Suki Sauce

by Evy’s Kitchen for Food Magazine

          ချိုချဉ်ငန်စပ် အရသာအားလုံးပါတဲ့ ဆော့စ်ပါ။ ပဲကြာဆံနဲ့ပဲ ကြော်ကြော်၊ Hot Pot ပဲ လုပ်စားစား အားလုံးနဲ့ လိုက်ဖက်ပြီး အရသာ အင်မတန်ကောင်းမွန်ပါတယ်။ နှမ်းဆီနံ့လေးမွှေးမွှေးမှာ နံနံပင်လှီးထည့်ထားတာကြောင့် အနံ့လည်း မွှေးပါတယ်။ ပြောရရင်တော့ အနံ့ရတာနဲ့ စားချင်စိတ်ပေါက်စေတဲ့ ဆော့စ်ပါ။ အစပ်ကြိုက်လျှင် ဒီဆော့စ်ကို ခဏခဏလုပ်စားဖြစ်မှာတော့ သေချာပါတယ်။ တကယ်လို့များ အစပ်မကြိုက်ဘဲ မစားတဲ့သူဆိုလျှင် ငရုတ်သီးမထည့်ဘဲ လုပ်လည်းရပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သွန်ဖြူ  –  ၅ မြွှာ

ငရုတ်သီး  –  ၅ တောင့်ခန့်

သကြား  –  စားပွဲဇွန်း ၂ ဇွန်း

ဆီတိုဟူး အစပ်  –  ၂ တုံး

ပဲငံပြာရည်  –  စားပွဲဇွန်း ၂ ဇွန်း

ရှလကာရည်  –  စားပွဲဇွန်း ၅ ဇွန်း

နှမ်းဆီ  –  စားပွဲဇွန်း ၃ ဇွန်း

နံနံပင်  –  အနည်းငယ်

နှမ်း  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကြက်သွန်ဖြူ ၅ မြွှာနဲ့ ငရုတ်သီးထည့် ထောင်းပါတယ်။ အစပ်စားလျှင် ပိုထည့်နိုင်ပါတယ်။

၂။       ပြီးလျှင် သကြား စားပွဲဇွန်း ၂ ဇွန်း ထည့်ပြီး ညက်အောင် ဆက်ထောင်းပါတယ်။

၃။       ပြီးလျှင် ဆီတိုဟူး အစပ် ၂ တုံးထည့်ပြီး ညက်အောင် ခဏထောင်းပါတယ်။

၎။       ပဲငံပြာရည်၊ ရှလကာရည်နှင့် နှမ်းဆီတို့ကိုလည်း ထည့်မွှေပေးပါ။

၅။       နောက်ဆုံးမှာ နှမ်းထည့်၊ နံနံပင်လှီးထား တာထည့်လျှင် ရပါပြီ။

၆။       အိမ်မှာတော့ Hot Pot လုပ်စားပြီး  Suki Sauce ၂ ဇွန်း လောက် ဆမ်းထည့်ပါတယ်။

၇။       အေးတဲ့အချိန်တွေမှာ ပူပူစပ်စပ်နဲ့ စားကောင်းလို့ လုပ်စားကြည့်စေချင်ပါတယ်။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments