Sweet Dream

Sweet Dream

            ပထမဆုံးတစ်ခုအနေနဲ့ကတော့ Shooter Cocktail အမျိုးအစားလေးပါ။ အခုလို ပါတီပွဲတွေ များပြားလာတဲ့ ဒီဇင်ဘာလိုလမျိုးမှာ ပါတီပွဲလုပ်မယ်ဆိုရင်တော့ Shooter Cocktail လေးတွေကို ချန်ထားခဲ့လို့မရပါဘူး။ လူအများအတွက် ဖျော်စပ်ရတာလည်း အဆင်ပြေသလို နည်းနည်းနဲ့သောက်ရတာလည်း အရသာရှိတဲ့အတွက် စာရေးသူအနေနဲ့ဆိုရင်တော့ အပေါင်းအသင်းတွေနဲ့ စကားဝိုင်းကို Shooter လေးနဲ့ မြည်းရတာ ပိုအရသာတွေ့ပါတယ်။ ဒါပေမဲ့ Shooter Cocktail ဟာ ရေခဲရေ အခြားသောအရက်ရဲ့ အာနိသင်ကို လျော့စေတဲ့ ရောစပ်စရာတွေ သိပ်များများစားစားမပါတဲ့အတွက် သောက်ကောင်းကောင်းနဲ့ ကိုယ့်လစ်မစ်ကို ကျော်သွားရင်တော့ နောက်နေ့ကျရင် ခေါင်းကိုက်မှာကိုတော့ သတိထားမှ ရပါလိမ့်မယ်နော်။ ကဲ ဒီဇင်ဘာလနဲ့ လိုက်ဖက်မယ့် Shooter လေးကို ကြည့်လိုက်ရအောင်ပါ။ လိုအပ်မယ့်ပါဝင်ပစ္စည်းတွေကတော့ . . .

►   ပါဝင်ပစ္စည်းများ

♦   Chocolat Sauce   –   10 ml (ချောကလက်ဆော့စ်)

♦   Grenadine syrup   –   5 Drops

♦   Coconut cream   –   5 ml

♦   Sambuca   –   10 ml (စမုန်စပါးအရက်)

♦   Rum   –   20 ml

►   ပြုလုပ်နည်း

            ကဲ ပါဝင်အမယ်တွေစုံပြီဆိုရင်တော့ စပြီးစပ်လို့ရပါပြီ။ ပထမဦးစွာ ချောကလက်ဆော့စ်ကို Base ခံလိုက်ပါ။ ပြီးရင်တော့ အပေါ်ကနေ Coconut Cream နည်းနည်းနှင့် နောက်ပြီးလျှင် Sambuca တို့ကို အစဉ်လိုက်စီ ပါဝင်ပမာဏအတိုင်း ထည့်လိုက်ပါ။ နောက်ဆုံးအနေနဲ့ ရမ်ကိုထည့်ပြီးပါက Garnish အနေနဲ့ Grenadine syrup ကို လေးငါးစက်လောက် အပေါ်က လောင်းထည့်ပြီးပါက ပြီးပြည့်စုံသော Shooter ကော့တေးလ်လေးကို ရပါပြီနော်။ အရသာအနေနဲ့ကတော့ ချောကလက်ရဲ့ ပြီးပြည့်စုံတဲ့ အရသာနဲ့အတူ ရမ်နဲ့ စမုန်စပါးအရက်တို့ရဲ့ ချိုပြင်းပြင်း မွှေးတေးတေးအရသာကို အုန်းသီးရဲ့ အနံ့လေးနည်းနည်း ထည့်ထားလို့ Shooter မသောက်ဖူးတဲ့သူတွေတောင် ကြိုက်နှစ်သက်သွားစေမှာပါ ။ ကဲ တစ်နှစ်လုံးစာ အမှတ်တရတွေကို တစ်နှစ်လုံးရဲ့ နောက်ဆုံးလမှာ Shooter လေးနဲ့ ပြီးပြည့်စုံစေရအောင်ပါ။ အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ။

♦   Pyone   ♦

Facebook Comments