Violettini

by Pyone for Food Magazine

          ကဲ… ပထမဆုံးကော့တေးလ်လေးက ဘယ်လိုဖျော် ထားလဲဆိုတာ ကြည့်ကြရအောင်ပါ။ သူကတော့ အရောင် လေးနဲ့လိုက်အောင် Violettini လို့ နာမည်ပေးထားပါတယ်။ အချိုမကြိုက်၊ ဗိုက်ကယ်တာမကြိုက်တဲ့ ယောကျာ်းလေး တွေဆိုရင်တော့ မြည်းစမ်းကြည့်ချင်စရာကောင်းလောက် အောင် အနံ့၊ အရသာနဲ့ ပြည့်စုံမယ့် ကော့တေးလ်လေးပါပဲ။ တကယ်တော့ သောက်မယ့်သူအနေနဲ့ ကော့တေးလ်ဆိုတာ ပါဝင်တဲ့ အရက်အမျိုးအမည်တွေရဲ့ လိုက်ဖက်ညီတဲ့ အချိုးအစားလေးတွေကို ခံစားသောက်သုံးတာလို့ သတ်မှတ်ထား ရင်တော့ ရှိတ်လိုက်လို့ရပါပြီ။ ကဲ… ဘယ်လိုအရာတွေ ပါဝင်ပြီး ဘယ်လိုဖျော်စပ်ရင် ကောင်းမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

ပါဝင်ပစ္စည်းများ

Vodka  –  45 ml

Violet Liqueur  –  45 ml (Parfait Amour)

Grand Marnier  –  20 ml

Orange Skin  –  1 pcs

ပြုလုပ်နည်း

          ကဲ… ဒီကော့တေးလ်ဖျော်မယ့် နည်းလမ်းကတော့ ကြိုက်နှစ်သက်ရာ ရေခဲနဲ့ Stirring (ရေခဲနဲ့ အေးသွားအောင် မွှေပေးခြင်း) ပဲဖြစ်ဖြစ်၊ Shaking (ရေခဲနဲ့ ခပ်ပြင်းပြင်းရှိတ်) တာပဲဖြစ်ဖြစ် မိမိကြိုက်နှစ်သက်သလို ဖျော်စပ်သောက် သုံးနိုင်ပါတယ်။ ဒီထဲမှာပါတဲ့ ခရမ်းရောင်ဖြစ်စေတဲ့ Liqueur  အမျိုးအစားကိုတော့ Parfait Amour ဆိုတဲ့ အရက်ပြင်းချို အမျိုးအစားကို သုံးထားပါတယ်နော်။ ပါဝင်ပစ္စည်းလေးတွေ စုံလင်ပြီဆိုရင်တော့ ခပ်ပြင်းပြင်းလေးရှိတ်ပြီး ဖျော်သောက်ဖို့ ရယ်ဒီဖြစ်ပြီပေါ့နော်။ ပါဝင်ပစ္စည်းများကို ဖော်ပြပါ အချိုးအစားအတိုင်း ကော့တေးလ်ဖျော်မယ့် Shaker လေးထဲကို ထည့်လိုက်ပါ။ ပြီးလျှင် ရေခဲလေး၊ ငါးတုံးခန့်ထည့်ပြီး အေးမြသွားအောင် ခပ်ပြင်းပြင်း ရှိတ်လိုက်ပါ။ ပြီးလျှင် အအေးခံထားတဲ့ ခွက်ကလေးထဲသို့ထည့်ကာ နောက်ဆုံးအနေနဲ့ အလှဆင်ပြီးသားလည်းဖြစ်၊ အနံ့၊ အရသာအတွက်ပါ ပြည့်စုံသွားအောင် လိမ္မော်ခွံလေးကို နောက်ဆုံးညှစ်ချလိုက်ပြီးပါက အေးလည်း အေး၊ မွှေးလည်းမွှေးတဲ့ ကော့တေးလ်ပြင်းပြင်းလေးတစ် ခွက်ကို ပူပြင်းတဲ့ ညနေခင်းလေးပြည့်စုံသွားအောင် မြည်း စမ်းကြည့်နိုင်ပြီ ဖြစ်ပါတယ်။

Facebook Comments