ကြက်သားငှက်သိုက်ကြော် (Fried Chicken Nest)

by Htain Lin Maung for Food Magazine

ကြက်သားကို ပုံမှန်ဟင်းချက်တာမျိုးမဟုတ်ဘဲ အဆာပြေစားတာပဲဖြစ်ဖြစ်၊ မနက်စာနဲ့တွဲစားတာပဲဖြစ်ဖြစ် စားလို့ရအောင် အမျှင်လေးတွေလုပ်ပြီး အြွကပ်ကြော်ပေးထား ပါတယ်။ အဲဒီကြက်သားကြော်ကို ကြော်ပြီး ဘူးလေးတွေနဲ့ သိမ်းထားလို့လည်း ရပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သား –  ၃ဝဝ ဂရမ်

ကြက်သွန်နီ –  ၃ လုံး

နှမ်းဖြူ –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ဆီ –  ထမင်းစားဇွန်း ၈ ဇွန်း (ကြော်ရန်)

ကြက်သားမှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။        ကြက်သားကိုပြုတ်ပါ။ ပြုတ်ပြီးသား အသားများကို အမျှင်လေးများဖြစ်အောင် လက်ဖြင့် မွှထားပြီး ကြက်သားမှုန့် ထည့်နယ်ပါ။ ဆီပူပူမှာ ရွှေညိုရောင်ရတဲ့အထိ ကြက်သားမျှင်များ ကြော်ပြီး ပန်းကန်ထဲမှာ ဆီစစ်ထားပါ။

၂။         ကြက်သွန်နီကို ပါးပါလှီးပြီး ရွှေညိုရောင်ရတဲ့အထိ ကြော်ပါ။

၃။        နှမ်းကို လှော်ပြီး ညက်အောင် ထောင်းထားပါ။

၄။        ကြက်သားကြော်၊ ကြက်သွန်နီကြော်နှင့် နှမ်းလှော်တို့ကို သမအောင် မွမွလေး နယ်ပြီး စားသုံးနိုင်ပါပြီ။

Facebook Comments

Menu