Beef Taco

by Win Zaw @ Mario Win Zaw for Food Magazine

ဒီအစားအစာကတော့ ခံတွင်းမြိန်စာလေး ဖြစ်ပါတယ်။ မက္ကဆီကန်က ဆင်းသက်လာတာဖြစ်ပါတယ်။ တချို့က ချစ်ဒါချိစ်ကို သုံးကြပါတယ်။ ဒီနေရာမှာ ကျွန်တော်ကတော့ မိုဇရဲလားချိစ်ကို သုံးထားပါတယ်။ Taco Shell ကို City Mart  တွေမှာ ဝယ်ယူလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

အမဲသားကြိတ်သား –  ၁ဝဝ ဂရမ်

ပါပရီကာမှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဇီရာမှုန့် –  အနည်းငယ်

ဆား၊ ငရုတ်ကောင်း –  အနည်းငယ်

ပန်းငရုတ်ပွ –  အနည်းငယ်

ကြက်သွန်ဝါ –  ၁/၂ လုံး

ခရမ်းချဉ်သီး –  ၁ လုံး

ကြက်သွန်ဖြူမှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရိုမိန်းဆလတ်ရွက် –  ၃၀ ဂရမ်

မိုဇရဲလားချိစ် –  ၆၀ ဂရမ်

ခရမ်းချဉ်သီးဆော့စ် –  ၅၀ ဂရမ်

Taco Shell –  ၄ ချပ်

မရောနိစ် –           သင့်တော်ရုံ

ပြုလုပ်နည်း

၁။        ဦးစွာ အမဲသားကြိတ်သားကို ဆော့တေးထိုးပါ။ ပြီးလျှင် အရသာနှင့် ပန်းငရုတ်ပွ၊ ကြက်သွန်ဝါ နှင့် ခရမ်းချဉ်သီးဆော့စ်တို့ကို ထည့်ပါ။

၂။         ပြီးလျှင် Taco Shell  ထဲ ထည့်ပါ။ အပေါ်မှ ခရမ်းချဉ်သီး၊ ရိုမိန်းဆလတ်ရွက်နှင့် မိုဇရဲလားချိစ် တို့ကို တင်ပြီး  အာဗင်ထဲ ၂ မိနစ်ခန့် ထည့်ပါ။

၃။        ပြီးလျှင် ပုံထဲကအတိုင်း Tomato Salsa, Pickled Chilli တို့နှင့် တွဲပေးပါ။ အမဲသားတာကို အပေါ်မှာ မရောနိစ်တင်ပေးပါ။

Facebook Comments

Menu