ဆီထမင်း

by ရွှေရည်ဖြိုး for Food Magazine

ပါဝင်ပစ္စည်းများ

ကောက်ညှင်း  –  ၁ ပြည်

ပဲဆီ  –  ၂၀ ကျပ်သား

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၅ ဇွန်း

ရေ  –  နို့ဆီဘူး ၆ ဘူး

ပဲပြုတ်  –  ၂၀ ကျပ်သား

နှမ်းထောင်း  –  ၁၀ ကျပ်သား

ကြက်သွန်ကြော်  –  ၁၀ ကျပ်သား

ပြုလုပ်နည်း

၁။       ကောက်ညှင်းကို ရေစင်အောင် ဆေးပါ။

၂။       ဒယ်အိုးထဲ ကောက်ညှင်း၊ ရေ၊ ဆား၊ ဆီနှင့် နနွင်းမှုန့်တို့ကို ထည့်ပြီး သမအောင် ရောနယ်ပါ။

၃။       မီးဖိုပေါ်မှာ မိနစ် ၂၀ ခန့်ကြာမှ ပွက်ပွက်ဆူလာလျှင် သမအောင် ထပ်ပြီး မွှေပါ။

၎။       မွှေပြီး ရေခြောက်လာလျှင် ချိုးလေးများ ကပ်စေရန် အိုးကို စောင်းပြီး ရံဖန်ရံခါ လှည့်နှပ်ပေးပါ။

၅။       နှပ်ပြီး မိနစ် ၃၀ ခန့်ကြာမှ သံယောက်မဖြင့် လှည့်ထိုးပြီး ကလော်ပါ။

၆။       ပြီးလျှင် မုန့်ဗန်းဝိုင်းထဲ အိုးကို မှောက်ချပါ။

၇။       ဆီထမင်းပူပူလေးကို နှမ်းထောင်းမွှေးမွှေး၊ ကြက်သွန်ကြော်ကြွပ်ကြွပ်၊ ပဲပြုတ်အိအိလေးများဖြင့် လိုသလို ဖြူးပြီး ပုံဖော်စားသုံးနိုင်ပါတယ်။

Facebook Comments