ကိုယ်ဝန်ဆောင်နေချိန်မှာ ဘာတွေစားကြမလဲ

by ဒေါက်တာ ညီညီကျော် for Food Magazine

          ကိုယ်ဝန်ဆောင်နေချိန် အာပာရပြည့်ဝအောင် စားပေးမှသာ မိမိရင်သွေးငယ်လေးတွေ ကောင်းမွန်စွာ ကျန်းမာဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန် ဆောင်နေချိန်မှာ အာပာရပြည့်ဝအောင် စားရမယ်ဆိုပြီး လိုတာထက်ပိုပြီးတော့ အများကြီးစားမိပြန်ရင်လည်း အဝလွန်ပြီး ကိုယ်ဝန်ဆောင်နေချိန် ဆီးချိုရောဂါ၊ ကိုယ် ဝန်ဆိပ်တက်တာတွေပါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ လိုအပ်တဲ့အာပာရ၊ ဗီတာမင်၊ သတ္တုဓာတ်များနှင့် ကယ်လိုရီပမာဏကို ပြည့်မီအောင် စားပေးဖို့ လိုပါတယ်။

          တကယ်တော့ ကိုယ်ဝန်ဆောင်နေချိန်ဆိုပြီး နှစ်ယောက်စာ စားစရာမလိုပါဘူး။ လိုအပ်တာထက် ကယ်လိုရီ ၃၀ဝ လောက် ပိုစားပေးဖို့တော့လိုပါတယ်။ ကယ်လိုရီ ၃၀ဝ ဆိုတာ ထမင်းစတီးဇွန်း ၁၀ ဇွန်းစာ (သို့) အသားဆိုရင် ၁၀ ကျပ်သား (သို့) ကြက်ဥဆိုရင် ၄ လုံး (သို့) နွားနို့ဆိုရင် ၃ ခွက်နှင့် ညီမျှပါတယ်။

သတ္တုဓာတ်များအနေနဲ့ကတော့ –

၁။       ကယ်စီယမ် (Calcium)  –  ၁၂၀ဝ မီလီဂရမ်

၂။       ဖောလိတ် (Folate)  –  ၆၀ဝ-၈၀ဝ မီလီဂရမ်

၃။       သံဓာတ် (Iron)  –  ၂၇ မီလီဂရမ်

ကိုယ်ဝန်ဆောင်တွေအနေနဲ့ စားမယ်ဆိုရင် အဓိက ၄ အုပ်စု စားပေးရပါမယ်။

၁။       ဆန်၊ ဂျုံ၊ ပြောင်း၊ နှံစားအမျိုးမျိုး

၂။       အသီးအနှံ၊ ပာင်းသီးပာင်းရွက်အမျိုးမျိုး

၃။       အသား၊ ငါး၊ အဆန်အစေ့အမျိုးမျိုး

၎။       နို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုး

ကိုယ်ဝန်ဆောင်နေချိန် ဘာတွေ စားကြမလဲ။

၁။       Protein (အသားဓာတ်) ပြည့်အောင်စားပါ။ အသားဓာတ်က မိခင်ရဲ့ သားအိမ်နှင့် ရင်သားမှာ ရှိတဲ့ တစ်ရှူးတွေကို ကြီးထွားဖွံ့ဖြိုးစေပြီး အာပာာရ ဖြည့်တင်းပေးပါတယ်။  ရင်သွေးငယ်တွေကိုလည်း ကြီးထွား ဖွံ့ဖြိုးစေပါတယ်။

          အသားဓာတ်အတွက် စားမယ်ဆိုရင်တော့- ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆော်လမွန်ငါး၊ ပဲအမျိုးမျိုး၊ အဆန်အစေ့အမျိုးမျိုး၊ မြေပဲထောပတ်၊ ဒိန်ခဲ စသည်တို့ကို စားပေးဖို့ လိုအပ်ပါတယ်။

၂။       ကယ်စီယမ် (ထုံးဓာတ်) ကတော့ ရင်သွေးငယ်တွေ အရိုးကျန်းမာရေးအတွက် လိုအပ်ပါတယ်။

          ကယ်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေကတော့- နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ တိုပူား၊ ကြက်ဥ၊ ဂေါ်ဖီထုပ်၊ ပူတင်း စသည်တို့ဖြစ်ပါတယ်။

၃။       ဖောလိတ် (Folate) ဓာတ်ကတော့ အရေးကြီး ပါတယ်။ ဖောလိတ်ဓာတ်ချို့တဲ့ရင်  ကလေးငယ်တွေ မှာ မွေးရာပါ Neural Tube Defect လိုမျိုး သေစေနိုင်တဲ့ ဦးနှောက်နှင့် အာရုံကြောရောဂါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖောလိတ်ဓာတ်အတွက် ဖောလစ်အက်ဆစ်အားဆေးကို ကိုယ်ဝန်ဆောင် ကာလတစ်လျှောက်မှာ သောက်သင့်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ်ဝန်ယူမယ်ဆိုပြီး ဆုံးဖြတ်ပြီးကတည်းက ဖောလစ်အက်ဆစ် ၄၀ဝ မိုက်ခရိုဂရမ်ကို ပုံမှန်သောက်ဖို့လိုပါတယ်။ အစားအစာကနေ ဖောလိတ်ဓာတ်ရဖို့အတွက်ဆိုရင်တော့- ကြက် အသည်း၊ ဝက်အသည်း၊ အဆန်အစေ့များ၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ အစိမ်းရင့်ရောင်ပာင်းရွက်များ စသည် တို့ကို စားပေးလို့ရပါတယ်။

၎။       သံဓာတ်ပြည့်ဝဖို့လိုပါတယ်။ ရင်သွေးငယ် ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးဖို့၊ ဥာဏ်ရည်ပြည့်ဖို့အတွက် လိုပါတယ်။ များသောအားဖြင့် မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင် တော်တော်များများက သွေးအားနည်းတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ သံဓာတ်အားဆေးသောက်ပေးဖို့ လိုအပ် ပါတယ်။ သံဓာတ်ရအောင် အစားအစာတွေကနေဆိုရင်တော့- ကြက်အသည်း၊ ဝက်အသည်း၊ အမဲသား၊ ဆိတ်သား၊ ဝက်သား၊ အနီရောင်အသားများ၊ ဝမ်းတွင်းကလီစာများ၊ ပာင်းနုနယ်၊ ကန်စွန်းရွက် စသည်တို့ကို စားပေးဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဘယ်လောက်အထိ အလေးချိန် တက်လို့ရသလဲ။

          ပေါင်ချိန် ၂၅-၃၅ ပေါင်အထိ တက်လို့ရပါတယ်။ ဒါပေမဲ့ အရမ်းဝတဲ့သူဆိုရင်တော့ ၁၅ ပေါင်အထိ တက်ရင် ရပါပြီ။ အရမ်းပိန်လွန်းရင်လည်း ပေါင် ၄၀ အထိ တက်လို့ ရပါတယ်။

          ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ အာပာရ ပြည့်ဝအောင်စားဖို့ လိုသလို ဖြည့်စွက်အားဆေးလည်း သောက်ပေးဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး သောက်သင့်ပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Facebook Comments