ကိုယ်အလေးချိန်လျှော့ချဖို့ ခက်ခဲတဲ့အကြောင်းရင်း (၅) ချက်

by စိုးညွန့်ဇော် for Food Magazine

(Maria Godoy နှင့် Sylvie Douglis တို့ရဲ့  ဆောင်းပါးကို ကောက်နုတ်ပြန်ဆိုခြင်း ဖြစ်ပါသည်။)

သင်ဟာ ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားပြီး အလေးချိန် အလွယ်တကူ မလျော့ရင်၊ ဒါမှမဟုတ် ချက်ချင်းပြန်ဝလာတယ်ဆိုရင် စိတ်မပူပါနဲ့။ သင့်လို လူတွေအများကြီး ရှိပါတယ်။ ကျွန်မတို့ အလေးချိန် လျှော့ချတဲ့အခါ လျော့ပြီးသား အလေးချိန်ကို ဆက်ပြီး ထိန်းထားရခက်စေတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းစု တွေကို ခလုတ်ဖွင့်ပေး လိုက်ကြပါတယ်။ တချို့ကိစ္စတွေကို ကျွန်မတို့ ထိန်းသိမ်းလို့ရပြီး တချို့ကို ထိန်းသိမ်းလို့ မရ ပါဘူး။ သင့်ကိုယ်အလေးချိန်ကို ဘယ်လိုလျှော့ချရမယ် ဆိုတာ၊ ဒါမှမဟုတ် သင် လျှော့ချဖို့တောင် လိုအပ်ပါ့ မလားဆိုတာ ကျွန်မတို့ ပြောပြမယ့်အစား ဇီဝဗေဒနဲ့ သက်ဆိုင်တဲ့ လက်တွေ့ အကြောင်းရင်း (၅) ချက်ကို ပြောပြချင်ပါတယ်။

၁။       သင့်ကိုယ်အလေးချိန်လျှော့ချတဲ့အခါ သင့်ရဲ့ ဇီဝ ဓာတုဖြစ်စဉ်က နှေးကွေးသွားပါတယ်။

သင့်ရဲ့ဇီဝဓာတုဖြစ်စဉ်ဆိုတာ သင်စားတဲ့ အစား အစာကို စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့ သင့်ကိုယ် တွင်းမှာ ဖြစ်စဉ်ကို ခေါ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး ဇီဝ ဓာတုဖြစ်စဉ်ခြင်း မတူပါဘူး။ အဲဒီလိုခြားနားခြင်းဟာ သင့် ကိုယ်တွင်းရှိ အဆီဓာတ်နဲ့ြွကက်သားတွေရဲ့ ဖွဲ့စည်းပုံနဲ့ သက်ဆိုင်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဒါ့အပြင် ယောကျာ်းတွေရဲ့ ခန္ဓာကိုယ်မှာြွကက်သားတွေ ပိုများလို့ မိန်းမတွေထက် အဲဒီဖြစ်စဉ် အရှိန်ပိုမြန်ပါတယ်။ အသက်ကြီးလာတဲ့အခါ နှေးကွေးသွားပါတယ်။ ဒါပေမဲ့ လူတိုင်းရဲ့ ဇီဝဖြစ်စဉ်စွမ်းအင်လောင်ကျွမ်းပုံက အဓိက အားဖြင့် (၃) မျိုးရှိပါတယ်။

(က)    ငြိမ်နေတဲ့ ဇီဝဓာတုဖြစ်စဉ်။ ဒါက သင့် ကလီစာတွေ အလုပ်လုပ်နေပြီး သင် အသက်ဆက်ရှင်နေဖို့ ချေဖျက်ပေးတဲ့ စွမ်းအင်ဖြစ်ပါတယ်။ လောင်ကျွမ်းတဲ့ သင့် ကယ်လိုရီက ၅၀ မှ ၇၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။

(ခ)     အစာရဲ့ အပူဓာတ်သက်ရောက်မှု လောင် ကျွမ်းကုန်ခန်းတဲ့ သင့်ရဲ့ကယ်လိုရီ ၁၀ ရာခိုင်နှုန်းခန့်က သင်စားတဲ့အစာကို စွမ်းအင်အဖြစ် ပြောင်းလဲပေးဖို့ အစာ ချေဖျက်ရာမှာသာ သုံးရတဲ့ စွမ်းအင် အဖြစ် ပြောင်းလဲပေးဖို့ ဖြစ်ပါတယ်။

