Super Moist ချောကလက်ကိတ် (Super Moist Chocolate Cake)

by Syi Lwin (Foods Garden) for Food Magazine

          ဒီလမှာတော့ ရှိးရှင်း၍ လွယ်ကူလျင်မြန်ပြီး လုပ်စားရတာ အလုပ်မရှုပ်စေတဲ့ ကိတ်လုပ်နည်းကို အားလုံးအတွက် ရှယ်လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

Super Moist Chocolate Cake Mix  –  ၁ ထုပ် (၄၃၂ ဂရမ်)

ရေ  –  ၁၀ဝ မီလီ

ဆီ  –  ၁၅၀ မီလီ

ကြက်ဥ  –  ၃ လုံး

ပြုလုပ်နည်း

၁။       ဖန်ဇလုံထဲ ကြက်ဥ၊ ရေနှင့် ဆီတို့ကို ထည့်ပြီး မုန့်မွှေစက်နဲ့ သေချာမွှေပါ။ သေချာမွှေထားသော ကြက်ဥရည်ထဲ Cake Mix အမှုန့်များထည့်ပြီး အားလုံး သေချာရောအောင် မွှေပါ။ ပြီးလျှင် မိနစ် ၃၀ ခန့် ခဏနှပ်ထားပါ။

၂။       မုန့်ဖုတ်လို့ရတဲ့ ထမင်းပေါင်းအိုးထဲ မုန့်နှစ်ရည်များ လောင်းထည့်ပါ။ လောင်းထည့်ပြီး Bake Cake ခလုတ်နှိပ်၍ မိနစ် ၄၀-၄၅ မိနစ် ချိန်ပြီး တည်ပါ။

၃။       မုန့်ကျက်လျှင် ထမင်းပေါင်းအိုးထဲမှ ထုတ်ပြီး ဗန်းအဝိုင်းအပြန့်ထဲ ကိတ်မုန့်တင်ကာ အအေးခံထားပါ။

၎။       ကိတ်မုန့်အပေါ်မှ လိုသလို အလှဆင်လို့ရပါတယ်။ ပြီးလျှင် လိုသလိုလှီးပြီး သုံးဆောင်လို့ရပါပြီ။

www.facebook.com/Syi Foodsgarden

Facebook Comments