နေပူဆာလှုံပေးဖို့ပါ လိုအပ်ပါတယ်။ အဲဒီအပြင် လိုအပ်ရင်တော့ Vitamin D အားဆေးကို သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်ပေးဖို့ လိုအပ်ပါတယ်။
  2. < 20 ng/mL (<50 nmol/L) ဆိုရင်တော့ Vitamin D ချို့တဲ့နေပါပြီ။ အဲဒီလို အခြေအနေမျိုးမှာတော့ ဆေးဝါးအကူအညီ လိုအပ်လာပါပြီ။ ဒါပေမဲ့ အပေါ်မှာ ပြောခဲ့တဲ့ မလုံလောက်တုန်းက အခြေအနေနဲ့ သောက်ရမယ့် ဆေးပမာဏချင်း မတူညီပါ။ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ သောက်ဖို့လိုပါတယ်။

          ကျွန်တော် ဘာလို့ ဆေးကို ဆရာဝန်နဲ့  သေချာတိုင်ပင်ပြီး သောက်ဖို့ ပြောနေရတာလဲဆိုတော့ Vitamin D ပာာ ခန္ဓာကိုယ်ထဲရောက်ပြီးရင် တော်တော်နဲ့ အလွယ်တကူ ပြန်မထွက်နိုင်ပါဘူး။ မလိုအပ်ဘဲ ဆေးတွေအများ ကြီး သောက်မိတယ်ဆိုရင် Vitamin D အဆိပ်သင့်တာ ဖြစ်တတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ သွေးတွင်း ကယ်လ်ဆီယမ် (ထုံးဓာတ်) များလာခြင်းကြောင့်-

၁။       အစားအသောက်ပျက်ခြင်း။

၂။       အန်ခြင်း။

၃။       ခေါင်မူးခြင်း။

၎။       ခဏခဏ ဆီးသွားခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

မည်မျှအတိုင်းအတာအထိ တစ်နေ့ကို Vitamin D သောက်/စားလို့ ရမလဲ။

–         ကလေးငယ် မွေးစမှ ၁ နှစ်အထိ – 400 IU (10 micrograms)  (မိခင်နို့တွင် ပါဝင်ပြီးသား ဖြစ်တဲ့ အတွက်  မိခင်သာ အာပာာရပြည့်ဝအောင်စားပေးဖို့ လိုပါတယ်။ ကလေးငယ်ကို ထပ်တိုက်ရန်မလိုပါ။ အရေးကြီးတာက Vitamin D ပြည့်ဝနေဖို့ လိုပါတယ်။  မပာုတ်ရင် ကလေးငယ်လည်း Vitamin D ချို့တဲ့သွားနိုင်ပါတယ်။)

–         အသက် ၁ နှစ်မှ အသက် ၇ဝ အထိ – 600 IU (15 micrograms)

–         အသက် ၇ဝ အထက် – 800 IU (20 micrograms)

–         ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ – 600 IU (15 micrograms)

မည်သည့် အစားအသောက်များစားလျှင် Vitamin D မည်မျှရမလဲ။

*        အာပာာရထပ်ဖြည့်ထားတဲ့ နို့ (Fortified Milk) (240 ml) – 100 IU

*        အာပာာရထပ်ဖြည့်ထားတဲ့ လိမ္မော်ရည် (Fortified Orange Juice) (240 ml) – 100 IU

*        အာပာာရ ထပ်ဖြည့်ထားတဲ့ ဆီရီယယ် (Fortified Cereal) (တရုတ်ထမင်း ပန်ကန်လုံး တစ်ဝက်) – 40-80 IU

*        ဆယ်လမွန်ငါး (100 g) – 624 IU

*        ငါးသေတ္တာ (100 g) – 272 IU

*        ဒိန်ခဲ (Cheese) (100 g) – 44 IU

*        ကြက်ဥ တစ်လုံး – 41 IU

*        အမဲအသည်း (100 gm) – 48 IU

*        တူနာငါး (100 gm) – 181 IU

*        ဈေးကွက်ထဲရှိ  အားဆေးတော်တော်များများရဲ့ တစ်လုံးမှာ  400 IU  ပါဝင်ပါတယ်။

          နောက်တစ်မျိုးသဘာဝအတိုင်း Vitamin D ရနိုင်တဲ့ နည်းလမ်းကတော့ နေပူစာ လှုံပေးတာမျိုးပါ။ အချိန်အားဖြင့် မနက် ၁ဝ နာရီကနေ မွန်းလွဲ ၃ နာရီအထိ နေရောင်ခြည်ကတော့ အကောင်းဆုံးပါ။ ဒါပေမဲ့ မနက် ၁ဝ-၁၁ နာရီ၊ မွန်းလွဲ  ၂-၃ နာရီ အချိန်ကတော့ မြန်မာနိုင်ငံ ရာသီဥတုအတွက် ပိုသင့်တော်ပါတယ်။ မပာုတ်ရင် တခြားအချိန်တွေက အရမ်းပူတဲ့အတွက် UV (ခရမ်းလွန်ရောင် ခြည်) ထိတွေ့မှုများပြီး အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ အချိန်အတိုင်းအတာအားဖြင့် တစ်နေ့ကို ၅ မိနစ်ကနေ မိနစ် ၃ဝ အထိ လုပ်သင့်ပါတယ်။ တစ်ခုသတိထားရမှာကတော့ နေပူစာလှုံပြီး Sun Screen လိမ်းထားရင်တော့ အကျိုးမရှိသလို အသက် ၇ဝ ကျော် အဘိုးနဲ့ အဘွားတို့မှာလည်း အရေပြားလျော့တွဲလာတဲ့အတွက် နေပူစာလှုံလည်း အကျိုးသိပ်မထူးလှပါဘူး။

          ခြုံငုံပြီးအကြံပြုချင်တာကတော့ အခုနောက်ပိုင်း Vitamin D ချို့တဲ့တာတွေ များလာတော့ အထက်မှာ ဖော်ပြထားတဲ့ အစားအစာတွေ၊ နေပူစာလှုံတာလေးတွေကို လိုက်လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မိမိတို့  စူပါမားကက်တွေမှာ အာပာာရထပ်ဖြည့်ထားတဲ့ အစား အသောက်လေးတွေကိုဝယ်ရင် အနောက်က အာပာာရ အညွှန်းလေးကို သေချာဖတ်ပြီး  Vitamin D ဘယ်လောက် IU (International Unit) ပါလည်း ဖတ်ပြီး ဝယ်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Ref: Medscape, National Institute of Health (NIH), Krause’s Clinical Nutrition

Facebook Comments