(ဂ)     သင့်ကယ်လိုရီ ၃၀  ရာခိုင်နှုန်း လောင်ကျွမ်း စေရတဲ့ ကိုယ်လက်လှုပ်ရှားမှု အားကစား ရုံမှာ လေ့ကျင့်ခန်းလုပ်တာမျိုးဟာ စွမ်းအင်သုံးစွဲမှုရဲ့ အလွန်သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သင် လှုပ်ရှားတဲ့အခါ ဇီဝဓာတုဖြစ်စဉ် နှေးကွေး တာဟာ သမားရိုးကျ ရူပဗေဒ သဘော တရားပါပဲ။

၂။       သင့်ကိုယ်အလေးချိန်လျှော့ချဖို့ ရွေးချယ်ရင် သင် ရေရှည်လက်ခံထားနိုင်မယ့် ပြောင်းလဲမှုတွေ ပြုလုပ်ပါ။

သင့်ကိုယ်အလေးချိန် မတိုးစေဖို့ လိုအပ်ပြီး သင် တကယ်နှစ်သက်တဲ့ ပြောင်းလဲမှုတွေကို ပြုလုပ်ပါ။

ဒါဟာ နှေးကွေးတဲ့ ဇီဝဓာတုဖြစ်စဉ် အပါအဝင် သင် အလေးချိန်မတိုးစေဖို့ ပိုခက်ခဲတဲ့ ဇီဝဗေဒလုပ်ငန်း တစ်ခုချင်းစီ လုပ်ဆောင်တဲ့ အင်္ဂါအစိတ်အပိုင်းစုကို အလေးချိန်လျှော့ချမှုက စတင်လှုပ်ရှားစေလို့ပါပဲ။ ဥပမာပြရရင် ဇီဝဓာတုဖြစ်စဉ်ဆိုတာက “စပရင်” လို လှုပ်ရှားပါတယ်။ သင်ဝိတ်လျှော့ဖို့ အားစိုက်လေလေ စပရင်ကို သင်ပိုဆွဲဆန့်လေဖြစ်ပြီး သင်ဝိတ်ကျပါတယ်။ သင်ဝိတ်ကျစေဖို့ အထောက်အကူပြုတဲ့ ပုံမှန်စား သောက်မှုနဲ့ လေ့ကျင့်ခန်းကို ရပ်လိုက်တဲ့အခါ စပရင် တင်းတာကို ပြန်လျှော့ပေးသလို သင့်ဇီဝဓာတုဖြစ်စဉ် ကလည်း နဂိုအတိုင်းပြန်ဖြစ်ပြီး လျော့သွားတဲ့ အလေးချိန် ပြန်တိုးလာမှာ ဖြစ်တယ်လို့ ဆီးချိုရောဂါ၊ ကျောက်ကပ် ရောဂါနဲ့ အစာခြေစနစ်ဆိုင်ရာ အမျိုးသားတက္ကသိုလ်မှ သိပ္ပံပညာရှင် ကက်ဗင်ဟောလ်က ပြောပါတယ်။

၃။       သင့်ဦးနှောက်ထဲရှိ ဟော်မုန်းတွေဟာ သင်အလေး ချိန်လျှော့တဲ့အခါ သင့်ကို ပိုပြီး ဆာလောင်မွတ် သိပ်စေပါတယ်။

သင့်ရဲ့အစာစားချင်စိတ်ကို ပြောင်းလဲသွားအောင် ဟော်မုန်းတွေက ပြောင်းလဲပေးပါတယ်။ သင့်ကို ဆာ လောင်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ Leptin ဟော်မုန်း က အဆီဆဲလ်တွေ ထုတ်လွှတ်ပြီး အခြေခံအားဖြင့် သင် စားရမယ့်အချိန်၊ ဒါမှမဟုတ် စားတာ ရပ်ရမယ့်အချိန်ကို ဦးနှောက်ကို အသိပေးပါတယ်။ သင်အလေးချိန် လျှော့ ချရင် အဲဒီ Leptin ဟော်မုန်းလည်း လျော့လာပါတယ်။ အဲဒီအခါကျရင် သင့်ဆာလောင်မှုကို အချက်ပေးသလို ဖြစ်ပါတယ်။ လူအများစုဟာ လျော့သွားတဲ့ အလေးချိန် အမြန်ပြန်တိုးစေသလိုမျိုး ယခင်ကထက် ပိုစားချင်စိတ် ပေါက်လာပါတယ်။

၎။       အလေးချိန်လျှော့ဖို့အတွက် သင်လေ့ကျင့်ခန်းလုပ် ခြင်းထက် သင်စားတာက ပိုအရေးပါပါတယ်။

လူအများစုအနေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အလေးချိန်လျှော့ချရာမှ ဒုတိယအဆင့်မှာ ရှိပါတယ်။ တစ်နာရီကျော်ပြေးပြီး ကယ်လိုရီတွေ လျှော့ချတာထက် Starbucks ကော်ဖီဆိုင်က ကိတ်မုန့်တွေ မစားခြင်းဟာ ကယ်လိုရီ ၆၀ဝ လျော့စေပါတယ်။ ဒါ့အပြင် လူတွေဟာ ပိုစားဖို့ ဆင်ခြေပေးတဲ့အနေနဲ့ လေ့ကျင့်ခန်းလုပ်ချင် ကြတယ်။ အားကစားရုံမှာ ကုန်ခန်းသွားတဲ့ ကယ်လိုရီ တွေထက် ဆုလာဘ်အဖြစ် ကယ်လိုရီတွေတိုးအောင် သူတို့ပိုစားချင်ကြတယ်။ ဒါမှမဟုတ် ဆိုဖာပေါ်အိပ်ပြီး တစ်နေ့လုံးမလှုပ်ရှားဘဲ နေချင်တယ်။ အလေးချိန်လျှော့ ခြင်းနဲ့မပတ်သက်တဲ့ လေ့ကျင့်ခန်းမျိုးလုပ်ခြင်းရဲ့ တခြား အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ အဲဒီထဲမှာ ပိုစိတ်ကြည်လင်ခြင်း၊ ပိုအိပ်ပျော်ခြင်း၊ သောကစိတ် လျော့နည်းခြင်းနဲ့ သွေးသကြားဓာတ် ပိုတိုးလာခြင်းတွေ ပါဝင်ပါတယ်။ သင်ဟာ ကိုယ်လက်လှုပ်ရှားမှု အများကြီး လုပ်ရင် နားနေတဲ့ ဇီဝဖြစ်စဉ်ဟာ အစားထိုးဖို့ နှေးသွား ဖွယ်ရှိတယ်။ (ဒါကတော့ ယခုအထိ သီအိုရီမျှသာ ရှိသေးတယ်။)

၅။       သို့တစေ လျော့သွားတဲ့အလေးချိန်ကို ထိန်းထား ရာမှာ လေ့ကျင့်ခန်းလုပ်ခြင်းက အဓိက အရေးပါပုံ ရပါတယ်။

အမေရိကန်အမျိုးသားအလေးချိန်ထိန်းသိမ်းမှု မှတ်တမ်းရုံးရဲ့ စစ်တမ်းအရ အမေရိကန်နိုင်ငံတစ်ဝန်းမှာ အနည်းဆုံး ပေါင် ၃၀ ခန့် လျှော့ချပြီး အနည်းဆုံး တစ်နှစ် ကျော်အထိ ဆက်ထိန်းထားတဲ့လူတွေရှိကြောင်း သိရပါ တယ်။ သူတို့ဟာ နေ့စဉ်ပျမ်းမျှ တစ်နာရီခန့် လေ့ကျင့်ကြ သတဲ့။ အဲဒီလူတွေရဲ့ အကြိုက်ဆုံးလေ့ကျင့်ခန်းဟာ လမ်းလျှောက်ခြင်းဖြစ်တယ်လို့ ကော်လိုရာဒိုတက္ကသိုလ် ဆေးပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာဟော်လီ ဝိုင်းယတ်က ပြောပါတယ်။ လျော့ပြီးသား အလေးချိန်ကို ရေရှည်ဆက်ပြီး ထိန်းထားသူတွေဟာ ကိုယ်ခံအား လေ့ကျင့်မှုနဲ့ တခြားလှုပ်ရှားမှုတွေလည်း အများကြီး လုပ်ကြတယ်လို့ သုတေသီ ဒေါက်တာဝိုင်းယတ်က ပြောပါတယ်။

“အောင်မြင်မှုနဲ့ ဆက်စပ်တဲ့ သီးခြားလှုပ်ရှားမှု တစ်မျိုးတည်း မဟုတ်ပါဘူး။ အဓိကလှုပ်ရှားမှုရဲ့ ပမာဏ လို့ ကျွန်မ ထင်ပါတယ်” လို့ သူမက ဖြည့်စွက်ပြောပါ တယ်။

လျော့ပြီးသား အလေးချိန်ကို ဆက်ထိန်းထားရာမှာ လေ့ကျင့်ခန်းလုပ်ရာမှာ သော့ချက်ကျတဲ့ အကြောင်းရင်း တစ်ချက်က အလေးချိန်လျှော့တဲ့အခါ စတင်လှုပ်ရှားတဲ့ အလုပ်လုပ်တဲ့ ဇီဝဗေဒကိုယ်တွင်းအင်္ဂါစု အစိတ်အပိုင်းကို တုံ့ပြန်ဖို့ ထောက်ပံ့ခြင်းဖြစ်ပြီး ဇီဝဓာတုဖြစ်စဉ်ကို လျှော့ချကာ ဆာလောင်မှုကို တိုးပွားစေပါတယ်။ သင့်ရဲ့ စားသောက်မှု ပမာဏနဲ့ သင့်ရဲ့ ကုန်ခန်းသွားတဲ့ ကယ် လိုရီတို့ ခြားနားမှုက စွမ်းအင်ကွာဟချက်ကို ဖြစ်ပေါ်စေ ပါတယ်။

“အဲဒီစွမ်းအင်ကွာဟချက်ကို လေ့ကျင့်ခန်း ပိုလုပ် ခြင်း၊ ဒါမှမဟုတ် နည်းနည်းလျှော့စားခြင်းဖြင့် သင်ဖြည့် တင်းလို့ရပါတယ်” လို့ သူမက ပြောပါတယ်။

Obesity Joutnal မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ သုတေသနပြုချက်အရ အလေးချိန် ပျမ်းမျှ ၅၈ ပေါင်

ကျပြီး ပျမ်းမျှ ၉ နှစ်အထိ ဆက်ထိန်းထားတဲ့လူတွေကို လေ့လာရာမှာ ၎င်းတို့ရဲ့ ဇီဝဓာတုဖြစ်စဉ်တွေကို အဆင့် မြင့် တိုင်းထွာမှုတွေ ပြုလုပ်တဲ့အခါ ゞင်းတို့ဟာ နေ့စဉ် ကယ်လိုရီ ၂၅၀ဝ ခန့် လောင်ကျွမ်းစေကြောင်း တွေ့ရှိရ ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အလေးချိန်က တည်ငြိမ်တဲ့ အတွက် အရင်က သူတို့ပိုဝချိန်မှာ စားခဲ့သလောက်ပဲ နေ့စဉ် ကယ်လိုရီ ၂၅၀ဝ ပြန်စားနေကြသေးကြောင်း အဓိပ္ပာယ်ထွက်ပါတယ်။ သူတို့စားသမျှ ကယ်လိုရီတွေ လောင်ကျွမ်းရတဲ့ အကြောင်းရင်းက သူတို့ဟာ အရင် တုန်းကထက် လေ့ကျင့်ခန်း ပိုလုပ်နေကြလို့ပါပဲ။

ယခုအခါ သူတို့ဟာ နေ့စဉ် ပျမ်းမျှ မိနစ် ၄၀ ခန့် အသင့်အတင့်မှ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်နေ တယ်လို့ အဲဒီသုတေသနကို ပြုစုတဲ့ ကော်လိုရာဒိုပြည်နယ် တက္ကသိုလ်မှ စာရေးဆရာမ ဒေါက်တာဗစ်တိုးရီးယား ကက်တနာစီနဲ့ ဒင်နီယယ်အော့စ် တင်းဒေါ့ဖ်တို့က ပြောပါ တယ်။ အဲဒီထဲမှာ ၁၀ မိနစ် သို့မဟုတ် ဒီထက်ပိုကြာကြာ လမ်းလျှောက်တာမျိုး အချိန်တိုတိုလေ့ကျင့်ခန်းလေးတွေ ပြုလုပ်ခြင်း ပါဝင်ပါတယ်။

ယခုရရှိတဲ့ ဗဟုသုတကို သင်ဘာလုပ်မလဲ။

ယခုလို ဇီဝဗေဒလုပ်ဆောင်ချက်တွေကို သင်သိ လာတော့ အခက်အခဲတွေကြားမှာ အလေးချိန်လျှော့ချဖို့ စိတ်ဖိစီးမှုနဲ့ ပတ်သက်လို့ သင်ဆုံးဖြတ်ခွင့်ရပါလိမ့်မယ်။ ဒါပေမဲ့ တချို့က အလေးချိန်လျှော့ချင်စိတ်မရှိခိုက်မှာ တချို့က အလေးချိန်ဆက်လက်လျှော့ချ ထားချင်တာဟာ ဘာကြောင့်မှန်း ကျွန်မတို့ မသိရပါဘူး။ တကယ်လို့ သင် ဝိတ်လျှော့ဖို့ ဆုံးဖြတ်ရင် သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပြန်စဉ်းစားပါ။ သင်ဟာ မဂ္ဂဇင်းမျက်နှာဖုံးရှင်နဲ့ တူမယ့် အစား သင့်ကို ပိုပြီးကျန်းမာစေမယ့် ပြောင်းလဲမှုတွေပေါ် သာ အာရုံစိုက်ပါ။

“အဲဒီလို ပြောင်းလဲမှုမျိုးတွေက နောင်အခါ သင့် အတွက် ဆုလာဘ်တွေ ဖြစ်လာမှာပါ” လို့ ဒေါက်တာ ဟောလ်က ပြောပါတယ်။

 

Facebook Comments