စားဖိုမှူးနှင့် အာလူး အပိုင်း (၄)

by Mario Win Zaw for Food Magazine

          အားလုံးပဲ မင်္ဂလာပါ။ အာလူးအကြောင်း လေ့လာသူများ ဗဟုသုတရစေဖို့ ကျွန်တော် လေ့လာတင်ပြလာခဲ့တာ ဒီအကြိမ်ကတော့ နောက်ဆုံးအပိုင်းပါ။ တစ်ခါတစ်ရံမှာ ဧည့်သည်တွေရဲ့ တောင်းဆိုမှုကို စားဖိုမှူးလုပ်တဲ့သူတွေ လိုက်လျောပေးဖို့ အခက်အခဲမဖြစ်ရလေအောင် အဓိကရည်ရွယ်ပါတယ်။ တစ်ပွဲချင်းစီရောင်းတဲ့ အစားအစာတွေမှာ အခက်အခဲမရှိပေမယ့် ဘူဖေးရောင်းရင်တော့ ဒါတွေဟာ သိဖို့ အရမ်းလိုအပ်ပါတယ်။ ကဲ… ကျန်ရှိသေးတဲ့ အာလူးအကြောင်းလေးတွေကို ဆက်ပြီးလေ့လာကြရအောင်…။

13. Cajun Potato

          ဒီ ကာဂျန်အာလူးဆိုတာကတော့ စပိန်၊ ပေါ်တူဂီ စတဲ့နိုင်ငံတွေမှာ အစားများ ပါတယ်။  အရိုးရှင်းဆုံးပြောရရင်တော့ ငရုတ်မှုန့်နှင့် ဟင်းခတ်အမွှေးအကြိုင်တွေကို အချိုးကျ ရောစပ်ပြီး အာလူးကို အရသာသွင်းထားတာပါ။ ပြုလုပ်ပုံကတော့ အာလူးကို စိတ်လိုက်မယ်။ ပြီးတော့ တစ်ဝက်ကျက်အောင် ပြုတ်ပါ။ ပြီးလျှင် Oil, Garlic, Salt, Pepper, Oregano, Thyme, Garlic Powder, Paprika Powder, Onion Powder, Celery တို့ကိုရောနယ်ကာ အာဗင်ထဲမှာ ကျက်ပြီး အရောင်ရလာသည်အထိထားပါ။ ရနံ့လေးလည်း မွှေးလာပြီး ကျက်သွားပြီဆိုလျှင် ရပါပြီ။

14. Hash Brown Potato

          ဒီပုံစံလေးကတော့ တစ်ပွဲချင်းစီ လုပ်ရတာဖြစ်လို့ အချိန်တော့ ပေးရပါတယ်။ လုပ်ကြည့်ရအောင်…။ ပထမဆုံး အာလူးကို အခွံနွှာပြီး အမျှင်လေးများ ခြစ်ချပါ။ ပြီးလျှင် Onion Chop, Flour, Egg, Salt, Pepper, Oil တို့ကို သင့်တော်ရုံထည့်ပြီး သမအောင် ရောနယ်ပါ။ ပြီးလျှင် အပြားလေးများလုပ်ပြီး ဆီနည်းနည်းဖြင့် အိုးထဲထည့်ကြော်ပါ။ ကျက်ပြီး အရောင်လေး လှလာရင် ရပါပြီ။

15. Aloo Tikki

          ဒီအာလူးပုံစံကတော့ အဝိုင်းလေးတွေလုပ်ပြီး မဆလာအရသာသွင်းထားတဲ့ အာလူးဝိုင်းကြော်လေးတွေပါ။ အိန္ဒိယအစားအစာဖြစ်ပါတယ်။ Aloo ဆိုတာကတော့ Potato လို့ အဓိပ္ပာယ်ရပါတယ်။ ပြုလုပ်ပုံကတော့ အာလူးကို ပြုတ်ပြီး ကြိတ်ခြေလိုက်ပါ။ ပြီးလျှင် Onion, Spice, Herbs, Chilli, Masala, Ginger, Oil  တို့ကို ရောနယ်ပြီး  အဝိုင်းလေးများ ပုံဖော်ကာ ဆီဖြင့် နှစ်ကြော်ပါ။ ကြွပ်ပြီး အရောင်တက်လာလျှင် ရပါပြီ။

