Tau Sa Piah

by Evy’s Kitchen for Food Magazine

          မြန်မာလိုအခေါ်ကတော့ ပဲမုန့်ပေါ့။ တရုတ်လိုတော့ Tau Sa Piah လို့ သိကြပါတယ်။ ဒါပေမဲ့ ပဲမုန့်အရသာ အတိအကျ မဟုတ်ပါဘူး။ ခပ်ငန်ငန်ဆိမ့်ဆိမ့်နဲ့ ကော်ဖီနဲ့ သိပ်လိုက်တာပေါ့။ စင်ကာပူမှာ နေတုန်းက သိပ်ကြိုက်လှတဲ့ အထဲတော့ မပါပါဘူး။ အလွယ်တကူ မရနိုင်မှ ကြိုက်တတ်တဲ့ လူ့သဘာဝကြောင့်နဲ့တူပါရဲ့ ။ ဒီဘက် ရောက်တော့မှ ဒီမုန့်မျိုး စားချင်စိတ်ပေါက်လွန်းတာကြောင့် ကိုယ့်ဘာသာကိုယ် ရအောင်လုပ်စားဖြစ်ပါတယ်။

အဆာသွတ်ရန်အတွက်

ပဲဝါလေး  –  ၃၀ဝ ဂရမ်

(ညထဲက ရေစိမ်ကာ နူးအောင်ပေါင်းထားပြီး ပြန်ခြေထားပါ။)

သကြား  –  ၁၀ဝ ဂရမ်

ဆား  –  လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ

ကြက်သွန်နီကြော်ပြီးသား  –  လက်တစ်ဆုပ်ခန့်

ဆီ  –  ၁၀ဝ ဂရမ်

          ဆီကိုအပူပေးပြီး ပါဝင်ပစ္စည်းများအားလုံးကို ရောမွှေပါ။ ပဲမကပ်သည်အထိ မွှေပေးပြီး အအေးခံထားပါ။ လုံးဝအေးရင် ၁၅ ဂရမ်အလေးချိန်ရှိ အလုံးငယ်များ လုံးထားပါ။

မုန့်အခွံအတွက်

          မုန့်အခွံပြုလုပ်ရန်အတွက် ဆီနှင့်ပြုလုပ်တဲ့ ဂျုံသား လိုအပ်သလို ရေနှင့်လုပ်တဲ့ ဂျုံသားလည်း လိုပါတယ်။

ဆီမုန့်သားအတွက်

ဂျုံ  –  ၁၅၀ ဂရမ်

Shortening  –  ၂၀ ဂရမ်

(မရလျှင် ထောပတ်နှင့် အစားထိုးနိုင်ပါတယ်။)

ဆီ  –  ၄၀ ဂရမ်

ဂျုံလုံးရအောင် ရောမွှေထားပါ။

ရေမုန့်သားအတွက်

ဂျုံ  –  ၃၀ဝ ဂရမ်

ဆီ  –  ၁၀ဝ ဂရမ်

ရေ  –  ၉၀ ဂရမ်

ပါဝင်ပစ္စည်းများကို ဂျုံလုံးရသည်အထိ ရောမွှေထားပါ။

မုန့်အဆာသွတ်ခြင်းနှင့် မုန့်ဖုတ်ခြင်း

၁။       ရေမုန့်သား ၁၅ ဂရမ် ကိုယူပြီး အနည်းငယ်ပြန့်အောင်ဖြန့်ကာ ဆီမုန့်သား ၇ ဂရမ်ထည့်ပြီး ပြန်လုံးပါ။

၂။       ပုံပါအတိုင်း အရှည်လိုက်ရအောင် ဖိပြားပြီးမှ လိပ်ပေးပါ။

၃။       နောက်တစ်ကြိမ်ထပ်ဖိပြီး ထပ်လိပ်ပါ။

၎။       ထို့နောက် ခပ်ပြားပြားဖြစ်အောင် ဖိပြီး အလယ်မှာ  ပဲယိုများထည့်ကာ ပြန်ပိတ်ပြီး အလုံးငယ်များရအောင် လုံးပါ။

၅။       ကျန်မုန့်များကို ထိုနည်းအတိုင်း ပြုလုပ်ပေးပါ။

၆။       ပြီးလျှင် ကြက်ဥရည်သုတ်ပြီး ၁၆၀ ဒီဂရီ အာဗင်မှာ မိနစ် ၃၀ ခန့် ဖုတ်ပါ။

၇။       လုံးဝအေးမှ သုံးဆောင်ပါ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments