Tiramisu Frappe

by Ko Zaw Phone for Food Magazine

          ဒီလမှာတော့ တီရာမေစု ကိတ်မုန့်အရသာကို အခြေခံပြီး ကော်ဖီအအေး ပျစ်ပျစ် နှစ်နှစ်လေးတစ်ခွက်ကို ဖန်တီးပါမယ်။ ဒီကော်ဖီလေးကို Tiramisu Frappe လို့ ခေါ်ပါမယ်။ ကိတ်မုန့်တွေမှာ Tiramisu ခေါ် တီရာမေစု အရသာကို ဖန်တီးရင်လည်း ကိတ်မုန့် သားကို အက်စပရပ်စိုကော်ဖီအရည်စိမ်ပြီး ပြုလုပ်ရပါတယ်။ တီရာမေစုကိတ်ကို စားလိုက်ရင်လည်း ကော်ဖီအရသာကို အပြည့်အဝရမှာ ဖြစ်သလို ဒီကိတ်မုန့်အရသာကတော့ အဆိမ့်ဓာတ်လေးကဲစေပါတယ်။ ဒါကြောင့် တီရာမေစုကိတ်အရသာကို ပေးမယ့် Tiramisu Syrup ကို ဒီလ ကော်ဖီအေးမှာ သုံးမှာဖြစ်တဲ့အတွက် အရသာကတော့ ရိုးရိုးကော်ဖီအေး မဟုတ်ဘဲ တစ်မူထူးခြားတဲ့ကော်ဖီကို ခံစားနိုင်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

Smoothie/Frappe Powder  –  2 table spoons

Tiramisu Syrup  –  20 ml

Milk  –  60 ml

Espresso  –  60 ml

Ice

Whipped Cream

ပြုလုပ်ပုံအဆင့်ဆင့်

၁။       Tiramisu Syrup၊ နွားနို့အေး၊ အက်စပရပ်စိုကော်ဖီနှင့် Smoothie/ Frappe Powder အမှုန့်တို့အားလုံးကို ရေခဲမွှေစက် Blender ထဲထည့်ပါ။

၂။       အပေါ်ဆုံးမှ ရေခဲတုံးများထည့်ပြီး ညက်တဲ့အထိ ကြိတ်လိုက်ပါ။

၃။       ခွက်ထဲပြောင်းထည့်ပြီး အပေါ်ဆုံးမှ Whipped Cream တင်ပြီး အလှဆင်ပါ။

Facebook Comments