16. Potato Patties

          ဒီအာလူးပုံစံကတော့ အာလူးကိတ်လို့ မှတ်ယူလို့ရပါတယ်။ ပြုလုပ်ပုံကတော့ Mash Potato, Flour, Onion, Egg, Salt & Pepper, Cheese, Butter တို့ကို အချိုးကျရောနယ်ပြီး ဆီပါးပါးဖြင့် ကြော်ပါ။ ပုံစံကိုတော့ မိမိကြိုက်သလို ပုံဖော်ပါ။

 

17. Smile Potato

          ဒီ Smile Potato ကတော့ နာမည်လေးနှင့်လိုက်အောင် ပြုံးနေတဲ့ပုံပါ။ ကလေးတွေကတော့ သိပ်ကြိုက်ပေါ့။ ပြုလုပ်ပုံကတော့ အာလူးပြုတ်ပြီး ခြေပါ။ ပြီးလျှင် Corn Flour, Salt, Pepper, Flour, Bread Crumb, Egg, Oil, Nutmeg တို့ကို ရောနယ်ပြီး ပြုံးနေတဲ့ ပုံလေးဖော်ကာ ဆီထဲနှစ်ကြော်တာပဲ ဖြစ်ပါတယ်။ ပုံထဲကအတိုင်းပေါ့။

18. Gratin Potato

          ဂရာတင် အာလူးကတော့ ပြင်သစ်အစားအစာလေးပါ။ ပြုလုပ်ပုံကတော့ အာလူးကို အခွံနွှာပြီး အပြားလေးများလှီးပါ။ ပြီးလျှင် Onion Chop, Flour, Butter, Milk, Cream, Salt, Pepper Cheese တို့ကိုထည့်ပြီး ဗန်းထဲမှာ စီထည့်ပါ။ ပြီးလျှင် အာဗင်ထဲမှာ ကျက်အောင် ဖုတ်ပါ။ အာလူးလေးလှလာအောင် အပေါ်မှ ချိစ်ဖြူးပြီး ပြန်ဖုတ်ပါ။ ပြီးလျှင် စိတ်ကြိုက်လှီးပြီး ကျွေးပါ။

19. Potato Salad

          ဒီအာလူးသုပ်ကတော့ လူကြိုက်အများဆုံး ပုံစံလေးကိုတင်ပြပါမယ်။ ပြုလုပ်ပုံကတော့ အာလူးကို အန်စာတုံးလေးတွေ လှီးပြီး ပြုတ်ပါ။ ပြီးလျှင် Mayonnaise, Lime, Salt, Pepper, Spring Onion (or) Celery, Cream, Onion Chop, Mustard တို့ကို ရောမွှေပေးပါ။

 

20. Potato Puree

          ပျူရီကတော့ အာလူးကို ခပ်ပျော့ပျော့ပြဲပြဲလေးဖြစ်အောင်လုပ်ပြီး အရသာသွင်းထားတာပါ။ ပြုလုပ်ပုံကတော့ ပြုတ်ပြီး ခြေထားတဲ့အာလူးနှင့် Milk, Salt, Pepper, Celery (or) Spring Onion, Cream, Nutmeg, Butter, Garlic တို့ကို ရောနယ်ပါ။ အာဟာရလည်းရှိပြီး ပျော့နေတဲ့အတွက် သက်ကြီးသမားများစားဖို့ အရမ်းသင့်တော်ပါတယ်။ ကဲ … ဒီလောက်နဲ့ပဲ ကျေနပ်ကြပါနော်။ အစားအစာဗဟုသုတ တိုးပွားကြပါစေ။

Facebook Comments