ထန်းသီးမုန့်

by ရွှေရည်ဖြိုး for Food Magazine

(၂၀) ဦးစာ

          မြင်ရုံနဲ့ သွားရည်ကျစရာ ထန်းသီးမုန့်လေးကို လုပ်စားကြည့်နိုင်ဖို့ ပြုလုပ်နည်းလေး စာဖတ်ပရိသတ်ဆီ အရောက်ပို့လိုက်ပါပြီနော်။

ပါဝင်ပစ္စည်းများ

ဆန်  –  နို့ဆီဘူး ၄ ဘူး

သကြား  –  ၃၀ ကျပ်သား

အုန်းနို့  –  ၁ လုံး

ဆော်ဒါ  –  အနည်းငယ်

ဘေကင်ပေါင်ဒါ  –  အနည်းငယ်

သကြား  –  ၁၀ ကျပ်သား (ဖြူးစားရန်)

အုန်းသီး  –  ၁ လုံး

ထန်းသီး  –  ၁ လုံး

ပြုလုပ်နည်း

၁။       ဆန် (ငစိန်)ကို ရေစင်ကြယ်စွာဆေးပြီး ၁၅ မိနစ်ခန့် စိမ်ထားပါ။ ပြီးလျှင် မုန့်နှစ်ကြိတ်ပါ။

၂။       ဆန်စိမ်လျှင် ထမင်းရေနွေးကြမ်းပန်းကန်လုံး ၂ လုံးစာ ထည့်စိမ်ပါ။

၃။       အုန်းနို့ရည်ထဲ သကြားနှင့် ဆား ထည့်ကျိုပြီး အအေးခံထားပါ။

၎။       ထန်းသီးမှည့်ကို အနှစ်တိုက်ထားပါ။

၅။       မုန့်နှစ်၊  ထန်းနှစ်၊ အုန်းနှစ်အားလုံး သမစွာရောနယ်၍ တစ်ညသိပ် (သို့) ၆ နာရီကြာ နှပ်ထားပါ။

၆။       မုန့်ဖုတ်ခါနီး ဆော်ဒါနှင့် ဘေကင်ပေါင်ဒါ အနည်းငယ်စီထည့်ပြီး စပ်စပ်ပြီးချင်း

၇ မိနစ်ခန့် ခဏထပ်နှပ်ပါ။

၇။       ပြီးလျှင် ခွက်ကလေးများထဲသို့ စပါးလုံးတစ်ထောက်စာစီ ထည့်ထားပါ။

၈။       ရေနွေးပေါင်းအိုးထဲ ခွက်ကလေးများအစီအရီအဆင့်ဆင့်ထည့်ပြီး ၄၅ မိနစ်ခန့် ပေါင်းပြီးလျှင် ပေါင်းအိုးထဲမှ ထုတ်၍ မွှေးပျံ့သော ထန်းသီးမုန့်လေးကို လိုသလောက် ပုံစံ ခွက်ထဲမှခွာ၍ သကြားလေးဖြူး၊ အုန်းသီးလေးများဖြူး၍ စားသုံးနိုင်ပါပြီ။

Facebook Comments