Strawberry Swirled Passion Fruit Smoothie

by Ko Zaw Phone for Food Magazine

          ဒီလမှာ ဖန်တီးပေးမယ့် အအေးကိုတော့ စတော်ဘယ်ရီသီးအနှစ်၊ ပင်မှည့်သီးအနှစ်နဲ့ ဒိန်ချဉ်တို့ကို အခြေခံပြီး ရေခဲပျစ်ပျစ်လေးနဲ့ Smoothie လေးကို ဖန်တီးမှာဖြစ်ပြီး အမည်ကိုတော့ Strawberry Swirled Passion Fruit Smoothie လို့ အမည်ပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

Strawberry Fruit Puree  –  0.5 oz

Passion Fruit Puree  –  2 oz

Yogurt  –  1 Table Spoon

Milk  –  4 oz

Ice

Mint Leaves & Strawberry Slices for Garnish

ပြုလုပ်ပုံအဆင့်ဆင့်များ

၁။       ပါဝင်ပစ္စည်းများအားလုံးဖြစ်သော စတော်ဘယ်ရီသီးအနှစ်၊ ပင်မှည့်သီး အနှစ်၊ ဒိန်ချဉ်၊ နွားနို့၊ ရေခဲများကို ကော်ဖီဘားသုံး ရေခဲမွှေစက်ထဲသို့ ထည့်ပြီး ရေခဲညက်ညောသည်အထိ မွှေပါ။

၂။       အပေါ်ဆုံးမှ ပူဒီနာအရွက်လေးများနှင့် စတော်ဘယ်ရီသီးကွင်းလေးများဖြင့် အလှဆင်ပါ။

Facebook Comments