Tropical Paradise

KZB_1

KZB_2

KZB_3

KZB_4

Tropical Paradise

            ဒီဇူလိုင်လမှာ မြန်မာနိုင်ငံအနှံ့မှာ တွေ့မြင်နိုင်တာ လှိုင်လှိုင်သီးနေတဲ့ သရက်သီးပါ။ သရက်သီးများကိုတွေ့ပြီး ဒီလမှာ လိုက်ဖက်မယ့် သောက်စရာ Smoothie လေးတစ်ခွက်ကို ဖန်တီးပါ့မယ်။ အမည်လေးကတော့ ‘Tropical’ ပါ။

            ပါဝင်ပစ္စည်းများကတော့ သရက်သီး၊ ထောပတ်သီး၊ အုန်းနို့နဲ့ Smoothie ဖျော်ရာတွင် ရေခဲညက်ညောစေရန် အသုံးပြုမယ့် Frappease Powder တို့ဖြစ်ပါတယ်။ Smoothie ဖြစ်တဲ့အတွက် အရည်အသွေးကောင်းစေရန် ကောင်းမွန်တဲ့ရေခဲမွှေစက် Blender ကို သုံးရမှာဖြစ်ပါတယ်။ သရက်သီးများ လှိုင်လှိုင်ထွက်နေတာကြောင့် ဒီ Drink လေးကို မိမိတို့အိမ်မှာဖြစ်ဖြစ်၊ ဆိုင်မှာဖြစ်ဖြစ် ဖန်တီးသောက်သုံးသင့်ပါတယ်။ ကောင်းသောအတွေ့အကြုံများ ခံစားနိုင်ပါစေ။

စာရေးသူ

ကိုဇော်ဘုန်း

Head of Element Coffee Academy (ECA) Training Center.

facebook.com/elementMyanmar

facebook.com/ElementCoffeeAcademy

၁ဝ၇ (က)၊ ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

Ph: 01-524935, 511118

►    ပါဝင်ပစ္စည်းများ

♦   Mango   –   Half

♦   Coconut Milk   –   2 oz

♦   Fresh Milk   –   2 oz

♦   Frappease Powder   –   20 g

♦   Sugar Syrup   –   38 g

♦   Ice Cubes   –   16 oz

♦   Avocado   –   Half

►    ပြုလုပ်ပုံအဆင့်များ

၁။        သရက်သီးအတုံးလေးများကို မွှေစက်ထဲထည့်ခြေပြီး ဖန်ခွက်အတွင်း ဦးစွာထည့်ထားပါ။

၂။        ကျန်ပါဝင်ပစ္စည်းများဖြစ်သော အုန်းနို့ (Coconut Milk)၊ နွားနို့ (Fresh Milk)၊ Frappease Powder၊ သကြားရည် (Sugar Syrup)၊ ရေခဲတို့ အားလုံးကို မွှေစက်ထဲထည့်မွှေပြီး သရက်သီး ထည့်ထားသော ဖန်ခွက်တွင်းသို့ လောင်းထည့်လိုက်ပါ။

၃။        နောက်ဆုံး အပေါ်ဆုံးမှ ထောပတ်သီး (Avocado) တစ်ခြမ်းကို နှစ်ပိုင်းပိုင်း၍ Garnishing အလှဆင်လိုက်ပါ။

Facebook Comments