ဝက်သားနှင့် နှမ်းဖတ်ချဉ်

by တင်တင်ဦး for Food Magazine

ပါဝင်ပစ္စည်းများ

ဝက်သုံးထပ်သား –  ၃၀ ကျပ်သား

နှမ်းဖတ်ချဉ် –  ၅ ကျပ်သား

ဂျူးဖူး –  ၁၀ ပင်

Oyster Sauce –   ထမင်းစားဇွန်း ၁ ဇွန်း

ချင်း –  အနည်းငယ် (ပါးပါးလှီးပါ)

ဟင်းချက်အနှစ် –  ၁ ဇွန်း

ကြက်သွန်ဖြူ –  ၁ လုံး

ကြက်သွန်နီ –  ၁ လုံး (၄ စိတ်စိတ်ပါ)

နံနံမြစ် –  အနည်းငယ် (အနည်းငယ်ထုထားပါ)

ဆား –  အနည်းငယ်

ရေ –  အနည်းငယ် (ဝက်သားနှင့်ပေါင်းရန်)

ရေ –  ဂျူးဖူးပြုတ်ရန်

ကြက်သားမှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။        ဝက်သားသုံးထပ်သားကို ရေစင်အောင်ဆေးပြီး Bite Size အရွယ်လေးများ လှီးဖြတ်ထားပါ။ ၎င်းဝက်သားထဲ Oyster Sauce ချင်း၊ ကြက်သွန်ဖြူ/နီ၊ နံနံမြစ်၊ ဆားနှင့် ရေအနည်းငယ် ထည့်၍ Pressure Cooker  ထဲထည့်ပြီး ၁၅ မိနစ်ခန့်ပေါင်းပါ။

၂။         ပေါင်းထားတဲ့ ဝက်သားနှင့် အရည်ကို ခွဲထားပါ။ အရည်ကို ချက်မည့်ဒယ်အိုးထဲ ထည့်ပြီး နံနံမြစ်ကို ထုတ်ပါ။ ပြီးလျှင် နှမ်းဖတ်ချဉ်နှင့် ဟင်းချက်အနှစ်ကို ရော၍ ဆူပွက်သည်အထိ ချက်ပါ။ ကြက်သားမှုန့်ထည့်ပါ။

၃။        ဂျူးဖူးကို ရေနွေးပွက်ပွက်ဆူနေတဲ့အိုးထဲ ဆားအနည်းငယ်ထည့်ပြီး ၃ မိနစ်ခန့်ပြုတ်ပါ။ ပြီးလျှင် ရေခဲရေနှင့် စိမ်ပြီး ဆယ်ယူ၍ ဟင်းပွဲပြင်ရာ၌ အလှဆင်တဲ့အနေနဲ့ အသုံးပြုနိုင်ပါတယ်။

Facebook Comments

Menu