Tropical Mango Tea

by Ko Zaw Phone (Coffee Circle) for Food Magazine

          ဒီလအတွက်တော့ သရက်သီးကို အခြေခံပြီး လက်ဖက်ရည်ချိုအေးလေး တစ်ခွက် ဖန်တီးပါမယ်။ ပြင်ဆင်ရတာ အလွန်လွယ်ကူပြီး နွေရာသီမှာ သောက်ရင် အလွန်သင့်တော်တဲ့ အအေးလေးတစ်ခွက်ပါ။ အမည်ကိုတော့ Tropical Mango Tea လို့ ပေးထားပါတယ်။ ပါဝင်တဲ့ပစ္စည်းများကတော့ လက်ဖက်ခြောက် လတ်လတ်ဆတ်ဆတ်နဲ့ အကျရည်ယူထားတဲ့ Brewed Tea လက်ဖက်ရည်နှင့်အတူ သရက်သီးအဖတ်လေးများနှင့် ထုတ်လုပ်ထားတဲ့ သရက်သီးအနှစ် Puree တို့ကို ပေါင်းစပ်ထားပါတယ်။

ပါဝင်ပစ္စည်းများ

Mango Fruit Puree  –  10 z

Fresh Brewed Tea  –  40 z

Mango Slice/Mint Leaves for Garnishing

ပြုလုပ်ပုံအဆင့်ဆင့်များ

၁။       English Breakfast Tea သို့မဟုတ် Black Tea လက်ဖက်ခြောက် တစ်မျိုးမျိုးကို ရေနွေးဆူဆူနှင့် ၃ မိနစ်မှ ၄ မိနစ်ခန့် စိမ်ပြီး နှပ်ထားပါ။

၂။       သရက်သီးအနှစ် (Mango Puree) ကို Shaker ထဲသို့ နှပ်ထားသော လက်ဖက်ရည်နှင့်အတူထည့်ပြီး ရေခဲတုံးလေးများရောကာ Shaker ကို လှုပ်ခါလိုက်ပါ။

၃။       သောက်မယ့်ခွက်ထဲသို့ အအေးကို ပြောင်းထည့်ပြီး ခွက်အပေါ်ဆုံးမှ ပူဒီနာ အရွက်လေးများ၊ သရက်သီးစိတ်လေးများဖြင့် နှစ်သက်သလို အလှဆင်နိုင်ပါတယ်။

Facebook Comments