ဗီတာမင် A အကြောင်း သိကောင်းစရာ

by Dr. Nyi Nyi Kyaw for Food Magazine

ဗီတာမင် A ချို့တဲ့လျှင်  မည်သည့်လက္ခဏာများ  ဖြစ်မလဲ။

၁။  အမြင်အာရုံချို့တဲ့ခြင်း (အထူးသဖြင့် ညဘက်မှာ မမြင်ရတော့တာ များပါတယ်။)

၂။  ကြာစူးလိုမျိုး အရေပြားပေါ်တွင် ပေါ်လာခြင်း။

၃။  ခဏခဏ ဝမ်းလျှောခြင်း။

၎။  အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ခဏခဏဖြစ်ခြင်း။

၅။  အသားအရေ ခြောက်သွေ့ခြင်း။

၆။  ဆံပင် ခြောက်သွေ့ခြင်း။

၇။  လက်သည်း၊ ခြေသည်းများ ကျိုးကြေလွယ်လာခြင်း။

၈။  ကိုယ်ခံအား ကျလာခြင်းကြောင့် ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ရောဂါပိုးများ အလွယ်တကူ ကူးစက်ခံရခြင်း။

မည်သည့်လူမျိုးများ  ဗီတာမင် A ချို့တဲ့နိုင်သလဲ။

၁။  ကလေးငယ်များ

၂။  အသက်ကြီး အဘိုး၊ အဘွားများ

၃။  အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ

မည်သည်တို့ကို စားလျှင် ဗီတာမင် A ကြွယ်ဝသလဲ။

          ဗီတာမင် A ဆိုတာကတော့ Beta-carotene, Retinol, Retinal, Retinoic Acid စတာတွေပါတဲ့ အစားအစာတွေ၊ အသီးအနှံတွေ စားပေးရင် ရပါတယ်။

၁။  အမဲအသည်း

၂။  မုန်လာဥနီ

၃။  ကန်စွန်းဥ အဝါ

၎။  ကိုက်လန်

၅။  ပန်းပွင့်စိမ်း

၆။  ပာင်းနုနယ်

၇။  ကြက်ဥ

၈။  ရွှေဖရုံသီး

၉။  သရက်သီး

၁၀။  သင်္ဘောသီး

၁၁။  အဝါရောင်၊ လိမ္မော်ရောင်ရှိတဲ့ အသီးအနှံများ

တစ်နေ့လျှင် လူတစ်ယောက် ဗီတာမင် A မည်မျှလိုအပ်သလဲ။

– တစ်ရက်ကို လူကြီးတစ်ဦးလျှင်

အမျိုးသား  –  90 mcg

အမျိုးသမီး  –  700 mcg

ကိုယ်ဝန်ဆောင်  –  750 – 770 mcg

နို့တိုက်မိခင်  –  1300 mcg

အများဆုံး  –  3000 mcg ထက် မပိုရပါဘူး။

– တစ်ရက်ကို ကလေးငယ်တစ်ဦးလျှင်

မွေးစမှ ၆ လ အထိ  –  400 mcg

၆ လမှ ၁ နှစ် အထိ  –  500 mcg

၁ နှစ်မှ ၃ နှစ် အထိ  –  300 mcg

၃ နှစ်မှ ၈ နှစ် အထိ  –  400 mcg

၈ နှစ်မှ ၁၃ နှစ် အထိ  –  600 mcg

၁၃ နှစ်မှ ၁၈ နှစ် အထိ  –  900 mcg

          ဒါကြောင့် တစ်နေ့ကို ယခုပြထားတဲ့ ပမာဏထက် မပိုသင့်ပါဘူး။

ဥပမာ  –

          မုန်လာဥနီ၊ ရွှေဖရုံသီးတို့ဆိုရင် တရုတ်ပန်းကန်လုံး တစ်လုံးစားရင် လုံလောက်ပါတယ်။

          ကြက်အသည်း၊ အမဲအသည်းတို့ဆိုရင်လည်း ၁၀ဝ ဂရမ် (၆ ကျပ်သားခန့်) စားပေးရင် လုံလောက်ပါပြီ။

          အားဆေးသောက်ကြတယ်ဆိုရင်လည်း Iranian A သို့မပုာတ် Beta-carotene ဘယ်လောက်ပါလဲ တစ်ချက်ကြည့်ပါ။ အပေါ်မှာ ဖော်ပြထားတဲ့ ပမာဏထက် ကျော်လွန်နေတာကို နေ့စဉ်သောက်သုံးမယ်ဆိုရင် ဗီတာမင် A အဆိပ်သင့်တာ ဖြစ်တတ်ပါတယ်။

ဗီတာမင် A အဆိပ်သင့် (Hypervitaminosis A) လျှင် မည်သို့ခံစားရသလဲ။

ရုတ်တရက်ဆိုရင်တော့ –

၁။  ပျို့ ခြင်း။

၂။   အန်ခြင်း။

၃။  အစားအသောက် ပျက်လာခြင်း။

၎။  စိတ်တိုလွယ်လာခြင်း။

၅။  ခေါင်းမူးဝေခြင်း။

၆။  စိတ်ကစဥ့်ကလျားဖြစ်ခြင်း။

၇။  ဗိုက်နာခြင်း။

၈။  အမြင်မှုန်ဝါးလာခြင်း။

၉။  ကြွက်သားနာခြင်း။

၁၀။  တက်ခြင်း စတဲ့ မထင်မရှား လက္ခဏာတွေ ပြတတ်ပါတယ်။

နာတာရှည် ဖြစ်လာရင်တော့ –

၁။  ဆံပင်ကျွတ်ခြင်း။

၂။  နှုတ်ခမ်းခြောက်ခြင်း၊ ကွဲခြင်း။

၃။  အိပ်မပျော်ခြင်း။

၎။  ဝိတ်မချဘဲ ကိုယ်အလေးချိန်ကျသွားခြင်း။

၅။  အရိုးအဆစ်များ နာလာခြင်း။

၆။  ဝမ်းလျှောခြင်း စသည်တို့ ဖြစ်တတ်ပါတယ်။

Facebook Comments