
22 - May - 2015
“ Whiskey Mint Julep ” ကတော့ Classic Cocktail များထဲက တစ်ခုလို့ ပြောလို့ရပြီး အများဆုံး အမေရိကန် Whiskey ကို
သုံးလေ့သုံးထရှိပါတယ်။ Kelvin အခုသုံးလိုက်တဲ့ Whiskey ကတော့ Johnnie Walker Scotch Whiskey ကို လက်ရှိ
မြန်မာပြည်မှာ လူကြိုက်များတဲ့အနေဖြင့် “ Whiskey နှင့် Mint Leaf ပူစီနံ၊ Sour အရသာ” တို့ကို ပေါင်းစပ်ပြီး ဖျော်စပ်သူ
တစ်ခုကို ထိုသို့ဖော်ပြပါရစေ။
► ပါဝင်ပစ္စည်း
♦ Johnnie Walker Scotch Whiskey – 60 ml (၂ ပတ်)
♦ Mint Leaf (fresh ပူစီနံ) – Hand full (လက်တစ်ဆုပ်မျှ)
♦ Fresh lime – 20 ml
♦ သံပရာရည်
♦ Sugar Syrup – 20 ml
♦ သကြားရည်
► ပြုလုပ်ပုံ
Glass ကတော့ Rock ကိုပဲ သုံးပေးပါ။ Whiskey Glass ဆို ပိုအဆင်ပြေပါတယ်။
“ Scotch Whiskey ’’ 60 ml ( ၂ ပတ်), Lime Juice သံပရာရည် 20 ml, Sugar Syrup သကြားရည် 20 ml တို့ကို
Mint Leaf ပူစီနံကို လက်တစ်ဆုပ်မျှချေပြီး Shaker ထဲသို့ထည့်ပါ။ Ice ရေခဲအနည်းငယ်ဖြင့် ၄ ကြိမ် ၅ ကြိမ်မျှ Shake ပြီး
Double Strain နှစ်ကြိမ်စစ်ဆန်ခါ Fine Strainer ဖြင့် စစ်ပြီး Ice အပြည့်ထည့်ထားသော Rock glass ထဲသို့ ဖြည်းဖြည်းချင်း
လောင်းထည့်လိုက်ပါ။ Mint Leaf ပူစီနံအရွက် အစအနလေးများ နှင့် Whiskey ရဲ့ အရသာက “ Whiskey Mint Julep’’ ကို
လတ်ဆတ်စွာ လန်းဆန်းတဲ့ Coctail လေးက ကြည်နူးစေမှာပါ။ Garnish အလှဆင်လိုပါက ပူစီနံအရွက်လေးများကို
ခွက်ပေါ်သို့တင်ပေးပြီး သံပရာသီးအဝိုင်းတစ်ခုဆိုလည်း အဆင်ပြေပါတယ်။