နဂါးမောက်ဒိန်ချဉ်ကျောက်ကျော

by ရွှေရည်ဖြိုး for Food Magazine

          ကျောက်ကျောကို စားနေကျပုံစံမဟုတ်ဘဲ  နဂါးမောက်သီးနဲ့ ဒိန်ချဉ်လေးသုံးပြီး ဆန်းဆန်းလေး လုပ်ပြထားပါတယ်။ လုပ်စားကြည့်ပါနော်။

ပါဝင်ပစ္စည်းများ

အာဂါးကျောက်ကျောအပြာထုပ်  –  ၂  ၁/၂ ထုပ်

သကြား  –  ၄၀ ကျပ်သား

ရေ  –  နို့ဆီဘူး ၁၀ ဘူး

နဂါးမောက်သီး  –  ၁  ၁/၂ လုံး (ကြိတ်ရန်)

ဒိန်ချဉ် (အသေး)  –  ၂ ဘူး

ဆား  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ရေ နို့ဆီဘူး ၁၀ ဘူးကို ပွက်ပွက်ဆူအောင် တည်ပါ။

၂။       အာဂါးကျောက်ကျော၊ သကြားနှင့် ဆားတို့ကို သမအောင်မွှေထားပါ။

၃။       ရေပွက်ပွက်ဆူလျှင် သမအောင်မွှေထားသော ကျောက်ကျောမှုန့်ကို ထည့်ကျိုပါ။

၎။       ပြန်ဆူလာလျှင် တစ်ဝက်စီခွဲ၍ ကျန်တစ်ဝက်ကို ဒိန်ချဉ်ထည့်မွှေပြီး ဆူလာလျှင် ဗန်းထဲ လောင်းထည့်ပါ။

၅။       ကျန်တစ်ဝက်ကို ကြိတ်ပြီးသား နဂါးမောက်သီး ထည့်မွှေပြီး ဆူအောင် တည်ပါ။

၆။       ဒိန်ချဉ်အလွှာလောင်းပြီး ၁၀ မိနစ်အကြာမှာ နဂါးမောက်အလွှာကို ဖြည်းဖြည်းချင်း လောင်းထည့်ပါ။

၇။       အအေးခံပြီး ၁ နာရီကျော်အကြာမှာ ဓားဖြင့် လိုသလိုပုံဖော်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments