Sour Cream Square (ဒိန်ချဉ်စကွဲ)

by Dexter Bistro for Food Magazine

          Sour Cream နဲ့ လုပ်တဲ့ မုန့်တိုင်း ကျွန်တော်က ခရေစီဖြစ်တာပါ။ အခု ဒီ Squrae ကို Sour Cream နဲ့ ကြက်ဥနည်းနည်း ပိုသုံးပြီး အရမ်းအရသာရှိအောင် လုပ်ပေးထားတယ်။ နောက်ရက်တွေ စားချိန်မှာ အဲဒီ Square မုန့်က ပိုပြီး အရသာရှိသလို မွမွလေး ရှိနေတုန်းပါပဲ။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၁  ၁/၂ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ထောပတ်  –  စားပွဲဇွန်း ၈ ဇွန်း

သကြား  –  ၁  ၁/၂ ခွက်

ဗနီလာအနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်ဥ  –  ၃ လုံး (အလုံးကြီး) (အခန်းအပူချိန်)

Sour Cream (ဒိန်ချဉ်)  –  ၁/၂ ခွက်

သကြားဖြူမှုန့် (Powder Sugar)  –  လိုသလောက် (ကိတ်ပေါ် ဖြူးရန်)

ပြုလုပ်နည်း

၁။       အိုးတစ်အိုးမှာ ဂျုံမှုန့်နှင့် ဘေကင်ပေါင်ဒါပွ ဆေးကို ရောနှောပြီး သမအောင် မွှေပါ။

၂။       နောက်အိုးတစ်အိုးမှာ ထောပတ်နှင့် သကြားကို ရောပြီး လျှပ်စစ်လက်မွှေတံနှင့် ဖြူပြီး ပွလာသည်အထိ ၃ မိနစ်ခန့် မွှေပါ။

၃။       ဗနီလာအနံ့ရည်နှင့် ကြက်ဥကို ရောထည့်ပြီး သမအောင် မွှေပါ။

၎။       Sour Cream ကို ရောထည့်ပြီး သမအောင် မွှေပါ။

၅။       ဂျုံမှုန့်အရောအနှောကို ရောထည့်ပြီး သမအောင် မွှေပါ။

၆။       မုန့်နှစ်ရည်ကို ပါ့ခ်ျမန်စက္ကူခင်းထားတဲ့ 8″ x 8″ Square Pan ထဲ လောင်းထည့်ပြီး မျက်နှာပြင်ကို ညီညာအောင် လုပ်ပေး ပါ။

၇။       အာဗင်ကို 350˚F (180˚C) ချိန်ပြီး ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို ၃၅ မိနစ်-၃၈ မိနစ်ခန့် ဖုတ်ပါ။

၈။       မုန့်ဖုတ်နေတုန်း မိနစ် ၂၀ အကြာမှာ မုန့် သားမျက်နှာပြင် ညိုလာလျှင် Aluminium Foil ကို မုန့်ဗန်းအပေါ် ဖွဖွလေးအုပ်ပေးပါ။

၉။       တုတ်တံချောင်းသေးတစ်ချောင်းနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ပြီး အထုတ်မှာ မုန့်သား ကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်က ထုတ်ပြီး အအေးခံကာ လေးထောင့် အညီ လှီး၍ သကြားဖြူမှုန့်ကို ကိတ်တုံး တွေအပေါ်  စိတ်ကြိုက်ဖြူးပြီး စားသုံးနိုင်ပါပြီ။

Facebook Comments