Strong Purple

by Pyone for Food Magazine

          နောက်ထပ် ကော့တေးလ်လေးကတော့ ဘယ်ရီသီးအနှစ်ကလေးနဲ့ စပ်ထားတဲ့ ကော့တေးလ်လေးပါပဲ။ ဘယ်ရီသီးအနှစ်ကလေးကို ကော့ညက်ကလေးနဲ့ အချိုးကျကျစပ်ထားတာဖြစ်လို့ Taste လေးကတော့ မိန်းကလေးအကြိုက်ဖြစ်ဖို့ ပိုများပါတယ်။ ဒီကော့တေးလ်လေးကို ဖျော်ဖို့ဆိုရင်-

ပါဝင်သောပစ္စည်းများ

Cognac  –  60 ml

Triple Sec  –  30 ml

Berry Syrup  –  40 ml

Lime Juice  –  20 ml

          ဖျော်စပ်ဖို့အတွက်ဆိုရင်တော့ အရမ်းလွယ်ပါတယ်။ ပထမဦးစွာ ဖော်ပြပါ ဖန်ခွက်အမျိုးအစားထဲသို့ ရေခဲနှစ်တုံး၊ သုံးတုံးထည့်ပြီး ဖြစ်စေ၊ ရေခဲသေတ္တာထဲ ထည့်ထားပြီးဖြစ်စေ အအေးခံထားပါ။ ကော့ တေးလ်ဖျော်ပြီး ထည့်မယ်ဆိုရင် အေးအေးလေးနဲ့ ပိုသောက်လို့ ကောင်းတာပေါ့။ ပြီးပြီဆိုရင် ကော့တေးလ် Shaker တစ်လုံးထဲ ဖော်ပြပါ ပါဝင်ပစ္စည်းများကို သူ့အချိုးအစားအတိုင်း ထည့်ပြီးလျှင် ရေခဲ သုံးတုံး၊ လေးတုံးထည့်ကာ ခပ်ပြင်းပြင်းလေး ရှိတ်လိုက်ပါ။ ပြီးပြီဆိုလျှင် စောစောက ဖန်ခွက်ထဲက ရေခဲလေးတွေ ထုတ်ပြီး အသင့်သုံးဆောင်နိုင်ပါပြီနော်။ အရသာလေးက ဘယ်ရီနံ့သင်းသင်း ကလေးနဲ့ ကော့ညက်ရဲ့   ပြင်းရှရှအရသာကို  စိတ်ကျေနပ်ဖွယ် ခံစား နိုင်ပါပြီနော်။ နောက်ဆုံးအနေနဲ့ Garnish အနေနဲ့ သံပရာခွံသေး သေးလေးပဲဖြစ်ဖြစ်၊ ဘယ်ရီသီး အစစ်ရပြီဆိုရင်ပဲဖြစ်ဖြစ် ချိတ်ဆွဲပြီး အလှဆင်ဖို့ မမေ့ပါနဲ့ဦးနော်။

Facebook Comments