Virgin Grape Sour (Non Alcohol)

Virgin Grape Sour (Non Alcohol)

            “Grape” Juice ကို နှစ်သက်ပြီး မိုးရာသီမှာ စပျစ်သီးလေးများကို Blue Berry Squash (အနှစ်) ဖြင့် ဖျော်ရည်ဖျော်ကြည့်ပြီး လှလှလေးနဲ့ ချိုချဉ်လေးသောက်နိုင်ဖို့ ဆက်လက် တင်ဆက်လိုက်ပါတယ်။

►    ပါဝင်ပစ္စည်းများ

♦   Grape (စပျစ်သီး)   –   5 or 6 pcs

♦   Blue Berry Squash   –   150 ml

♦   Sprite Top Up

♦   Lime (သံပရာရည်)   –   10 ml

►   ပြုလုပ်နည်း

            ပြုလုပ်ပုံကတော့ “Grape” (စပျစ်သီး) ၅ လုံး၊ ၆ လုံးကို အခွံမနွှာ မစေ့မထုတ်ဘဲ Blue Berry Squash (အနှစ်) 15 ml, Lime (သံပရာရည်) 10 ml တို့ကို Blender ထဲသို့ထည့်ပါ။ Ice ရေခဲကို ၃ တုံး၊ ၄ တုံးလောက်ပဲထည့်ပြီး Blend မွှေပေးပါ။ ပြီးတဲ့အခါ မိမိသုံးမည့် Glass ထဲသို့ ထည့်ပြီး Sprite သို့မဟုတ် Soda ကို အနည်းငယ် လောင်းလိုက်ပြီး Fresh Grape Juice နှင့် Blue Berry အရသာ Juice  လေး “Virgin Grape Soul” ကို ရရှိပါပြီ။

            Glass ကို White Wine သို့မဟုတ် Highball ခွက်ကို သုံးပါ။

            Garnish ကတော့ စပျစ်သီးလေးတွေဆို လှပါပြီ။

♦   Kelvin   ♦

Facebook Comments