White Chocolate Cupcake (ချောကလက်ဖြူကပ်ကိတ်)

by Dexter Bistro for Food Magazine

လိုအပ်သောပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၁  ၁/၂ ခွက်

သကြားဖြူရိုးရိုး  –  ၁  ၁/၄ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂  ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်ဥ (အလုံးကြီး)  –  ၂ လုံး (ကြိုတင်ခေါက်ထားပါ)

နွားနို့  –  ၃/၄ ခွက်

ဟင်းရွက်ဆီ (သို့) Canola Oil  –  ၁/၂ ခွက်

ဗနီလာအနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ချောကလက်ဖြူအတုံး  –  ၁ ခွက် (Chopped White Chocolate)

(၁/၂ ခွက်ကို မုန့်နှစ်ရည်ထဲ ထည့်ပြီး ၁/၂ ခွက်ကို မုန့်နှစ်ရည်အပေါ် ထည့်ပါ)

ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ ဂျုံမှုန့်ရိုးရိုး၊ သကြားဖြူရိုးရိုး၊ ဘေကင်ပေါင်ဒါပွဆေးနှင့် ဆားတို့ကို ရောထည့်ပြီး သမအောင် မွှေပါ။

၂။       နောက်အိုးတစ်အိုးထဲ ကြိုတင်ခေါက်ထားတဲ့ ကြက်ဥ၊ နွားနို့၊ ဟင်းရွက်ဆီ (သို့) Canola Oil နှင့် ဗနီလာအနံ့ရည်တို့ကို ရောထည့်ပြီး သမအောင် မွှေပါ။

၃။       ဂျုံမှုန့်အရောအနှောကို ကြက်ဥ၊ နွားနို့ အရောအနှောထဲ ဖြည်းဖြည်းချင်း လောင်းထည့်ပြီး ဇွန်းကြီးတစ်ချောင်းနဲ့ သမအောင် ရောနှောပေးပါ။ (လျှပ်စစ်လက်မွှေတံ သုံးစရာမလိုပါ)

၎။       မုန့်နှစ်ရည် စေးပျစ်လာပြီး ဂျုံမှုန့်လုံးဝမရှိတော့လျှင် ချောကလက်ဖြူအတုံး ခွက်တစ်ဝက်ကို ရောထည့်ပြီး သမအောင် မွှေပါ။

၅။       မုန့်နှစ်ရည်ကို Cupcake စက္ကူခွက်ခင်းထည့်ထားတဲ့ Cupcake Pan ထဲ အညီအမျှ လောင်းထည့်ပါ။ (Cupcake ၁၂ ခု ရပါမယ်)

၆။       ကျန်ရှိတဲ့ ချောကလက်ဖြူအတုံး ခွက်တစ်ဝက်ကို Cupcake ၁၂ ခွက်ပေါ် အညီအမျှ ထည့်ပေးပါ။

၇။       Oven ကို 350˚F (180˚C) ချိန်ပြီး ကြိုတင်အပူပေးပြီးလျှင် မုန့်ဗန်းကို Oven ထဲ ထည့်၍ ၁၉-၂၀ မိနစ်ခန့် ဖုတ်ပါ။

၈။       တုတ်တံချောင်းသေးနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ပြီး အထုတ်မှာ မုန့်သားကပ်မပါ လာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်၍ အအေးခံပြီး အဆင်သင့်စားသုံးနိုင်ပါပြီ။

Facebook Comments