US အမဲသား ဆူကီရာကီ (Sukiyaki with US Beef)

By My Foodies for Food Magazine

ပါဝင်ပစ္စည်းများ

အမဲသားလွှာ –  ၅ဝဝ ဂရမ်

ဆီ –  စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်မြိတ်ကြီး –  ၁ဝဝ ဂရမ်

ကြက်သွန်နီဥကြီး –  ၁ လုံး (ကြမ်းကြမ်းလှီးထားပြီး)

ရှီတာကီမှို –  ၃ ခု (ပါးပါးလှီးပြီး)

နှစ်သက်ရာအရွက်တစ်မျိုး –  အနည်းငယ်

Ramen ခေါက်ဆွဲ –  ပန်းကန်လုံးတစ်လုံး

သကြား –  ၅ဝ ဂရမ်

ဆာကေအရက် –  စားပွဲဇွန်း ၆ ဇွန်း

ပဲငံပြာရည် –  စားပွဲဇွန်း ၃ ဇွန်း (အထက်ပါ ၃ မျိုးစလုံး ရောစပ်ထားပါ)

Stock –  ၁ လီတာ

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဟင်းရည်ချက်ရန် အိုးထဲမှာ ဆီပူပေးပြီး ကြက်သွန်မြိတ်ကြီး၊ ကြက်သွန်နီဥကြီးတို့ကို အနည်းငယ် ပျော့သွားသည်အထိ ဆီသတ်ပါ။

၂။       ဆီသတ်ထားသော အဆာများကို အိုးဘေးသို့ကပ်ပြီး အသားများထည့်ပေးပါ။ ရောထားသော ဆော့စ်ရည် သုံးပုံ တစ်ပုံထည့်ပြီး မီးနည်းနည်းဖြင့် အရည်ခန်းသည်အထိ တည်ထားပါ။

၃။       အရည်ခန်းလျှငှ်အသခု ရည်များထည့်ပြီး ဆူလာအောင် တည်ပေးပါ။ အသီးအရွက်နှင့် မှိုများစီထည့်ပေးပြီး ကျန်သောဆော့စ်ရည်များအပေါ်မှ လောင်းပေးကာ အဖုံးအုပ်ပြီး ၅ မိနစ်ခန့် တည်ပြီးလျှင် သုံးဆောင်နိုင်ပါပြီ။

**     မှတ်ချက် – ဒီအဆင့်မှာ နှစ်သက်ရာ Udon, Ramen, Glass Noodle  စတဲ့ ခေါက်ဆွဲများကို ရောထည့်ပြီး ချက်ပြုတ်နိုင်ပါတယ်။

www.facebook.com/MY FOODIES (mm)

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments