Virgin Blue Lagoon

Virgin Blue Lagoon

            ”Virgin Blue Lagoon” Mocktail လေးကတော့ အချဉ် အရသာဖြင့် ချိုမြမြစူးရှရှ Mocktail လေးပါ။ အပြာရောင်သမ်းပြီး Alcohol မသောက်သူများအတွက် လှပပြီး အရသာရိုးရှင်းတဲ့ Drink လေးပါ။ Lemonade တစ်နည်းအားဖြင့် Sprite ကို သုံးထားပြီး အနံ့အရသာထည့်ထားသောကြောင့် ကျန်းမာရေးအတွက် သင့်တော်သလို Gas က အစာကျေစေပါတယ်။ အပြာရောင် Lemonade လေးကို တင်ဆက်ပါရစေနော်။

►    ပါဝင်ပစ္စည်းများ

♦   Sprite   –  1 can

♦   Lime (၂ စိတ်ခန့်)   –   2 wedges

♦   Monin Blue Lagoon Syrup   –   15 ml

►    ပြုလုပ်ပုံကတော့

            ပြုလုပ်ပုံကတော့ ရိုးရှင်းပြီး မြန်ဆန်ပါတယ်။ မိမိအသုံးပြုမည့် ခွက်အရှည်ထဲသို့ Ice ရေခဲ အနည်းငယ်ခန့်ထည့်ပြီး Sprite (သို့) Lemonade ကို လောင်းထည့်လိုက်ပါ။ ထို့နောက် Monin Blue Lagoon Syrup ကို 15 ml လောက် ဖြည်းဖြည်းချင်းထည့်ပါ။ Lime Wedges သံပရာသီး ၂ စိတ်ကို ညစ်ထည့်လိုက်ပါ။ အပြာရောင်ဖြင့် Gas လေးများ ပလုံစီနေသော အချိုရည်လေး “Virgin Blue Lagoon” ကို ခံစားလို့ရပါပြီ။

            (Garnish (အလှဆင်) ကတော့ Lime Wedges ၂ စိတ်ဆို လှနေပါပြီ။ Glass (ဖန်ခွက်)ကိုတော့ Goblet Glass ခွက်အရှည်ကို သုံးပါ။)

♦    Kelvin   ♦

Facebook Comments